ဟယ်ရီစတိုင်လ်နှင့် ကန်ဒဲလ်ဂျန်နာတို့ ပြန်တွဲနေပြီဟု ကောလဟာလ သတင်းများ ထွက်ပေါ်

ဟယ်ရီစတိုင်လ်နှင့် ကန်ဒဲလ်ဂျန်နာတို့ ပြန်တွဲနေပြီဟု ကောလဟာလ သတင်းများ ထွက်ပေါ်

One Direction  အဖွဲ့ဝင် ဟယ်ရီစတိုင်လ်နှင့် ကန်ဒဲလ်ဂျန်နာတို့ကို ဒီဇင်ဘာ ၂၉ ရက်ညက  အန်ဂူလာရှိ ကာရေဘီယမ်ကျွန်းပေါ်ရှိ ဘလန်ချက်ဒ် စားသောက်ဆိုင်တွင် ညစာအတူစားနေသည် ကို တွေ့ရှိခဲ့ဲပြီးနောက် ၎င်းတို့နှစ်ဦး တွဲနေသည်ဟူသော ကောလဟာလ သတင်းများ ထွက်ပေါ်လာ သည်။

ဟယ်ရီစတိုင်လ်နှင့် ကန်ဒဲလ်ဂျန်နာတို့ နှစ်ဦးသည် အားလပ်ရက်ခရီး အတူထွက်ခဲ့ကြပြီး ၎င်းတို့နှစ်ဦးကို ယင်းကျွန်းပေါ်တွင် နှစ်သစ်ကူးနေ့၌ မြင်တွေ့ရမည်ဖြစ်ကြောင်း E! မဂ္ဂဇင်းတွင် ပြောကြားသည်။
ဟယ်ရီသည်  စားသောက်ဆိုင်တွင် ပရိတ်သတ်များနှင့်အတူ ဓာတ်ပုံရိုက်ခဲ့ကြကြောင်းနှင့် ဟယ်ရီနှင့် ဂျန်နာတို့နှစ်ဦးသည် ၎င်းနှင့် ကပ်လျက်စားပွဲတွင် ညစာစားခဲ့ကြကြောင်း စောင့်ကြည့် အကဲခတ် သူတစ်ဦးက ပြောကြားသည်။

ဟယ်ရီနှင့် ဂျန်နာတို့နှစ်ဦးကို ၂၀၁၃ ခုနှစ်က အတူတွေ့ရှိခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး တွဲနေသည် ဟူသော ကောလဟာလများ ပထမဆုံးအကြိမ် ထွက်ပေါ်ခဲ့သည်။၂၀၁၃ ခုနှစ်က One Direction  အဖွဲ့နှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပီရက်စ်မော်ဂန်က ဟယ်ရီကို ကင်ဒဲလ်ဂျန်နာနှင့် တွဲနေသည်မှာ ဟုတ်မဟုတ် မေးမြန်းခဲ့ရာ ဟယ်ရီက “ကင်ဒဲလ်နှင့် ညစာ ထွက်စားခဲ့တာပါ။ ကျွန်တော်တို့ တွဲနေတာ မဟုတ်ပါဘူး” ဟုသာ ဖြေကြားခဲ့သည်။

တွဲနေကြသည်ဟု ကောလဟာလသတင်းများ ထွက်နေသော်လည်း ဟယ်ရီနှင့် ကင်ဒဲလ်ဂျန် နာတို့ နှစ်ဦးသည် ၎င်းတို့၏ ဆက်ဆံရေးကို ဘယ်တုန်းကမှ တရားဝင် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပဲ သူငယ်ချင်းများသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly