လိပ်ကျွန်းအမှုအတွက် ရခိုင်အမျိုးသားပါတီမှ ထိုင်းဘုရင်နှင့် ဝန်ကြီးချုပ်ထံ မေတ္တာရပ်ခံစာပို့

လိပ်ကျွန်းအမှုအတွက် ရခိုင်အမျိုးသားပါတီမှ ထိုင်းဘုရင်နှင့် ဝန်ကြီးချုပ်ထံ မေတ္တာရပ်ခံစာပို့

ရန်ကုန်၊ဒီဇင်ဘာ ၃၁ ။            ။ ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ပေးခံခဲ့ရသည့် မြန်မာနှစ်ဦး၏အမှုအား ပြန်လည် စစ်ဆေးပေးရန် ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက ထိုင်းဘုရင်မင်းမြတ်နှင့် ထိုင်းဝန်ကြီး ချုပ်တို့ထံသို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်း မေတ္တာရပ်ခံစာကို ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က လက်မှတ်ရေးထိုးကာ ဒီဇင် ဘာလ ၃၁ ရက်နေ့က ထိုင်းသံရုံးမှတစ်ဆင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

" တရားမျှတသည့် ဆုံးဖြတ်ချက်ဖြစ်စေရန် မျှတသော စုံစမ်းစစ်ဆေးမှုနှင့် အတူ အမှုအား စေ့စပ်စွာပြန်လည် သုံးသပ်ပေးရေးအတွက် ဘုရင်မင်းမြတ်၏ မွန်မြတ်သောနှလုံးသားမှ အမျှော်အမြင်ရှိသော စဉ်းစားမှုအတွက် ကျွန်တော်တို့က မေတ္တာရပ်ခံလွှာကို တင်သွင်းပါသည်" ဟု မေတ္တာရပ်ခံစာတွင် ဖော်ပြပါရှိသည်။

ထို့ပြင် မည်သူမဆို အပြစ်ရှိကြောင်း သက်သေမပြနိုင်ခင်တွင် အပြစ်ကင်းသည်ဆိုသည့် အဆိုအမိန့်သည် မည်သည့် တရားခွင်ကမဆို လိုက်နာရမည့် အမြင့်ဆုံးသက်သေပြချက်စံဖြစ်ပြီး ယခုအမှုတွင် ယင်းစံနှင့် ကိုက် ညီမှုမရှိဟု ရိုးသားစွာ ယုံကြည်ကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါ မေတ္တာရပ်ခံစာ နှစ်ဆောင်အား ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အပါအဝင် ယင်း ပါ တီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်  ၆ ဦး၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ၇ ဦးတို့က ပါဝင် လက် မှတ်ရေးထိုးကာ ပူးတွဲပေးပိုခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly