မြန်မာသံရုံးနှင့် ထိုင်းရှေ့နေများကောင်စီပူးပေါင်း၍ လိပ်ကျွန်းအမှုမှန်ပေါ်အောင် အစွမ်းကုန်ကြိုးစားမည်

မြန်မာသံရုံးနှင့် ထိုင်းရှေ့နေများကောင်စီပူးပေါင်း၍ လိပ်ကျွန်းအမှုမှန်ပေါ်အောင် အစွမ်းကုန်ကြိုးစားမည်

ရန်ကုန်၊ဒီဇင်ဘာ ၃၁ ။           ။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ထိုင်းရှေ့နေများကောင်စီပူးပေါင်း၍ ထိုင်းနိုင်ငံ တောင်ပိုင်းလိပ်ကျွန်းလူ သတ်မှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သေဒဏ်ချမှတ်ခံထားရသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ အယူခံဝင်နိုင်ရေး ရှေ့လုပ် ငန်း စဉ်များ ဆောင်ရွက်နိုင်ရန် မြန်မာ သံအမတ်ကြီးအပါအဝင် သံရုံးမှ တာဝန်ရှိသူးများနှင့် ထိုင်းရှေ့ နေများ ကောင်စီ တို့သည် ဒီဇင်ဘာလ ၃၀ ရက်နေ့က တွေ့ဆုံကာ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိုနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ် သား နှစ်ဦးအား ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီတရားရုံးက သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး အမိန့် ချမှတ်ခဲ့မှုအပေါ် အငြင်းပွားမှုများလည်း ဖြစ်ပေါ်နေခြင်းဖြစ်သည်။

မြန်မာသံအမတ်ကြီးအပါအဝင် သံရုံးမှတာဝန်ရှိသူများသည် အမှုစီရင်ချက်နှင့် ပတ်သက်ပြီး ဥပဒေကြောင်း အရ ထိုင်းတရားစီရင်ရေး လုပ်ထုံးလုပ်နည်နှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ထိုင်းရှေ့နေများ ကောင်စီနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြပြီး ထပ်မံတွေ့ရှိရသည့် သက်သေ အ ထောက် အထားများ၊ တင်ပြနိုင်ခြင်း မရှိခဲ့သည့် အထောက်အထားကို ထိုင်းရှေ့နေများ ကောင်စီကို ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နိုင်င့တော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက "လက်ရှိ ထိန်းသိမ်းထားတဲ့ "နခွန်စီဌာမာရ" အကျဉ်းထောင်ကနေ ဘန်ကောက်မှာ ရှိတဲ့အကျဉ်းထောင်ကို ရွှေ့ပြောင်းနိုင် ဖို့ကြိုးပမ်းမှာ ဖြစ်ပါတယ်။ ဒါမှလည်း ပုံမှန်သွားရောက် တွေ့ဆုံပြီး လိုအပ်တာတွေ ပံ့ပိုး ကူညီပေးနိုင်မှာ ဖြစ်ပါတယ်"ဟု သူ ၏ လူမှုကွန်ယက်စာမျက်နှာတွင် ပြောကြားထားသည်။

ထိုင်းရှေ့နေများကောင်စီအနေဖြင့် တရားခွင်တွင်  တင်ပြခဲ့သမျှ အားနည်းချက် အားသာချက်များကို အသေး စိတ် ပြန်လည်လေ့လာပြီး အမှုမှန် ပေါ်ပေါက်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် သွားမှာ ဖြစ်ကြောင်း သိရသည်။

ထိုင်းရှေ့နေများကောင်စီအနေနဲ့ ယခုအမှုနှင့်ပတ်သက်၍ အဖွဲ့(၃)ဖွဲ့ ဖွဲ့စည်းထားပြီး တရားရုံးမှ အမိန့်ချသည့် နေ့မှစကာ လုပ်ငန်းကော်မတီအဖွဲ့ခွဲအနေဖြင့် အချက်အလက်များ စုဆောင်းနေပြီး ဇန်နဝါရီလ ၁၁ ရက်နေ့တွင့် ဗဟိုလုပ်ငန်းကော်မတီအဖွဲ့သို့ တင်ပြဆွေးနွေးသွားမည် ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန် မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Pisanu Suvanajata အား ဒီဇင်ဘာလ ၂၉ရက်နေ့  နံနက်ပိုင်း တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်ယူတွေ့ဆုံခဲ့ပြီး သေဒဏ်ချမှတ်ခံခဲ့ရသည့် မောင်ဝင်းဇော်ထွန်းနှင့် မောင် ဇော်လင်းတို့ (၂)ဦးအတွက် ထိုင်း နိုင်ငံ၏ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများနှင့် အညီ အဆင့်ဆင့် အယူခံဝင်သွားမည် ဖြစ်ပြီး ယခုကိစ္စနှင့် ဆက်စပ်၍ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံ သားများပေါ်သို့ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု မရှိစေရန် ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly