အိန္ဒိယ အွန်လိုင်းစျေးကွက်တင် နွားချေးခြောက်ချပ်များ အဝယ်လိုက်နေ

အိန္ဒိယ အွန်လိုင်းစျေးကွက်တင် နွားချေးခြောက်ချပ်များ အဝယ်လိုက်နေ

နယူးဒေလီ၊ ဒီဇင်ဘာ - ၂၉ ။            ။ အဓိကအားဖြင့် ကျေးလတ်နေအမျိုးသမီးများက နွားချေးကို ကောက်ရိုးဖြင့်ရောပြီး နေပူလှန်းအခြောက်ခံကာ လောင်စာအဖြစ် မီးစိုက်သည့် နွားချေးချပ်များကို အိန္ဒိယ တောရွာများတွင် ကာလကြာမြင့်စွာကတည်းက အသုံးပြုလာခဲ့ကြသည်။

သို့ရာတွင် အမေဇုန်နှင့် eBay အပါအဝင် အွန်လိုင်းလက်လီဆိုင်ကြီးများက ယခုဆိုလျှင် မရပ်မနားကြီးထွားလာနေ သည့် ုမြို့နေလူများထံသို့ပင် ဆန့်ထုတ်ချဲ့ထွင်လာခဲ့ရာ သက်ကြီးမြို့သူမြို့သားများ သူတို့၏ ကျေးလတ်ကလေးဘဝကို ချေးခြောက်ရေနူးဆိုသော မြန်မာစကားပုံကဲ့သို့ ဤနွားချေးခြောက်ချပ်များ ကပြန်ပြောင်း သတိရအောက်မေ့စေသည်။

လက်လီဆိုင်အချို့ကမူ အလုံးအရင်းနှင့် မှာယူသူများကို အထူးလျှော့ဈေးဖြင့်ပင် ကမ်းလှမ်းနေကြပြီး ဖောက်သည့်အချိ့ကဆိုလျှင် လက်ဆောင်ပစ္စည်းလို ထုပ်ပိုးပေးဖို့ပင် ကမ်းလှမ်းလာကြသည်ဟု ဆိုသည်။

‘အောက်တိုဘာလကတည်းက ကျမတို့ရဲ့ ပလက်ဖောင်းပေါ်မှာ ရောင်းချသူအတော်များများက နွားချေးခြောက်ချပ်တွေကို ရောင်းကုန်စာရင်းထဲ ထည့်သွင်းလာခဲ့ကြလို အမှာစာတွေလည်း လက်ခံရရှိလာခဲ့ပါတယ်’ဟု အမေဇုန်အိန္ဒိယ၏ ပြောခွင့်ရအမျိုးသမီး မာဒါဝီ ခိုချာက ပြောကြားခဲ့သည်။ အမှာစာအများစုမှာ နွားချေးချပ်များကို ဝယ်ယူရခက်ခဲသည့် မြို့များမှဖြစ်သည်ဟု သူမက ပြောကြားသည်။  

ဟိန္ဒူဘာသာဝင်များက ရှေးအတီအတေကတည်းက နွားမများကို အထွတ်အမြတ်ထား ကိုးကွယ်ခဲ့ကြရာ အိန္ဒိယနိုင်ငံတွင် နွားချေးခြောက်ချပ်များကို အပူပေးရန်၊ ချက်ပြုတ်ရန် (သို့မဟုတ်) ဟိန္ဒူပွဲဓလေ့ထုံး တမ်းများအတွက် လောင်စာမီးအဖြစ် ရာစုနှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ကြသည်။ အိန္ဒိယ ကျေးလတ်တစ်လွှားတွင် အခြောက်ခံထားသည့် နွားချေးပုံများကို နေရာအနှံ့အပြားတွင် တွေ့ရနိုင်သည်။

အွန်လိုင်းလက်လီဆိုင်ကြီးဖြစ်သည့် ShopClues မှ ရာဒီကာ အဂါဝေါကမူ ဟိန္ဒူများက အိမ်များ၊ စက်ရုံများနှင့် ရုံးများတွင် ဆုတောင်းပွဲများ ပြုလုပ်သည့်အချိန်ဖြစ်သော ဒီဝါလီပွဲတော်ရာသီအတွင်း တွင် နွားချေးခြောက်ချပ် ဝယ်လိုအားမှာ တဟုန်ထိုး မြင့်မားလာလေ့ရှိသည်ဟု ဆိုသည်။ မကြာသေးမီနေ့ရက်က ShopClues ဝဘ်ဆိုက်တွင် နွားချေးခြောက်ချပ်များ ရောင်းကုန် သွားပြီဖြစ်ကြောင်း ကြေညာထားခဲ့သည်။

‘ဒီဝါလီ ပွဲတော်ရက်တွေအတွင်းမှာ အိမ်တွေ၊ လုပ်ငန်းခွင်နေရာတွေမှာ ပူဇော်ပွဲတွေ အမြောက်အများ လုပ်ခဲ့ကြတာကြောင့် နွားချေးခြောက်ချပ်တွေ ဝယ်လိုအား များခဲ့ပါတယ်’ဟု အဂါဝေါက ပြောကြားခဲ့သည်။

‘အေးတဲ့ရာသီမှာ အိမ်အပြင်ဘက်မှာ မီးပုံဖိုပြီး မီးလှုံတဲ့လူတွေ များများလာပါတယ်။ ကျေးလတ်မှာ ကြီးလာခဲ့တဲ့လူတွေဟာ နွားချေးခြောက်မီးလောင်တဲ့ အနံ့ကို နှစ်သက်ကြပြီး ငယ်ဘဝနေ့ရက်တွေကို ပြန်ပြောင်းသတိရသွားစေပါတယ်’’ဟု သူမက ထပ်လောင်းပြောကြားသည်။

နှစ်သစ်ကူးအထိမ်းအမှတ် အခမ်းအနားများတွင် မီးမွှေးရန်အတွက်လည်း နွားချေးခြောက်များကို ဝယ်ယူကြသည်ဟု ဆိုသည်။

နွားချေးခြောက်ချပ်များကို ၂၀၀ဂရမ် (၇အောင်စ)စီလေးသည့် နှစ်ချပ်မှ ၈ချပ်အထိ ပါဝင်သော အထုတ်များထုပ်၍ ရောင်းချသည်ဟု ဆိုသည်။ ဆိုးနှုန်းများမှာမူ တစ်ထုပ်လျှင် ၁၀၀မှ ၄၀၀ရူပီးအထိ ရှိသည်ဟု ဆိုသည်။

နွားချေးခြောက်များကို အော်ဂဲနစ်မြေသြဇာအဖြစ်လည်း အသုံးပြုရာ တစ်ချို့ဆိုင်များက အိမ်တွင်း သီးပင်စားပင်ဥယျာဉ်များအတွက် အသုံးပြုရန် ရည်ရွယ်ချက်ဖြင့်လည်း ဈေးကွက်တင်နေကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly