၂၀၁၅ MBC ဒရမ်မာဆုပေးပွဲတွင် အောင်ပွဲခံခဲ့တဲ့ မင်းသမီး ဟွမ်ဂျောင်အမ်

၂၀၁၅ MBC ဒရမ်မာဆုပေးပွဲတွင် အောင်ပွဲခံခဲ့တဲ့ မင်းသမီး ဟွမ်ဂျောင်အမ်

တောင်ကိုရီးယား မင်းသမီး ဟွမ်ဂျောင်အမ်သည် ၂၀၁၅ MBC ဒရမ်မာ ဆုပေးပွဲတွင် ဆုလေး ဆု ဆွတ်ခူးခဲ့ကာ အောင်ပွဲခံခဲ့သည်။

၂၀၁၅  MBC ဒရမ်မာ ဆုပေးပွဲတွင် ဟွမ်ဂျောင်အမ်သည် ဒရမ်မာ ဇာတ်ကားများဖြင့် အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆု၊ 10 Stars Awrad ဆု ၊ လူကြိုက်အများဆုံးဆုနှင့် ထုတ်လုပ်သူများ မဲပေးရွေးချယ်သော အကောင်းဆုံး သရုပ်ဆောင် မင်းသမီးဆု စုစုပေါင်း ဆုလေး ဆုကို ဆွတ်ခူး ရရှိခဲ့သည်။

“ကျွန်မအနေနဲ့ “Kill Me, Heal Me” ဇာတ်ကားမှာ သရုပ်ဆောင်တာကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ကျွန်မ ဇာတ်ညွန်းကို နားမလည်ခဲ့ရင် သရုပ်ဆောင်လို့ ရမှာမဟုတ်ပါဘူး။ ဒါရိုက်တာ တွေက ဇာတ်ညွန်းနားလည်အောင်  အချိန်တစ်နာကျော်ကြာ ကူညီပေးခဲ့တယ်။ ကျွန်မ “She Was Pretty” ဇာတ်ကားမှ လုပ်ဖော်ကိုင်ဖက်များ၊ အေဂျင်စီ၊ မိဘများနဲ့ လုပ်ဖော်ကိုင်ဖက်များကိုလည်း ကျေးဇူးတင် ပါတယ်” ဟု ဟွမ်ဂျောင်အမ်က ပြောကြားခဲ့သည်။

“Kill Me, Heal Me” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော ဂျီဆောင် Grand Prize  ဆုကို ရရှိသည့်အတွက် ပျော်ရွှင်ရပါကြောင်းနှင့် ဂျီဆောင်သည် ယင်းဇာတ်ကားတွင် ခက်ခက်ခဲခဲ သရုပ်ဆောင်ခဲ့ရကြောင်း ဟွမ်ဂျောင်အမ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly