ကျောင်း ၃၇ ကျောင်းတွင် မူးယစ်ဆေးဝါးရောင်းချမှုဖြင့် တရုတ်သချင်္ာဆရာ ဖမ်းဆီးခံရ

ကျောင်း ၃၇ ကျောင်းတွင် မူးယစ်ဆေးဝါးရောင်းချမှုဖြင့် တရုတ်သချင်္ာဆရာ ဖမ်းဆီးခံရ

ပေကျင်း၊ ဇန်နဝါရီ ၂ ။             ။ အထက်တန်းကျောင်းဆရာတစ်ဦး ဦးဆောင်သော ဂိုဏ်းတစ်ခုကို အနည်းဆုံး တက္ကသိုလ်နှင့် စာသင်ကျောင်း ၃၇ ခုတွင် ဆေးခြောက်ရောင်းချမှုဖြင့် ရဲတပ်ဖွဲ့က ဖြိုခွင်းပြီးနောက် မူးယစ်ဆေးဝါးရောင်းချမှုအတွက် လူမှုမီဒီယာကို အသုံးချမှုမှာ မြင့်မားလာသည်ဟု တရုတ်ကပြောသည်။ အဆိုပါသတင်းကြောင့် မူးယစ်ဆေးသုံးသူလူငယ်အရေအတွက်   မြင့်မားလာမှုအပေါ် စိုးရိမ်မှုများ ကြီးထွားလာခဲ့သည်။

ပြည်နယ်အချို့တွင် ရဲတပ်ဖွဲ့က စီးနင်းမှုပြုလုပ်ခဲ့ပြီး မူးယစ်မှုဖြင့် သံသယရှိသူ ၂၃ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများတွင် အဆိုပါကျောင်းဆရာပါဝင်ပြီး ဆေးခြောက်ကီလိုဂရမ် ၂၀၀ကို ဖမ်းဆီးရမိခဲ့သည်ဟု ကမ်းရိုးတန်းမြို့ ဝန်ကျိုးရှိ ရဲတပ်ဖွဲ့က ယခုသီတင်းပတ်တွင် ထုတ်ပြန်သည်။ တရုတ် ရော့ခ်ဂီတ၏ ဘူမိနက်သန်ဟု ခေါ်ဆိုသည့် ကျောင်းတစ်ခုတွင် မူးယစ်ဆေးဝါးအလွဲသုံးမှုဖြင့် ကျောင်းသား ၁၆ ဦးကို ပေကျင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် တစ်လအကြာ ယခုအမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

မျိုးနွယ်အမည် စွန်ဟုသာ သိရသော စန်းတုံရှိ သင်္ချာဆရာသည်  ဟောင်ကောင်အပါအဝင် ပြည်နယ်နှင့် မြို့၃၁ ခုတွင် ဆေးခြောက်ရောင်းချခဲ့ပြီး မက်ဆေ့ဂျ်ပေးပို့သည့် အက်ပလီကေးရှင်းများဖြစ်သည့် WeChat နှင့် QQ တို့ကဲ့သို့ လူမှုမီဒီယာများမှ တဆင့်ရောင်းချခဲ့သည်ဟု ချန်ကျန်းညနေခင်းသတင်းက ဒီဇင်ဘာ ၃၀တွင် ဖော်ပြခဲ့သည်။

အသက် ၃၂နှစ်အရွယ် စွန်သည် ဖြန်ဖြူးသူများ၊ ဝယ်ယူသူများနှင့် ဆက်သွယ်ရာတွင် လျို့ဝှက်သင်္ကေတစကားလုံးများကို အသုံးပြုခဲ့သည်။ မူးယစ်ဆေးသုံးများကို ပိုင်းလော့များဟုခေါ်ဆိုခဲ့ပြီး   ရောင်းချသူများကို ကပ္ပတိန်များဟု ခေါ်ဆိုခဲ့ည်။ မူးယစ်ဆေးဝါးအဆင့်အတန်းအမျိုးမျိုးကို ရည်ညွှန်းသော white snow, pineapple ကဲ့သို့ စကားလုံးများကိုလည်း သုံးစွဲကြသည်ဟု သတင်းဝက်ဘ်ဆိုက် The Paper တွင်ဖော်ပြထားသည်။

အုပ်စုဝင်များသည် စွန်ထံမှ မူးယစ်ကြော်ငြာများကိုကြည့်ကာ ပုဂ္ဂလိကမက်ဆေ့ဂျ်များမှ မှာယူကြသည်ဆိုသည်။

စွန်၏ထံတွင် ဖြန့်ဖြူးသူ တစ်ဒါဇင်ရှိပြီး ၎င်းတို့အနက် အငယ်ဆုံးမှာ အသက် ၁၆ နှစ်အရွယ်ရှိ အလယ်တန်းကျောင်းသူတစ်ဦးပါဝင်သည်။ ၎င်းအားလွန်ခဲ့သည့်နှစ် ဇွန်လက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ စွန်ထံမှ ကျောင်းသားမည်မျှဝယ်ယူခဲ့သည်ကိုမူ မသိရသေးပေ။ သို့သော်လည်း ပါဝင်ပတ်သက်နေသည့် တက္ကသိုလ်နှင့် စာသင်ကျောင်းအရေအတွက်က ထိတ်လန့်ဖွယ်ကောင်းသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly