ဆောက်လုပ်ရေး စွန့်ပစ်ပစ္စည်းပုံ ပြိုကျသည့် တရုတ်နိုင်ငံ ရှင်ရှင်းမြို့ အစိုးရအရာရှိ ကိုယ့်ကိုယ်ကို သတ်သေ

ဆောက်လုပ်ရေး စွန့်ပစ်ပစ္စည်းပုံ ပြိုကျသည့် တရုတ်နိုင်ငံ ရှင်ရှင်းမြို့ အစိုးရအရာရှိ ကိုယ့်ကိုယ်ကို သတ်သေ

ပေကျင်း၊ ဒီဇင်ဘာ - ၂၈ ။            ။ ဒေသခံရဲတပ်ဖွဲ့၏ ဒီဇင်ဘာ ၂၈ ရက်နေ့က ပြောကြားချက်အရ သူ့မြို့တွင် ယခု သေဆုံးသွားပြီဟု ယူဆရသည့် လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးသွား ခဲ့ရသော ဆောက်လုပ်ရေး စွန့်ပစ်ပစ္စည်းပုံ ပြိုကျမှု ဖြစ်ပွားပြီး ရက်သတ္တတစ်ပတ်အကြာတွင် တရုတ်နိုင်ငံတောင်ပိုင်း ရှင်ရှင်းမြို့မှ အစိုးရအရာရှိမှာ သူ့ကိုယ်သူ သတ်သေသွားခဲ့သည်ဟု ဆိုသည်။

ရှင်ရှင်းရဲတပ်ဖွဲ့၏ ကြေညာချက်အရ ရှင်ရှင်းမြို့တော်၏ ကောင်မင်း ခရိုင်မှ မြို့ပြ စီမံကွပ်ကဲရေးဗျူရို အကြီးအကဲမှာ ဒီဇင်ဘာ ၂၇ရက်နေ့က အဆောက်အအုံတစ်ခုအပေါ်မှ ခုန်ချသတ်သေသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အသေးစိတ်အချက်အလက်ကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

ဒီဇင်ဘာ ၂၀ရက်နေ့ ကပ်ဘေးတွင် ကောင်မင်းခရိုင်သစ်အတွင်းရှိ စက်မှုဇုန်တွင် မိုးသည်းထန်စွာ ရွာသွန်းစဉ် ဆောက်လုပ်ရေးစွန့်ပစ်ပစ္စည်းပုံပြိုကျမှု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးခဲ့ရပြီး ၇၅ဦး ပျောက်ဆုံးနေခဲ့ရာ ယခုအချိန်တွင် သေဆုံးသွားလောက်ပြီဟု ယူဆရသည်။

ရှားရှားပါးပါးလုပ်ရပ်အဖြစ် မြို့တော်၏ ကွန်မြူနစ်ပါတီ အကြီးအကဲနှင့် မြို့တော်ဝန်အပါအဝင် ရှင်ရှင်း၏ ထိပ်တန်းအာဏာပိုင်များက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဦးညွှတ်၍ လှိုက်လှိုက်လှဲလှဲ ဝန်ချတောင်းပန်ခဲ့ကြသည်။

ြမို့ပြ စီမံကွပ်ကဲမှုဗျူရို၏ တာဝန်ဝတ္တရားများထဲတွင် စီးပွားရေးနှင့် ဆောက်လုပ်ရေးနေရာများကို ထိန်းကျောင်းကွပ်ကဲခြင်းလည်း ပါဝင်နေသော်လည်း မြေပြိုမှုနှင့် ပတ်သက်၍ မြို့တော်အာဏာပိုင်များကို စုံစမ်းစစ်ဆေးနေသည်လားဆိုသည်ကိုမူ ကွဲကွဲပြားပြား မသိရှိရသေးပေ။ သို့ရာတွင် အာဏာပိုင်များက မြေပြိုမှုကို လူ့ပယောဂကြောင့် ဖြစ်ပွားရသည့် သဘာဝကပ်ဘေးအဖြစ် သတ်မှတ်လိုက်သောကြောင့် တာဝန်းရှိသူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးမည့် အလားအလာရှိနေသည်။

ဒီဇင်ဘာ ၂၇ရက်နေ့တွင်လည် အရှေ့ပိုင်း ရှန်တုန်ပြည်နယ်မှ ဂေါ်ဒန်ကျောက် သတ္တုတွင်းတစ်တွင်း ပြိုကျသောကြောင့် လူတစ်ဦးသေဆုံးပြီး နောက်ထပ် အလုပ်သမား ၁၇ဦးမှာလည်း ပိတ်မိနေ၍ ကယ်ဆယ်ရန် ကြိုးစားနေစဉ်အတွင်း သတ္တုတွင်းပိုင်ရှင် မာ ကွန်းပိုမှာ ရေတွင်းတစ်တွင်းထဲသို့ ခုန်ချနစ်မြှုပ်သွားခဲ့ရာ မိမိကိုယ်မိမိ သတ်သေခြင်းဖြစ်နိုင်ဖွယ်ရှိသည်ဟု ယူဆရသည်။

စက်မှုလုပ်ငန်း မတော်တဆမှုများတွင် ထောင်ကျနိုင်သည့် အန္တရာယ်ရှိသော်လည်း ကွပ်ကဲကြပ်မက်မှုမရှိခြင်းနှင့် ကုန်ကျစရိတ်ခြိုးခြံခြင်းများက အသေအပျောက်များသည့် ကပ်ဘေးများအဖြစ်သို့ ဦးတည်သွားတတ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly