နှစ်သစ်ကူးတိုင်း အစိုးရနှင့် ၀န်ကြီးများကို နာမည်ပြောင်ပေးခြင်း ထုံးစံက စစ်အာဏာသိမ်းအစိုးရအတွက် ရယ်မောစရာဖြစ်လိမ့်မဟုတ်ဟု ထိုင်းမီဒီယာများ ဆုံးဖြတ်

နှစ်သစ်ကူးတိုင်း အစိုးရနှင့် ၀န်ကြီးများကို နာမည်ပြောင်ပေးခြင်း ထုံးစံက စစ်အာဏာသိမ်းအစိုးရအတွက် ရယ်မောစရာဖြစ်လိမ့်မဟုတ်ဟု ထိုင်းမီဒီယာများ ဆုံးဖြတ်

ဘန်ကောက်၊ ဒီဇင်ဘာ ၃၀ ။           ။ နှစ်သစ်ကူးကာလတိုင်း ထိုင်းနိုင်ငံက ထိပ်တန်းနိုင်ငံရေး ဂျာနယ်လစ်များက အစိုးရနှင့် ဝန်ကြီးဖြစ်သူများအား နာမည်ပြောင်များ မှည့်ခေါ်ပေးတတ်ကြသည့် ထုံးစံရှိသည်။ သို့သော် ယခုနှစ်အတွက် အစိုးရပိုင်းအကြီးအကဲများကို နာမည်ပြောင်များ ပေးဖို့ရန်မှာ စစ်အစိုးရဖြစ်နေခြင်းကြောင့် ရယ်စရာဖြစ်လာမည်မဟုတ်ဟု ရွံ့တွန့်တွန့် ဖြစ်နေကြသည်။

ထိုင်းနိုင်ငံရေးအသိုင်းအဝန်းအကြောင်း ရေးသားဖော်ပြသည့် သတင်းသမားများအတွက် ယင်းသို့ နာမည်ပြောင်ပေးခြင်းက ရှားရှားပါးပါးလုပ်ရပ်ဖြစ်သည်။ စစ်အာဏာသိမ်းမှုများ ဖြစ်ပွားလေ့ ရှိသည့် နိုင်ငံတွင် လမ်းပေါ်ဆူပူဆန္ဒပြမှုများ၊ အစိုးရပြိုလဲခြင်းများရှိနေပြီး အသေရေဖျက်မှုမြောက်သည့် ရာဇဝတ်မှုဖြင့်လည်း ငြိစွန်းနိုင်သည့် လုပ်ရပ်ဖြစ်သည်။

သို့သော် ယခုနှစ်တွင် အစိုးရအိမ်တော်သတင်းပြန်ကြားရေးကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ်ချန်အိုချာ၏ ကက်ဘိနက်အစိုးရသည် ဒီမိုကရေစီစနစ်အရ သာမန်အတိုင်း ရွေးကောက်ခံ ရခြင်းမဟုတ်ဘဲ အခြေအနေအရ အာဏာရယူရခြင်းကြောင့် မီဒီယာများ၏ နာမည်ပြောင်ပေးခြင်းဓလေ့အပေါ် နှုတ်ဆိတ်၍သာ နေမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အစိုးရအိမ်တော်သတင်းပြန်ကြားရေးကော်ပိုရေးရှင်းအနေဖြင့် အာဏာသိမ်းအစိုးရနှင့်အတူ ယင်းမီဒီယာထုံးစံအတွက် သာမန်အတိုင်းပင် ယူမှတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“၂၀၁၅ နာမည်ပြောင်ပေးခြင်း ထုံးစံဓလေ့ကို ကျော်လွှားလိုက်ခြင်းကြောင့် ထိုင်းလူအဖွဲ့အစည်းအတွင်း ဖြစ်တည်နေဆဲ ပဋိပက္ခများ ထပ်မံတိုးပွားလာခြင်းမျိုးကိုလည်း မလိုလားသကဲ့သို့  အုပ်စုအဖွဲ့အစည်းတစ်ချို့၏ နိုင်ငံရေးအရ အသုံးချခြင်းမျိုး ဖြစ်လာမည်ကိုလည်း မလိုလားပါကြောင်း”ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly