ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် စစ်တပ်တို့ကြား အရေးပေါ်ဆက်သွယ်ရေးလိုင်း ထားရှိ

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် စစ်တပ်တို့ကြား အရေးပေါ်ဆက်သွယ်ရေးလိုင်း ထားရှိ

ကဘူးလ်၊ ဒီဇင်ဘာ ၃၁ ။             ။ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့အကြား နယ်စပ်တင်းမာမှုများကို လျှော့ချနိုင်ရန် သက်ဆိုင်ရာစစ်တပ်မှူးများကြား အရေးပေါ်ဆက်သွယ်ရေး Hotline ကို ထားရှိပြီဖြစ်သည်။

အရေးပေါ်လိုင်းက နှစ်နိုင်ငံကြားတွင် ပထမဆုံးဖြစ်ပြီး နယ်စပ်တစ်လျှောက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက်ဖြစ်ကြောင်း ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အရေးပေါ်လိုင်း ထားရှိခြင်းကို ကဘူးလ်သို့ ပါကစ္စတန် စစ်တပ်အကြီးအကဲ ရာဟီးလ်ရှာရစ် အလည်အပတ်ရောက်စဉ် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

ကြီးထွားလာလျက်ရှိသည့် တာလီဘန်ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန်အတွက် နှစ်နိုင်ငံကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုက အရေးတကြီး လိုအပ်နေခြင်းဖြစ်သည်။

အကြမ်းဖက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသော စစ်သွေးကြွများက ပါကစ္စတန်တွင် အခြေစိုက်ထားကြကြောင်း ယခုလအစောပိုင်းက အာဖဂန်နစ္စတန် သမ္မတဂါနီက အပြစ်ပြောခဲ့သည်။

ထိုပြင် အာဖဂန်တာလီဘန်များကို ပါကစ္စတန်က နောက်ကွယ်မှ ထိန်းချုပ်လျက်ရှိကြောင်းလည်း အာဖဂန်နစ္စတန်နိုင်ငံဖက်က မကြာခဏ စွပ်စွဲတတ်သည်။

တာလီဘန်ခေါင်းဆောင်များကို လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်များ ပါကစ္စတန်နိုင်ငံက ခွင့်ပြုလျက်ရှိကြောင်း အာဖဂန်ဖက်က စွပ်စွဲခြင်းဖြစ်သည်။ သို့သော် စစ်သွေးကြွများနှင့် အဆက်အသွယ် ရှိသော်လည်း အာဖဂန်နိုင်ငံက စွပ်စွဲသကဲ့သို့ မဟုတ်ကြောင်း ပါကစ္စတန်နိုင်ငံက ငြင်းဆန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly