အင်ဒိုနီးရှားတွင် သွေးသားမတော်စပ်သည့် ယောကျ်ားနှင့် မိန်းမ အတူတွဲလျှောက်မိ၍ ကြိမ်ဒဏ် စီရင်ခံရ

အင်ဒိုနီးရှားတွင် သွေးသားမတော်စပ်သည့် ယောကျ်ားနှင့် မိန်းမ အတူတွဲလျှောက်မိ၍ ကြိမ်ဒဏ် စီရင်ခံရ

ဂျကာတာ၊ ဒီဇင်ဘာ - ၃၁ ။            ။ ရဲအရာရှိတစ်ယောက်၏ ပြောကြားချက်အရ အင်ဒိုနီးရှား၊ ဘန်ဒါ အာချေးပြည်နယ်တွင် သွေးသားမတော်စပ်သည့် အပြင်တွင် တွဲလျှက်တွေ့ရှိရသည့် သွေးသား မတော်စပ်သည့် ယေကျ်ားနှင် မိန်းမစုံတွဲမှာ ရှာရီးယားဥပဒေကို ချိုးဖောက်ရာရောက်သဖြင့် ၎င်းတို့နှစ်ဦးကို လူမြင်ကွင်းတွင်ပင် ကြိုးပေးခဲ့သည်ဟု ဆိုသည်။

တနင်္လာနေ့ကလည်း အခြား၄ဦးကို တရားဝင်အပြစ်ပေးသည့် ပုံစံအတိုင်း ကြိမ်ဒဏ်ပေးခဲ့သည်ဟု ရှာရီးယားဥပဒေကို ချိုးဖောက်သူများကို လိုက်လံရှာဖွေ အပြစ်ပေးနေသည့် အဖွဲ့ခေါင်းဆောင် ရဲအရာရှိက ပြောကြားခဲ့သည်။

အဆိုပါပြည်နယ်တွင် လက်ထပ်ထားခြင်းမဟုတ်သည့် ယောကျ်ားနှင့် မိန်းမများကို စုံတွဲသွားခွင့်ကို ပိတ်ပင်မှုအပါအဝင် တင်းကျပ်သော အစ္စလာမ်ဥပဒေများဖြင့် အုပ်ချုပ်နေသည်။

နှစ်လအလွန်ကလည်း မိန်းမတစ်ယောက်နှင့် ယောကျ်ားတစ်ယောက်တို့ကို ဧည့်ရိပ်သာတစ်ခုတွင် အတူတွဲတွေ့ရသောကြောင့် အာဏာပိုင်များက ဖမ်းဆီးပြီး တရားသူကြီးက ကြိမ်ဒဏ်စီရင်စေခဲ့သည်ဟု ရှာရီးယားရဲတပ်ဖွဲ့ အကြီးအကဲ ယူစနာဒီက ပြောကြားခဲ့သည်။ အခြား လူ၄ယောက်ကိုမူ လောင်းကစားလုပ်သည့်အတွက် ကြိမ်ဒဏ် အပြစ်ပေးခဲ့ခြင်းဖြစ်သည်ဟု ယူဆာဒီက ထပ်လောင်းပြောကြား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly