Logan's Run သိပ္ပံဝတ္ထုအား ပူးတွဲ ရေးသားခဲ့သော စာရေးဆရာ ဂျော့ကလေတန်ဂျွန်ဆင် ကွယ်လွန်

Logan's Run သိပ္ပံဝတ္ထုအား ပူးတွဲ ရေးသားခဲ့သော စာရေးဆရာ ဂျော့ကလေတန်ဂျွန်ဆင် ကွယ်လွန်

လော့စ်င်ဂျလိစ်၊ ဒီဇင်ဘာ ၂၈ ။              ။ ကမ္ဘာကျော်ရုပ်ရှင်ဖြစ်လာခဲ့သည့် Logan's Run သိပ္ပံဝတ္ထုကို ပူးတွဲရေးသားခဲ့သော စာရေးဆရာ ဂျော့ကလေတန်ဂျွန်ဆင် (George Clayton Johnson) မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနက ဒီဇင်ဘာလ ၂၇ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။

ခရစ္စမတ်နေ့တွင် လော့စ်အင်ဂျလိစ် ၌ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကြောင်း သူ၏ သားဖြစ်သူ ပေါလ်ဂျွန်ဆင် (Paul Johnson) က ဆိုခဲ့သည်။ စာရေးဆရာ ကလေတန်ဂျွန်ဆင် မှာ ကင်ဆာဝေဒနာကို ခံစားနေခဲ့ရခြင်း ဖြစ်ပြီး၊ အသက် ၈၆ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ကလေတန်ဂျွန်ဆင် အား လူသိများစေခဲ့သော Logan's Run ဝတ္ထုအား ဒါရိုက်တာ မိုက်ကယ် အင်ဒါဆင် က ရုပ်ရှင်အဖြစ် ဖန်တီးခဲ့ပြီး ထိုရုပ်ရှင်အား ၁၉၇၆ ခုနှစ်တွင် ရုံတင်ခဲ့ခြင်း ဖြစ်သည်။

ထိုဇာတ်ကားမှာ အော်စကာဆု နှစ်ဆု အတွက် အမည်စာရင်း တင်သွင်းခြင်း ခံခဲ့ရကာ မိုက်ကယ်ရော့(ခ်) ပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားဖြစ်သည်။ ထိုဝတ္ထုအား ရုပ်သံဇာတ်လမ်းတွဲ အဖြစ်လည်း ရိုက်ကူးခဲ့ကြသည်။

Logan's Run ဝတ္ထုကို ဝီလျံအက်ဖ်နိုလန် နှင့် ဂျော့ကလေတန်ဂျွန်ဆင်တို့ ပူးတွဲရေးသားခဲ့ကြခြင်း ဖြစ်သည်။ Logan's Run ရုပ်ရှင်မှာ၊ လူဦးရေ အလွန်များပြားလာမည်ကို ကာကွယ်သောအားဖြင့် လူများအား အသက် ၃၀ ပြည့်လျှင် ကွပ်မျက်ပစ်သော လူ့အဖွဲ့အစည်း တစ်ခုအကြောင်း စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly