ဗန်ဟားလ်အတွက် မန်ယူကစားသမားများ အစွမ်းကုန်ကြိုးစားပေးနေဟု ကာရစ်ပြော

ဗန်ဟားလ်အတွက် မန်ယူကစားသမားများ အစွမ်းကုန်ကြိုးစားပေးနေဟု ကာရစ်ပြော

ဒီဇင်ဘာ ၂၈၊ မန်ချက်စတာ ။              ။ မန်ယူကစားသမားများသည် နည်းပြဗန်ဟားလ်အတွက် အစွမ်းကုန်ကြိုးစားပေးခြင်းမရှိဟု ဆိုနေကြခြင်းမှာ လေးစားမှုကင်းမဲ့ခြင်းသာဖြစ် သည်ဟု ကွင်းလယ်လူ ကာရစ်က ပြောဆိုလိုက်သည်။

မန်ယူအသင်းသည် ဘောက်ဆင်ဒေးတွင် စတုခ်စီးတီးကိုရှုံးခဲ့ခြင်းမှာ လေးပွဲဆက်ရှုံးခြင်းဖြစ်သကဲ့သို့ ခုနစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခြင်းလည်း ဖြစ်ခဲ့သည်။ ဗန်ဟားလ်က ၎င်းအနေခြင့်နုတ်ထွက်ဖွယ်ရှိနေ သည်ဟု တနင်္ဂနွေနေ့ မန်ယူလေ့ကျင့်ရေးကွင်းတွင် ပြောဆိုခဲ့သည်။

"ကစားသမားတွေကနည်းပြအတွက် မကစားပေးကြဘူးလို့ လူတွေကပြောနေကြတာတွေက လေးစားမှုမရှိတာပါ။ ကျွန်တော်တို့ကို နာကျင်ခံစားရစေပါတယ်။ ကျွန်တော်တို့ အဲဒီလိုလူတွေ မဟုတ်ဘူး။
ကျွန်တော်တို့နိုင်ပွဲပျောက်နေတယ်။ ကွင်းထဲမှာဖြစ်နေတဲ့ ရလဒ်တွေအတွက် လူတွေဝေဖန်ကြတာ သဘာဝကျပါတယ်။ စိတ်ပျက်စရာ ရလဒ်တွေဖြစ်ပြီး ထိခိုက်ခံစားရတယ်။ ဆိုးဆိုးရွားရွားကို နာကျင် ခံစားရတာ။

ကျွန်တော်တို့ မကောင်းလို့ အခုလိုဖြစ်နေတာကို ဖုံးကွယ်ထားစရာမလိုပါဘူး။ ကျွန်တော်တို့ ပိုကောင်းဖို့လိုနေပါတယ်"ဟု မန်ယူဒုတိယ အသင်းခေါင်းဆောင် ကာရစ်က ပြောသည်။ မန်ယူအသင်းသည် ၁၉၆၁ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်လေးပွဲဆက်ရှုံးနိမ့်ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်မှထွက်ရခြင်းနှင့် ထိပ်သီးလေးသင်း ပြင်ပရောက်ခြင်းကိုဖြစ်စေသည့် ခုနစ်ပွဲဆက်နိုင်ပွဲပျောက်ခြင်းမှာလည်း ၁၉၈၉-၉၀ နောက်ပိုင်း ပထမဆုံးအကြိမ် အဆိုးဆုံးရလဒ်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly