အမျိုးသမီးများမောင်းနှင်သည့် မော်တော်ဆိုင်ကယ် တက္ကစီများကို အင်ဒိုနီးရှားမွတ်စလင် အမျိုးသမီးများကြိုဆို

အမျိုးသမီးများမောင်းနှင်သည့် မော်တော်ဆိုင်ကယ် တက္ကစီများကို အင်ဒိုနီးရှားမွတ်စလင် အမျိုးသမီးများကြိုဆို

ဂျာကာတာ၊ ဒီဇင်ဘာ ၃၀ ။         ။ အမျိုးသမီးများမောင်းနှင်သော မော်တော်ဆိုင်ကယ်တက္ကစီများက အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာတွင် ယာဉ်ကျောထူထပ်သည့်ကြားမှ ဥဒဟိုပြေးလွှားလျက် ရှိသည်။

မွတ်စလင်နိုင်ငံတွင် အမျိုးသားများသာ ကြီးစိုးသော မောင်းနှင်မှုတွင် အမျိုးသမီးများအတွက် ယင်းကဲ့သို့ နှစ်ဘီးတပ်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ပေါ်လာခြင်းက ထူးခြားသည့်ဖြစ်ထွင်းမှု တစ်ခုဖြစ်သည်။

မော်တော်ဆိုင်ကယ်တက္ကစီရွေးချယ်စရာသစ် အများအပြားမှာ လွန်ခဲ့သည့်နှစ်က လူ၁၀ သန်းနေထိုင်သော ဂျာကာတာတွင် ပေါ်လာသည်။ လုပ်ငန်းကို လူသိများသော Go-Jek ဝန်ဆောင်မှုလုပ်ငန်းက ဦးဆောင်သည်။ ကြီးထွားလာသည့် လူလတ်တန်းစားများအတွက် သယ်ယူပို့ဆောင်ရေးတွင် ရွေးချယ်စရာပိုမိုများပြားလာသည်။

စပ်တူ စီးနင်းမှုအတွက် အက်ပလီကေးရှင်း Uber နှင့် စမတ်ဖုန်းများမှ ငှားရမ်းနိုင်ခြင်းတို့မှ အများအပြားအတုယူထားသည့် ယင်းဝန်ဆောင်မှုလုပ်ငန်းများမှာ အိုဂျက်စ်ဟု ခေါ်ဆိုသော ရိုးရာအစဉ် အလာ မော်တော်ဆိုင်ကယ်တက္ကစီများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ယင်းအိုဂျက်စ်များကို နေရာတကာတွေ့နိုင်သော်လည်း ပုံစံမသေသပ်မှု၊ အန္တရာယ်ရှိသော မောင်းနှင်သူများနှင့် မခန့်မှန်းနိုင်သော ဈေးနှုန်းသတ်မှတ်ခြင်းတို့ကြောင့် ဝေဖန်ခံနေရသည်။

ကမ္ဘာပေါ်တွင် မွတ်စလင်အများဆုံးရှိသော အင်ဒိုနီးရှားနိုင်ငံတွင် ဘာသာကိုင်းရှိုင်းမှုနှစ်များစွာ ကြီးထွားလာပြီးနောက် အမျိုးသမီးမောင်းနှင်သူများနှင့် ဝန်ဆောင်မှုလုပ်ငန်းအချို့ ၂၀၁၅ တွင် ဈေးကွက် ထဲသို့ဝင်လာသည်။ ထို့အပြင် အမျိုးသားမော်တော်ဆိုင်ကယ်တက္ကစီမောင်းနှင်သူများက အမျိုးသမီးများကို တိုက်ခိုက်မှုရှိသည်ဆိုသည့် သတင်းများကြောင့် အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ စိုးရိမ်မှု များမြင့်မားနေချိန်လည်းဖြစ်သည်။

မွတ်စလင်အမျိုးသမီးဦးရေများပြားလာမှုနှင့် အတူ အမျိုးသမီးများမောင်းနှင်သော မော်တော်ဆိုင်ကယ်များကို အမျိုးသမီးများစီးခြင်းက လက်ထပ်ထားသည့်စုံတွဲများမှလွဲ၍ ဆန့်ကျင်ဘက်လိင်များကြား နီးကပ်စွာထိတွေ့မှုကို တင်းကျပ်စွာတားမြစ်ထားသည့် အစ္စလာမ်ဘာသာ၏ဖွင့်ဆိုချက်ကိုလည်း လိုက်နာရာရောက်သည်။

"အမျိုးသမီးတွေအတွက် သယ်ယူပို့ဆောင်ရေးလိုအပ်ချက်က ကြီးမားပါတယ်။ အထူးသဖြင့် ပြစ်မှုနဲ့ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနှုန်းတွေမြင့်မားတဲ့ မြို့ကြီးတွေမှာပေါ့"ဟု မော်တော်ဆိုင်ကယ်တက္ကစီ ကုမ္ပဏီ Ojek Syari အားပူးတွဲတည်ထောင်သူ အဲဗီလီတာအေဒရီယာနီက အေအက်ဖ်ပီသို့ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly