အကျင်္ ီမပါ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်ကို ပြရတာ ၀ါသနာပါတဲ့ ရုရှသမ္မတ ဗလာဒီမီယာ ပူတင်

အကျင်္ ီမပါ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်ကို ပြရတာ ၀ါသနာပါတဲ့ ရုရှသမ္မတ ဗလာဒီမီယာ ပူတင်

မော်စကို၊ ဒီဇင်ဘာ - ၂၈ ။             ။ ရုရှသမ္မတနဲ့ တစ်နှစ်ပတ်လုံးလို့ အမည်ပေးထားတဲ့ ထူးဆန်းတဲ့ ပြက္ခဒိန်တစ်ခုမှာ ဗလာဒီမာ ပူတင်ဟာ ရှပ်အင်္ကျ ီမပါ အပေါ်ပိုင်းဗလာနဲ့ ပေါ်လာပြန်ပါတယ်။

၂၀၁၆ ပြက္ခဒိန်ရဲ့ တစ်ခုသောပုံမှာ ရုရှသမ္မတဟာ ရင်ခွင်ဗလာကျင်းနဲ့ ငါးမျှားနေပါတယ်။ အွန်လိုင်းကို လွှင့်တင်လာတဲ့ ပြက္ခဒိန်ရဲ့ အခြားပုံတွေမှာတော့ စစ်ယူနီဖောင်းနဲ့ တည်ကြည်လေးနက်နေပြီး ကလေးတွေအတွက် အော်တိုရေးပေးနေပါတယ်။

ဒါပေမယ့် နိုင်ငံရေးမှာ အာဏာရှင်ဆန်တဲ့ ပူတင်ဟာ သူ့ရဲ့ နူးညံ့တဲ့ အခြားဘက်ခြမ်းကိုလည်း လှစ်ပြထားပါတယ်။ ဒီပြက္ခဒိန်ထဲမှာ သမ္မတပူတင် ပန်းပွင့်ကို နမ်းရှိုက်နေတဲ့ပုံနဲ့ ခွေးကို ချစ်ခင်ယုယနေ တဲ့ပုံတွေလည်း ပါဝင်နေပါတယ်။

ခွေးကို ယုယနေတဲ့ ပုံမှာတော့ ကျနော်နဲ့ ခွေးတွေကြားမှာ အပြန်အလှန် နွေးထွေးလှိုက်လှဲတဲ့ ခံစားချက်တွေ ရှိကြတယ်လို့ ပုံစာထိုးပါတယ်။

ရုရှသမ္မတပူတင်ဟာ အင်္ကျ ီချွတ်နဲ့ ဓာတ်ပုံအရိုက်ခံရတာကို အတော် နှစ်သက်ခုံမင်သူပဲ ဖြစ်ပါတယ်။ ၂၀၁၀ခုနှစ်ခန့်ကလည်း ရုရှမှာ မွေးဖွားနှုန်းကျဆင်းလာနေတဲ့အတွက် အိမ်ထောင်ရှင် အချိန်ပေးပြီး အတူတူနေကြဖို့ တိုက်တွန်းတဲ့အနေနဲ့ အပေါ်ပိုင်း ဗလာကျင်း တောင့်တင်းနဲ့ ခန္ဓာကိုယ်နဲ့ လှုံ့ဆော်ခဲ့ဖူးပါတယ်။

အခုလည်း ဒီပြက္ခဒိန်မှာ သမ္မတ ပူတင်က ရုရှမိန်းမအားလုံးကို ကြိုက်တယ်။ ရုရှမိန်းမတွေဟာ ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံး အလှဆုံးတွေဖြစ်တယ်လို့ ပြောကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly