ချစ်သမီးကို ထောင် ၆လ အမိန့်ချမှတ်

ချစ်သမီးကို ထောင် ၆လ အမိန့်ချမှတ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဖေ့စ်ဘုတ်ပေါ်တွင် သရော်သည့် မချောစန္ဒီထွန်း (ခ) ချစ်သမီးကို မအူပင်တရားရုံးက ဒီဇင်ဘာ ၂၈ရက်က ထောင်ဒဏ် ၆လ ချမှတ်လိုက်ပြီဟု ၎င်း၏ အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။ 

ယခု ချမှတ်လိုက်သည့် ထောင်ဒဏ် ၆လတွင် ချုပ်ရက်လျော့ပေါ့ခံစားခွင့်ရှိမည်ဟုလည်း သိရသည်။

တပ်မတော်က အသစ် ပြောင်းလဲလိုက်တဲ့ အစိမ်းနုရောင် ဝတ်စုံသစ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဝတ်အစား အရောင်နဲ့ နှိုင်းယှဉ်ပြီး လူမှုကွန်ရက် Facebook စာမျက်နှာမှာ မှတ်ချက်နဲ့တကွ တင်ခဲ့သည့် စွဲချက်ဖြင့် မချောစုစန္ဒီထွန်းကို အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ အသရေဖျက်မှု ပုဒ်မ ၅၀၀တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly