ပြင်သစ် သမ္မတ အဆက်ဆက်ကို အမေရိကန်က သူလျှိုထောက်လှမ်းခဲ့ဟု ဝီကီလိခ်ဖွင့်ချ

ပြင်သစ် သမ္မတ အဆက်ဆက်ကို အမေရိကန်က သူလျှိုထောက်လှမ်းခဲ့ဟု ဝီကီလိခ်ဖွင့်ချ

(ဝါရှင်တန်)။ ။ ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ပြင်သစ် သမ္မတများဖြစ်ကြသည့် ဂျက်ကွက်စ်ချီရတ်၊ နီကိုလပ်ဆာကိုဇီနှင့် ဖရန့်စွာအော်လွန်း တို့ကို အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA) က သူလျှိုလုပ်ထောက်လှမ်းခဲ့ကြောင်း ဝီကီလိခ်က ထုတ်ဖော်သည်။

အမေရိကန် သံရုံး၏ သတင်းအချက်အလက်ကို ဖွင့်ချခဲ့သည့် ဝီကီလိခ်ဝက်ဘ်ဆိုက်က NSA မှ "ထိပ်တန်း
ထောက်လှမ်းရေး အစီရင်ခံစာနှင့် နည်းပညာမှတ်တမ်းများ” ကို ကိုးကားဖော်ပြခဲ့ခြင်း ဖြစ်သည်။

အမေရိကန်က ဝီကီလိခ်၏ ယခုထုတ်ဖော်ချက်နှင့် ပတ်သက်ပြီး ထင်မြင်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ ပြင်သစ် သမ္မတ
အော်လန်းက ယခုပြဿနာနှင့် ပတ်သက်ပြီး ဇွန် ၂၄တွင် ကာကွယ်ရေးကောင်စီအစည်းအဝေးခေါ်ရန် စီစဉ်လိုက်ကြောင်း တာဝန်ရှိသူ တစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။

၂၀၁၃ ခုနှစ်အတွင်းကလည်း NSA က ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကိုလည်း သူလျှိုထောက်လှမ်းခဲ့ကြောင်း စွပ်စွဲခံထားရသည်။

ဝီကီလိခ်က ပြင်သစ်သမ္မတအိမ်တော် အီလီစီးကို ထောက်လှမ်းခြင်း "Espionnage Elysee" ဟု နာမည်တပ်ထားသည့်
ထောက်လှမ်းရေးဖိုင် မှတ်တမ်းများကို စပြီး ဖွင့်ချပြီဖြစ်ကြောင်း ဇွန် ၂၃ ရက်က ပြောခဲ့သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly