မြောက်ကိုရီးယားက တောင်ကိုရီးယားသူလျှိုနှစ်ဦးကို တစ်သက်တာအလုပ်ကြမ်းပြစ်ဒဏ်များ ချမှတ်

မြောက်ကိုရီးယားက တောင်ကိုရီးယားသူလျှိုနှစ်ဦးကို တစ်သက်တာအလုပ်ကြမ်းပြစ်ဒဏ်များ ချမှတ်

ဆိုးလ်၊ ဇွန်-၂၃  ။       ။ တောင်ကိုရီးယား၏ Yonhap သတင်းအေဂျင်စီက မြောက်ကိုရီးယား နိုင်ငံပိုင်ရေဒီယို အသံလွှင့်ချက်ကို ကိုးကားဖော်ပြချက်အရ သူလျှိုလုပ်မှုဖြင့် စွပ်စွဲခံရသည့် တောင်ကိုရီးယားနိုင်ငံသားနှစ်ဦးကို မြောက်ကိုရီးယားက တစ်သက်တာ အလုပ်ကြမ်းပြစ်ဒဏ် ချမှတ်ခဲ့သည်ဟု ဆိုသည်။

မတ်လက ဖမ်းဆီးခဲ့သည့် အဆိုပါလူနှစ်ဦးကို တရုတ်နယ်စပ်မြို့ ဒန်ဒေါင်းမှနေ၍ တောင်ကိုရီးယား၏ အမျိုးသားထောက် လှမ်းရေးဌာန (NIS)အတွက် သူလျှိုများအဖြစ် အလုပ်လုပ်ပေးနေသည်ဟု မြောက်ကိုရီးယားက စွပ်စွဲခဲ့ခြင်းပင်ဖြစ်သည်။

သို့ရာတွင် တောင်ကိုရီးယား၏ NIS ကမူ စွပ်စွဲချက်များမှာ အခြေအမြစ်မရှိဟု ငြင်းပယ်ထားသည်။ ပြီးခဲ့သည့်မေလက စီအင်အင် (CNN)နှင့် အင်တာဗျူးတစ်ခုတွင် ၎င်းတို့နှစ်ဦးမှာ တောင်ကိုရီးယားအတွက် သူလျှိုလုပ်ပေးနေသည်ဟု ပြောကြားခဲ့ကြသည့် ကင်ကွက်ဂီနှင့် ချိုးခွန်ဂီးတို့အပါအဝင် တောင်ကိုရီးယားနိုင်ငံသား ၄ဦးကို လွှတ်ပေးရန် တောင်ကိုရီးယားက မြောက်ကိုရီးယားကို တိုက်တွန်းနေသည်။

 ထိုလူနှစ်ဦးကို နိုင်ငံအား မတည်မငြိမ်ဖြစ်စေရန် ကြံစည်မှု၊ သူလျှိုလုပ်မှုနှင့် တရားမဝင်ပြည်ဝင်မှုများဖြင့် တရားစွဲထားပြီး၊ အမေရိကန်နှင့် တောင်ကိုရီးယားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် အလုပ်လုပ်သည်ဟုလည်း စွပ်စွဲထားသည်။

မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ကိုင်တွယ်ရသည့် တောင်ကိုရီးယား၏ ပေါင်းစည်းရေးဝန်ကြီးဌာနကမူ မြောက်ကိုရီးယား၏ အသံလွှင့်ချက်နှင့်ပတ်သက်၍ ချင်ချင်းအတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly