ကမ္ဘာလုံးဆိုင်ရာ ရုံတင်ပြသငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံအထိ ရရှိခဲ့တဲ့ Star Wars ဇာတ်ကား

ကမ္ဘာလုံးဆိုင်ရာ ရုံတင်ပြသငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံအထိ ရရှိခဲ့တဲ့ Star Wars ဇာတ်ကား

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၂၈ ။            ။ Star Wars ဇာတ်ကားသည် ကမ္ဘာလုံးဆိုင်ရာ ရုံတင်ပြသငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံအထိရရှိခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်လာသည်။

Star Wars : The Force Awakens ဇာတ်ကားသည် ၁၂ ရက်အတွင်း ဝင်ငွေအများဆုံးရရှိခဲ့ပြီး ဇွန်လက  Jurassic World ဇာတ်ကား ၁၃ ရက်အတွင်း ရရှိခဲ့သောဝင်ငွေ စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။

Star Wars ဇာတ်ကားသည် အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၃သန်းဖြင့် သမိုင်းတွင်   အမေရိကန် ခရစ္စမတ်ကာလ ရုံတင်ပြသငွေ အများဆုံးရရှိခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်လာသည်။

Star Wars ဇာတ်ကားသည် အမေရိကန်ပြည်ထောင်စုတွင် ဒုတိယသီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၅၃ ဒသမ ၅ သန်းရရှိခဲ့ပြီး ပြည်တွင်းဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၅၄၄ ဒသမ ၆ သန်းရယူနိုင်ခဲ့သည်။

သီတင်းပတ်ကုန်က ထုတ်လွှင့်ခဲ့သော ဇာတ်ကားများဖြစ်သည့်  မင်းသား ဝဲလ်ဖာရဲလ် နှင့် မက်ခ်ဝဲလ်ဘက်တို့ ပါဝင်သရုပ်ဆောင်ထားသော  ဟာသဇာတ်ကား Daddy’s Home ဇာတ်ကားသည် အမေရိကန်ဒေါ်လာ ၃၅သန်းရရှိခဲ့သည်။.

1991 Kathryn Bigelow ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားသော  Point Break ဇာတ်ကားသည် ရုပ်ရှင်ရုံပေါင်း ၂ဒသမ ၉၁၀ ရုံတွင်ပြသခဲ့ရာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ သန်းရရှိခဲ့ကြောင်းနှင့် ဇာတ်ကားရိုက်ကူးမှု ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၁၀၅ သန်း ကုန်ကျခဲ့သည်။ ယင်းဇာတ်ကားတွင် မင်းသား ကီအာနုရီဗ်စ် နှင့်ပက်ထရစ်ခ်ဆွမ်ဇီ တို့ပါဝင်သရုပ်ဆောင်ထားသည်။

လီအိုနာဒို ဒီကာပရီယို သရုပ်ဆောင်ထားသော  The Revenant  ဇာတ်ကားသည် လေးနေရာတွင်ပြသခဲ့ပြီး ရုပ်ရှင်ရုံတစ်ရုံလျင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၁၇ ၇၅၀ ရရှိကာ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၄၇၁ ၀၀၀ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly