ဒီဇိုင်နာ ပြည်စိုးအောင်နှင့် မိတ်ကပ်၊ ဆံပင်၊ ဒီဇိုင်နာ ခင်စန်းဝင်း တို့ ပူးပေါင်းပြီး Fashion Show ပွဲ ပြုလုပ်မည်

ဒီဇိုင်နာ ပြည်စိုးအောင်နှင့် မိတ်ကပ်၊ ဆံပင်၊ ဒီဇိုင်နာ ခင်စန်းဝင်း တို့ ပူးပေါင်းပြီး Fashion Show ပွဲ ပြုလုပ်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ။       ။ ဒီဇိုင်နာ ပြည်စိုးအောင်နှင့် မိတ်ကပ်၊ ဆံပင်၊ ဒီဇိုင်နာ ခင်စန်းဝင်းတို့၏ ပူးပေါင်း တင်ဆက်မည့် Fashion Show ပွဲကြီးကို ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန်မြို့ရှိ Gandamar Hole Sale ရှိ Gandamar Grand Ballroom တွင် ကျင်းပသွားမည် ဖြစ်သည်။

ထို ဖက်ရှင်ရှိုးပွဲတွင် ၂၀၁၆ ခုနှစ်တွင် ခေတ်စားနိုင်မည့် သတို့သား၊ သတို့သမီးတို့၏ ဝတ်စုံ များကို ဒီဇိုင်နာ ပြည်စိုးအောင်နှင့် မိတ်ကပ်၊ ဆံပင်၊ ဒီဇိုင်နာ ခင်စန်းဝင်းတို့မှ ပူးပေါင်း တင်ဆက် ပြသကြမည် ဖြစ်သည်။

ပွဲအတွက် ဝတ်စုံများကို ဒီဇိုင်နာ ပြည်စိုးအောင်မှ အနောက်တိုင်း ဝတ်စုံကို တာဝန်ယူ ဖန်တီး ချုပ်လုပ်မည်ဖြစ်ပြီး မိတ်ကပ်၊ ဆံပင်၊ ဒီဇိုင်နာ ခင်စန်းဝင်းမှ မြန်မာ ထိုင်မသိမ်း ဝတ်စုံများကို ဖန်တီး ချုပ်လုပ်မည် ဖြစ်သည်။

ဖက်ရှင်ရှိုးပွဲတွင် မင်္ဂလာဝတ်စုံများကို မြင်နေကျ အရောင်ပုံစံများမှ ကွဲထွက်ပြီး ဆန်းသစ်ထား သည့် ဝတ်စုံများကို မြင်တွေ့ရမည်ဖြစ်ပြီး မင်္ဂလာဆောင်မည့် သတို့သား၊ သတို့သမီးများအတွက် ရည်ရွယ်ပြီး ပြုလုပ်ခြင်း ဖြစ်သည်။

မိတ်ကပ်၊ ဆံပင်၊ ဒီဇိုင်နာ ခင်စန်းဝင်းက "အရင်ပွဲတွေ တုန်းကတော့ အရောင်တွေ မခွဲဘူး တောက်လျှောက် ကိုယ်ပြချင်တဲ့ ဝတ်စုံတွေကို စုံတွဲတွေက ဝတ်ပြတယ် မင်းသမီးတွေက ဝတ်ပြ တယ်။ အခုကတော့ နည်နည်း ထူးထူးခြားခြားလေး အရောင် အုပ်စုတွေကွဲပြီး တွဲပြထားတယ်။ မြန်မာ ထိုင်မသိမ်းကို ဆန်းသစ်ထားတယ်။ ဖန်တီးမှုအားလုံးက မြန်မာ့ယဉ်ကျေးမှု အပေါ်မှာပဲ အခြေခံထား ပါတယ်။ သိပ်ပြီး ဆန့်ကျင်တာ မပါပါဘူး" ဟု ပြောသည်။

ရှိုးပွဲကို Star Event Production မှ ပါဝင် ပံ့ပိုး ကူညီပေးထားပြီး ပွဲတွင် မြန်မာ ထိုင်မသိမ်း ဝတ်စုံများကို မော်ဒယ်များမှ ဝတ်ဆင်ပြသမည်ဖြစ်ကာ နာမည်ကြီး မင်းသမီးတွေ တစ်ကိုယ်တော် လျှောက်မယ့် ရှိုးများလည်း ပါဝင်မည် ဖြစ်သည်။ ထို့အပြင် ထက်ထက်မိုးဦးနှင့် မယ်လိုဒီတို့မှ သီးသန့် ဝတ်ဆင် ပြသမည့် ဝတ်စုံကိုလည်း မိတ်ကပ်၊ ဆံပင်၊ ဒီဇိုင်နာ ခင်စန်းဝင်းက ဖန်တီးထားသည်။

Fashion Show ပွဲကြီးကို ဇန်နဝါရီ ၈ ရက်တွင် ရန်ကုန်မြို့ရှိ Gandamar Whole sale ရှိ Gandamar Grand Ballroom တွင် ညနေ ၆ နာရီမှ စတင်ပြီး ကျင်းပပြုလုပ်မည် ဖြစ်ကာ စိတ်ပါ ဝင်စားသူတိုင်း ၃၅ လမ်းတွင်ရှိသည့် မိတ်ကပ် ၊ ဆံပင်၊ ဒီဇိုင်နာ ခင်စန်းဝင်း၏ ဆိုင်တွင် ဖိတ်စာများ ထုတ်ယူကြည့်ရှုနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly