ဆန္ဒပြမှုဖြစ်သော်လည်း မဲဆောက်နယ်စပ်ကုန်သွယ်ရေး မထိခိုက်

ဆန္ဒပြမှုဖြစ်သော်လည်း မဲဆောက်နယ်စပ်ကုန်သွယ်ရေး မထိခိုက်

လိပ်ကျွန်းစီရင်ချက်နှင့် ပတ်သက်ပြီး နယ်စပ်တွင် မြန်မာပြည်သူများ၏ ဆန္ဒပြသမှုများ ရှိနေသော်လည်း ထိုင်းနိုင်ငံ တက်ပြည်နယ် မဲဆောက်ခရိုင်နယ်စပ်ရှိ ထိုင်းနှင့် မြန်မာ စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများက ဒီဇင်ဘာ ၂၇ ရက်တွင် ပုံမှန်အတိုင်းပင် လည်ပတ်နေခဲ့သည်။

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာအလုပ်သမားနှစ်ဦးအား သေဒဏ်ပေးခြင်းအပေါ် ဒီဇင်ဘာ ၂၇ ရက် နေ့လည်ပိုင်းက မြဝတီနယ်စပ်တွင် လူအင်အား ၂၀ ခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြသခဲ့ကြသည်။

ထိုင်းနှင့် မြန်မာ အဓိက နယ်စပ်ကုန်သွယ်ရေး ဂိတ်အနီးတွင် စုရုံးဆန္ဒပြကာ မြို့တွင်း ချီတက်လှည့်လည်ပြီးနောက် ဒေသရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ဆုတောင်းပွဲပြုလုပ်ခဲ့သည်။

နိုင်ငံသားချင်း ရိုင်းပင်းခြင်းနှင့် ကူညီခြင်း မျိုးချစ်စိတ်ဓာတ်အရ ယခုကဲ့သို့ ဆန္ဒပြဟန်ရှိကြောင်း စောင့်ကြည့်လေ့လာသူများက ပြောသည်။

တက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဆွမ်ချိုင်းဟာသာယာတန်တီနှင့်အတူ ဒေသစီမံခန့်ခွဲရေးရုံး အရာရှိများနှင့် လုံခြုံရေးတာဝန်ရှိသူများက ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားရှိ မဲဆောက် ကုန်သွယ်မှု စစ်ဆေးရေးဂိတ်တွင် အခြေအနေများကို စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

မြဝတီတွင် အခြေအနေများ အေးအေးဆေးဆေးပင် ရှိနေပြီး ကပ်လျက်မဲဆောက်ခရိုင်၌ ကုန်သွယ်အရောင်းအဝယ်များနှင့် နယ်စပ်ဖြတ်ကျော် ကုန်ကားများ သွားလာမှုမှာ ပုံမှန်အတိုင်းပဲ ရှိကြောင်း အုပ်ချုပ်ရေးမှူး ဆွမ်ချိုင်းက ပြောခဲ့သည်။

Ref: Bangkok

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly