လီမင်ဂျောင်နှင့် ရိန်းတို့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲသစ်တွင် ပါဝင် သရုပ်ဆောင်သွားမည်

လီမင်ဂျောင်နှင့် ရိန်းတို့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲသစ်တွင် ပါဝင် သရုပ်ဆောင်သွားမည်

တောင်ကိုရီးယား မင်းသမီး လီမင်ဂျောင်သည် နှစ်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် အဖြစ် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲသစ်တွင် ပထမဆုံးအကြိမ်ဖြစ် ပြန်လည် သရုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်း၏အေဂျင်စီ MSteam Entertainment က ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

လီသည် “Goodbye, MyBeloved” ရုပ်မြင်သံကြား ဒရမ်မာဇာတ်လမ်းတွင်  မုဆိုးမတစ်ဦး ဖြစ်ပြီး အချိန်ပိုင်း အလုပ်သမား ရှင်ဒါဟေးအဖြစ် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်သည်။ ယင်းဇာတ်ကားသည် ဂျပန်ဝတ္တူ “Seven Days of Manger Tsubakiyama” ကို အခြေခံကာ ရိုက်ကူးသွားမည် ဖြစ်သည်။

ယင်းဇာတ်ကားတွင် လီသည်  မင်းသားရိန်းနှင့်အတူ သရုပ်ဆောင်သွားမည် ဖြစ်သည်။ ရိန်းက ဇာတ်ကားတွင် ခေါင်းဆောင်မင်းသား လီဟေးဂျွန်အဖြစ် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က အတည်ပြု ပြောကြားခဲ့သည်။

လီသည် ၂၀၁၄ ခုနှစ်က MBC  ရုပ်မြင်သံကြားဇာတ်လမ်းတွဲ “ Cunning Single Lady ” ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးနေရာမှ သရုပ်ဆောင်ခဲ့ပြီနောက်ပိုင်း ယင်းဇာတ်ကားသည်  ရုပ်မြင်သံကြား ဇာတ်ကားများတွင် ပထမဆုံးအကြိမ် ပြန်လည် သရုပ်ဆောင်မည့် လီ၏ ဇာတ်ကား ဖြစ်လာမည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက ခင်ပွန်းဖြစ်သူ မင်းသား လီဗြောင်ဟွန်း ခြိမ်းခြောက် ငွေညှစ်ခံရပြီး နောက်ပိုင်း ယင်းဇာတ်ကားသည် လီမင်ဂျောင် ပထမဆုံး ပြန်လည်သရုပ်ဆောင်မည့် ဇာတ်ကားဖြစ် လာမည်ဖြစ်ကြောင်းနှင့် လီသည် ယခုနှစ်မတ်လက သားလေးကို မွေးဖွားခဲ့သည်။ “Goodbye, MyBeloved” ဇာတ်ကားကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags