ဘင်လာဒင် သက်တော်စောင့်ဟောင်း သေဆုံး

ဘင်လာဒင် သက်တော်စောင့်ဟောင်း သေဆုံး

မူကာလာ၊ ဒီဇင်ဘာ ၂၈ ။               ။ အိုစမာဘင်လာဒင်၏ သက်တော်စောင့်ဟောင်းဖြစ်သူ နာဆားဘာဟရီသည် ကြာရှည်နာမကျန်းဖြစ်ရာမှ သေဆုံးခဲ့ကြောင်း ယီမင်နိုင်ငံရှိ ဆေးရုံသတင်းရင်းမြစ် ကပြောသည်။

ယီမင်နိုင်ငံသား ဘာဟရီသည် ဒီဇင်ဘာ ၂၇ ရက်က တောင်ပိုင်းမြို့တစ်မြို့ဖြစ်သည့် မူကာဘာရှိ ဆေးရုံတစ်ရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းသတင်းရင်းမြစ်များက ပြောခြင်းဖြစ်သည်။ သေဆုံးချိန်၌ ၎င်း၏ အသက်မှာ ၄၀ ဝန်းကျင်ခန့် ရှိနိုင်သည်။

အဘူဂျန်ဒယ်ဟုလည်း သိထားကြသည့် ဘာဟရီသည် အာဖဂန်နစ္စတန်၌ ရှိစဉ် အယ်လ်ခိုင်ဒါခေါင်းဆောင်ဟောင်း ဘင်လာဒင်၏ ကားကို ကိုယ်တိုင်မောင်းခဲ့ရသူတစ်ဦးဖြစ်သည်။

ဂွမ်တာနာမိုအကျဉ်းစခန်းမှ လွတ်မြောက်ပြီးနောက် ၂၀၀၈ ခုနှစ်တွင် ယီမင်သို့ ပြန်လည်ရောက်ရှိနေထိုင်ခဲ့ခြင်းဖြစ်သည်။

ဘော့စနီးယား၊ ဆိုမာလီနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် ၁၉၉၀ နှစ်များအတွင်း အစ္စလာမ်မစ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ၌ ပါဝင်ခဲ့ပြီး အယ်လ်ခိုင်ဒါအဖွဲ့သို့ နောက်ပိုင်း၌ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ခုနှစ်အတွင်းက ၎င်းကို ဘီဘီစီက အင်တာဗျူးခဲ့ရာတွင် မွေးရပ်မြေ ယီမင်က လူငယ်များက အစွန်းရောက်ဝါဒ၏ သွေးဆောင်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။

ဘင်လာဒင်သည် ၂၀၁၁ ခုနှစ် မေလအတွင်းက ပါကစ္စတန်နိုင်ငံ အဘူတာဘတ်၌ အမေရိကန်အထူးတပ်ဖွဲ့၏ စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly