ဒလမြို့တွင်ဖြစ်ပွားခဲ့သည့် လူသတ်မှုအတွက် ဖမ်းမိရန် တစ်ဦးကျန်

ဒလမြို့တွင်ဖြစ်ပွားခဲ့သည့် လူသတ်မှုအတွက် ဖမ်းမိရန် တစ်ဦးကျန်

ရန်ကုန် ဇွန် ၂၃ ။       ။ ဒလမြို့နယ်တွင် ဇွန် ၂၂ ရက်၊ မွန်းလွဲ ၁ နာရီခန့်ကဖြစ်ပွားခဲ့သည့် လူသတ်မှုအတွက် ကျူးလွန်သူ သုံးဦးအနက်မှ တစ်ဦးကိုဖမ်းဆီးရမိရန်ကျန်ရှိနေသေး သည်ဟု ဇွန် ၂၃ ရက်၊ ညနေပိုင်းက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၂၂ ရက်၊ မွန်းလွဲ ၁ နာရီခန့်က ဒလမြို့နယ်၊ သပြေကုန်းကျေးရွာ ဗိုလ်ဆွန်ပက်လမ်းတွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် ကိုသက်မောင်မောင်သည် ဦးလေးဖြစ်သူနှင့်အတူဆိုင်ကယ်စီးလာစဉ် ရွှေထီးရပ်ကွက် အရောက်တွင် ယခင်က ရန်ငြှိုးရှိခဲ့ဖူးသူ (ရဲမှတ်တမ်းတွင် ဖော်ပြသည့် အသုံးအနှုန်း) အသက် ၄၁ နှစ်အရွယ် ဦးစိုးသန်းအပါ အဝင် သုံးဦးနှင့်တွေ့ဆုံ ခဲ့ကြသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့တွေ့ဆုံရာမှ စကားများကြပြီး ဦစိုးသန်းအပါအဝင်သုံးဦးက ဓားဖြင့်ထိုးခြင်း ထိုးကြိတ်ကန်ကျောက်ခြင်း များပြုလုပ်ခဲ့သဖြင့် ကိုသက်မောင်မောင်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့သည်ဟု ရဲမှတ်တမ်း များတွင်ဖော်ပြထားသည်။

ဒလမြို့မရဲစခန်းကရဲအရာရှိတစ်ဦးက " ဦးစိုးသန်းကိုချက်ချင်းဖမ်းမိပြီး သူ တို့အဖွဲ့ထဲက ကျော်မင်းဆိုတဲ့သူကဒီနေ့မနက် ၆ နာရီလောက်မှာစခန်းကို လာအဖမ်းခံတယ်၊ နောက်တစ်ယောက်ကျန်ပါသေးတယ်၊ အဓိကကျူးလွန် တာကတော့ဦးစိုးသန်းပါ၊ မကျူးလွန်ခင်မှာအရက်သောက်ထားကြတော့ အရက်အရှိန်ကြောင့်ဖြစ်ရတာပါ။ "  ဟုဇွန် ၂၃ ရက်၊ ညပိုင်းတွင်ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဒလမြို့မရဲစခန်းက (ပ) ၂၈၃/၁၅၊ ပြစ်မှုပုဒ်  မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly