အမေရိကန် တက္ကဆက်တွင် လေဆင်နှာမောင်းတိုက်၍ ပျက်စီးသေဆုံး များပြား

အမေရိကန် တက္ကဆက်တွင် လေဆင်နှာမောင်းတိုက်၍ ပျက်စီးသေဆုံး များပြား

နယူးယောက်၊ ဒီဇင်ဘာ ၂၈ ။            ။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် မိုးသည်ထန်စွာရွာခြင်းနှင့် ဆီးနှင်းများ ကျဆင်းခြင်းတို့ကို ယူဆောင်လာသည့် လေဆင်နှာမောင်း တိုက်ခတ်ရာ လူ ၁၁ ဦးသေဆုံးပြီး အခြားပြည်နယ်အတော်များများတွင်လည်း ပျက်စီးမှုများဖြစ်ခဲ့သည်။

ဒဲလ်လက်စ်တွင် သေဆုံးသူ ရှစ်ဦးရှိပြီး ယင်းအနက် ငါးဦးက ကားအတွင်းရှိစဉ် လေဆင်နှာမောင်းကြောင့် လမ်းပေါ်မှ ၎င်းတို့ကားများ လွင့်စဉ်ကာ သေဆုံးခြင်းဖြစ်သည်။

အနောက်တက္ကဆက်တွင် လေပြင်းများနှင့်အတူ ဆီးနှင်းများကျဆင်းခြင်းကြောင့် လမ်းမတော်တော်များများ ပိတ်ဆို့သွားခဲ့သည်။

မြောက်ပိုင်းဒေသတွင်လည်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးမှုများဖြစ်ကာ မစ်ဆူရီနှင့် အီလီနွိုက်ပြည်နယ်တို့တွင် လူ ၁၂ ဦးသေဆုံးခဲ့သည်။

တောင်ပိုင်းတစ်ခွင် တိုက်ခတ်သွားသည့် ယခုလေဆင်နှာမောင်းသည် ဆောင်းရာသီကာလတွင် မဖြစ်ဖူးသည့် အားပြင်းမုန်တိုင်းပဲဖြစ်သည်။

တက္ကဆက်မှ လာသည့် သတင်းများအရ ဒဲလ်လက်စ်တောင်ပိုင်းမှ အရှေ့မြောက်ပိုင်း ဆင်ခြေဖုံးများအထိ မိုင် ၄၀ နီးပါး နယ်မြေအဝန်းအဝိုင်းတွင် ကားများ ဖရိုဖရဲဖြစ်ကာ သစ်ပင်များ ပြိုလဲပြီး ဘုရားကျောင်းများပါ ပျက်စီးကြောင်း သိရသည်။

ဒီဇင်ဘာ ၂၇ ရက်နှောင်းပိုင်းအချိန်က တိုက်ခတ်သည့် ယင်းအားပြင်း လေဆင်နှာမောင်းကြောင့် ယာဉ်မတော်တဆမှုများစွာဖြစ်မည်ဟု ဂါလန်ရဲတပ်ဖွဲ့က ဘီဘီစီသို့ ပြောသည်။

အိမ်ခြေပျက်စီးမှုများလည်း ရှိထားရာ ကြက်ခြေနီအသင်းက အိမ်များ ပျက်စီးခဲ့ရသူများအတွက် ခိုလှုံနေထိုင်စရာ ကူညီပေးလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly