လူမှောင်ခိုကူးသူဟု သံသယရှိသူအား ထိုင်းက မြန်မာနိုင်ငံသို့ လက်လွှဲပေးအပ်

လူမှောင်ခိုကူးသူဟု သံသယရှိသူအား ထိုင်းက မြန်မာနိုင်ငံသို့ လက်လွှဲပေးအပ်

မြန်မာနိုင်ငံက အလိုရှိနေသည့် လူမှောင်ခိုကူးမှုများ၌ ပါဝင်နေသည်ဟုဆိုသူ မြန်မာနိုင်ငံသားတစ်ဦးအား ထိုင်းနိုင်ငံက ဒီဇင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံသို့ လွဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ လူမှောင်ခိုမှု သံသယရှိသူအား နိုင်ငံလွှဲပြောင်းပေးအပ်မှုကို ရနောင်း အုပ်ချုပ်ရေးမှူး ဆူရီယန်ကန်ဂျန်နာစီက ဦးဆောင်တာဝန်ယူခဲ့သည်။ မြန်မာနိုင်ငံဖက်က လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများက လက်ခံခဲ့ခြင်းဖြစ်သည်။

ထိုလူမှောင်ခို သံသယရှိသူအား Zhi ဟူ၍သာ ထုတ်ဖော်ပြောထားပြီး ၎င်းသည် အဓိကသံသယတရားခံတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံက အလိုရှိနေသူဖြစ်ကြောင်း ရနောင်း အုပ်ချုပ်ရေးမှူး ဆူရီယန်က ပြောသည်။ ယင်းလူမှောင်ခို သံသယရှိသူသည် ငါးဖမ်းလုပ်ငန်းများ၌ အဓမ္မလုပ်သားများကို မှောင်ခိုရှာဖွေပေးနေသည့် အဓိကတရားခံတစ်ဦးဖြစ်ကြောင်း မြန်မာနိုင်ငံဖက်က စွပ်စွဲထားခြင်းဖြစ်သည်။

Ref: The Nation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly