စာရေးဆရာမ ရွှေရေးထင်ထင်၏ ဓာတ်ပုံသုံး၍ လူမှုကွန်ရက်ပေါ်တွင် သိက္ခာကျဆင်းအောင်ပြု လုပ်သူကို အမှုဖွင့်ထား

စာရေးဆရာမ ရွှေရေးထင်ထင်၏ ဓာတ်ပုံသုံး၍ လူမှုကွန်ရက်ပေါ်တွင် သိက္ခာကျဆင်းအောင်ပြု လုပ်သူကို အမှုဖွင့်ထား

ရန်ကုန် ဇွန် ၂၃  ။      ။ စာရေးဆရာမရွှေရေးထင်ထင်၏ဓာတ်ပုံကို အသုံးပြု၍ရုန်းရင်းကြမ်းတမ်း သောစာသားများနှင့် ပူးတွဲကာ လူမှုကွန်ရက်ပေါ်သို့တင်ပြီး သိက္ခာကျဆင်း အောင်ပြုလုပ်သူကို ရဲစခန်းတွင်အမှုဖွင့်ထားပြီး ကျူးလွန်သူ ကိုဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းဆောင်ရွက်နေသည်ဟု လသာမြို့မရဲစခန်းကရဲအရာရှိ တစ်ဦးက ဇွန် ၂၃ ရက် ညပိုင်းတွင်ပြောသည်။

၎င်းက" မနေ့က (ဇွန် ၂၂) မနက်ပိုင်းကလာတိုင်လို့ အမှုဖွင့်ထားပါတယ်၊ ကျူးလွန်သူကိုတော့ ခြေရာခံစုံစမ်းနေတုန်းပါပဲ၊ လူမှုကွန် ရက်ပေါ်မှာဆိုတော့ စုံစမ်းရတာအခက်   အခဲ နဲနဲတော့ရှိပါတယ်။" ဟု ပြောသည်။

Min Thu ဟူသည့် account ပိုင်ရှင်သည် စာရေးဆရာမရွှေရေးထင်ထင်၏ ဓာတ်ပုံကို အသုံးပြုညစ်ညမ်း စာသားအချို့နှင့် တွဲဖက်ကာ ဖေ့စ်ဘွတ်စာမျက် နှာတစ်ခုတွင်  တင်ထားခဲ့သဖြင့် အမှုဖွင့်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

စာရေးဆရာမရွှေရေးထင်ထင်က " အဲ့ဒီ account ပိုင်ရှင်ကရွှေရေးရဲ့ဓာတ် ပုံကိုသုံးပြီး ရုန်းရင်ကြမ်းတမ်းတဲ့ စာသားတွေနဲ့တွဲ ပြီးတင်ထားတာပါ၊ ရွှေရေး ရဲ့မိတ်ဆွေတစ်ယောက်လာပြ လို့သိပြီးအခုလိုအမှုဖွင့်ရတာပါ၊ ဒီလိုမျိုးလုပ်ရပ်တွေကို ထိရောက်စွာ အရေးယူပေးစေချင်ပါတယ်။ " ဟုပြောသည်။

ထို့ပြင်ယခုကဲ့သို့ မတရားလုပ်ကြံရေးသားမှု၊ ဂုဏ်သိက္ခာကျဆင်းစေရန်ပြုမူပြောဆိုရေးသားမှုများကိုလည်း အမှုဖွင့်တိုင်ကြား သွားမည်ဟု စာရေး ဆရာမက ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားသည်။

စာရေးဆရာမရွှေရေးထင်ထင်က ၎င်း၏နာမည်ကိုသုံး၍ ဖေ့စ်ဘွတ်အကောင့် နှင့် စာမျက်နှာများအများအပြားပေါ်ထွက်နေပြီး https://www.facebook.com/shweyayhtinhtin ဆိုသည့်အကောင့်နှင့် https://www.facebook.com/pages/Shweyay-Htin-Htin/570386369724402 ဟူသည့် Page များသာအသုံးပြုသည်ဟုလည်း ရှင်းလင်းပြောဆိုထားသည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ Min Thu ဟူသည့် account ပိုင်ရှင်ကို လသာ မြို့မရဲစခန်းက (ပ) ၃၃၅/၂၀၁၅၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့်  အမှုဖွင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly