Mororhead ရော့ခ်တေးဂီတ အဖွဲ့ခေါင်းဆောင် လမ်မီ ကင်ဆာရောဂါဖြင့် ကွယ်လွန်

Mororhead ရော့ခ်တေးဂီတ အဖွဲ့ခေါင်းဆောင် လမ်မီ ကင်ဆာရောဂါဖြင့် ကွယ်လွန်

ဗြိတိန် ရော့ခ်တေးဂီတအဖွဲ့ Motorhead အဖွဲ့ခေါင်းဆောင် လမ်မီသည် ကင်ဆာရောဂါဖြင့် ဒီဇင်ဘာ ၂၈ ရက်က ကွယ်လွန်ခဲ့ကြောင်းနှင့် ကွယ်လွန်ချိန်တွင် အသက် ၇၀ ရှိပြီ ဖြစ်သည်။

Motorhead ရော့ခ်တေးဂီတအဖွဲ့က ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် လမ်မီ ကွယ်လွန် သွားသည့် သတင်းကို တင်ခဲ့ရာ မိနစ်ပိုင်းတွင် ပရိတ်သတ်များနှင့် မိတ်ဆွေသူငယ်ချင်းများက ၎င်းတို့လည်း ထပ်တူ ဝမ်းနည်း ကြေကွဲရပါကြောင်း ရေးသားခဲ့ကြသည်။

လမ်မီ၏ နာမည်အရင်းမှာ အီရန်ဖရေဆာကီလ်မစ်တာဖြစ်ပြီး  ၁၉၄၅ ခုနှစ် ခရစ္စမတ် အကြိုနေ့တွင် စတန်းဖို့ဒ်ရှိုင်းယားဒေသ၌ မွေးဖွားခဲ့သည်။ လမ်မီသည် အသက် ၁၆ နှစ်အရွယ်က  Cavern Club တွင် The Beatles ရော့ခ်တေးဂီတအဖွဲ့ ဖျော်ဖြေမှုကို ကြည့်ရှုခဲ့ပြီးနောက် တေးဂီတ ပညာရှင်ဖြစ်လာရန် စိတ်အားထက်သန်ခဲ့သူ တစ်ဦးဖြစ်သည်။

လမ်မီသည် ၁၉၇၂ ခုနှစ်က Hawkwind ရော့ခ်တေးဂီတအဖွဲ့တွင် ဘေ့စ်ဂီတသမားနှင့် တေးဂီတ အဆိုတော်အဖြစ် ပါဝင်ခဲ့ကြောင်းနှင့် ယင်းနှစ်နှောင်းပိုင်းက Hawkwind အဖွဲ့သည် “ Silver Machine” တေးသီချင်းဖြင့် ဗြိတိန်တေးဂီတ ဇယားတွင် နံပါတ် ၃ နေရာမှ ရပ်တည်ခဲ့သည်။

လမ်မီသည် ၁၉၇၅ ခုနှစ်တွင် Motorhead ရော့ခ်တေးဂီတအဖွဲ့ကို တည်ထောင်ခဲ့ပြီး အဖွဲ့ သက်တမ်းတစ်လျှောက် စတူဒီယို တေးအယ်လ်ဘမ် အချပ် ၂၀ ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း အချပ်ရေ သန်း ၃၀ ကျော် ရောင်းချနိုင်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်က Motrohead အဖွဲ့၏ “Ace of Spades” တေးသီချင်း အယ်လ်ဘမ်သည် အထူးတလည် အောင်မြင်မှုရရှိခဲ့သည့် တေးအယ်လ်ဘမ် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags