လက်နက်တပ်ဆင်ထားသည့် တရုတ်သင်္ဘော ကျူးကျော်ဝင်ရောက်မှု ဂျပန် ဆန့်ကျင်ကန့်ကွက်

လက်နက်တပ်ဆင်ထားသည့် တရုတ်သင်္ဘော ကျူးကျော်ဝင်ရောက်မှု ဂျပန် ဆန့်ကျင်ကန့်ကွက်

တိုကျို၊ ဒီဇင်ဘာ - ၂၈ ။            ။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦး၏ ပြောကြားချက်အရ ဂျပန်က ၎င်းပိုင်ဆိုင်ကြောင်း ပြောဆိုထားသည့် ပြေင်ထဲသို့ ဒီဇင်ဘာ ၂၆ ရက်နေ့က လက်နက်တပ် ဆင်ထားသည့် တရုတ်အစိုးရသင်္ဘောတစ်စင်းနှင့် အခြားသင်္ဘောနှစ်စင်း ဝင်ရောက်မှုကို ဂျပန်အစိုးရက တရားဝင် ဆန့်ကျင်ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။

ဂျပန်က ပိုင်ဆိုင်ကြောင်းပြောကြားထားသည့် ရေပိုင်နက်အတွင်းသို့ လက်နက်တပ်ဆင်ထားသည့် တရုတ်သင်္ဘော ကျူးကျောက်ဝင်ရောက်လာခြင်းမှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

အစိုးရပေါ်လစီအရ အတိအကျ မထုတ်ဖော်နိုင်သော်လည်း အဆိုပါသင်္ဘောမှာ ယခင်က တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်မှ သင်္ဘောတစ်စင်းဖြစ်ခဲ့ပြီး ယခုလက်ရှိတွင် ဌာနတစ်ခု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ဆိုသည်။ သင်္ဘောတွင် ပင်မလက်နက်ကြီးကို ဖယ်ရှားထားသော်လည်း အော်တိုအမြောက်တစ်လက် တပ်ဆင်ထားသည်ဟု ဆိုသည်။

ကမ်းခြေစောင့်တပ်၏ အီးမေးသတင်းပို့ချက်အရ သင်္ဘောသုံးစင်းမှာ ဒေသစံတော်ချိန် နံနက် ၈:၁၉အချိန်တွင် ကူဘာကျွန်းမြောက်ဘက် ရေပြင်သို့ ချဉ်းကပ်လာပြီး၊ နံနက် ၉:၃၀အချိန်တွင် ဂျပန်ရေပိုင်နက် အတွင်းသို့ စတင်ဝင်ရောက်လာကာ နံနက် ၁၀:၅၀အချိန်တွင် ထွက်ခွာသွားသည်ဟု ဆိုသည်။

အစိုးရပေါ်လစီအရ နာမည်ပြောကြားခွင့်မရှိသည့် ကမ်းခြေစောင့်တပ်အရာရှိ၏ ပြောကြားချက်အရ လက်နက်တပ်ဆင်ထားသည့် သင်္ဘောမှာ ဒီဇင်ဘာ၂၂ရက်နေ့က ကမ်းခြေစောင့်တပ်က သတင်းပို့ခဲ့သည့် သင်္ဘောပင်ဖြစ်ပြီး ကျွန်းတစ်ခု၏ ၁၇မိုင်ရေပြင်အတွင်းမှ ခုတ်မောင်းသွားခဲ့သည်ဟု ဆိုသည်။   

ကူဘာကျွန်းမှာ အချုပ်အခြာပိုင်မှုနှင့် ပတ်သက်၍ ဂျပန်နှင့်တရုတ်တို့ အငြင်းပွားနေသည့် အရှေ့တရုတ်ပင်လယ် ကျွန်းများအနက်မှ တစ်ခုပင်ဖြစ်သည်။ ၂၀၁၂ခုနှစ်တွင် ဂျပန်က လူမနေသည့် ကျွန်းသုံးကျွန်းကို ပိုင်ရှင်တစ်ယောက်ထံမှ ဝယ်ယူခဲ့ပြီးကတည်းက ဧရိယာအတွင်းတွင် နှစ်နိုင်ငံမှ သင်္ဘောများမှာ တစ်စင်းနောက် တစ်စင်း လိုက်နေခဲ့ကြသည်။

ဤပိုင်နက်အငြင်းပွားမှုမှာ နှစ်နိုင်ငံကြားစ အကြီးမားးဆုံး သံတမန်ရေးပြဿနာပင် ဖြစ်သည်။ ထိုကျွန်းများကို ဂျပန်တွင် ဆင်ကာကုဟုခေါ်ပြီး တရုတ်တွင် တျောက်ယုဟု ခေါ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly