မြန်မာ့လေကြောင်းလိုင်း အချို့ အာဆီယံနဲ့ယှဉ်ဖို့ ဘာတွေ ပြင်ဆင်နေပြီလဲ

27 December 2015
မြန်မာ့လေကြောင်းလိုင်း အချို့ အာဆီယံနဲ့ယှဉ်ဖို့ ဘာတွေ ပြင်ဆင်နေပြီလဲ

မင်္ဂလာပါ။ 7 မိနစ် အစီစဉ်ကနေ ကြိုဆိုပါတယ်။ ဒီတစ်ပါတ် ဒီအစီစဉ်ကနေ တင်ဆက်ပေးမယ့်သူကတော့ Air Kan Baw Za  ကုမ္ပဏီ လီမိတက်ရဲ့ ဒါရိုက်တာ ဦးဥက္ကာထွန်း ဖြစ်ပါတယ်။ ဦးဥက္ကာထွန်းကို လေကြောင်းလိုင်းနဲ့ ပတ်သက်တာတွေကို မဇ္ဈိမက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ဦးဥက္ကာထွန်း မင်္ဂလာပါရှင့်။ ဒီလာမယ့် ၂၀၁၆ ခုနှစ်မှာ အာဆီယံ စီးပွားရေး အသိုက်ဝန်းကလဲ စတင် အကောင်ထည် ဖော်တော့မယ်ဆိုတော့ ဒီအခြေနေမှာ ဆိုလို့ ရှိရင် ပြည်ပကနေ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ သူတွေလည်း များလာမယ်။ အဲတော့ Air Kan Baw Za  လေကြောင်းလိုင်းအနေနဲ့ကော အာဆီယံ စီးပွားရေး အသိုက်ဝန်းမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ဘယ်လိုပြင်ဆင်ထားလဲဆိုတာ ပြောပြပါရှင်။

ဖြေ - ကျွန်တော်တို့ ခရီးသည်အနေနဲ့ ပြောလို့ရှိရင်တော့ ခရီးသည်ပေါ်မှာ မူတည်ပြီးတော့ Supply တွေ ဘယ်လောက်ရှိရမယ်ဆိုတာကို ကျွန်တော်တို့ မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။ တိုးလာရင် တိုးလာတဲ့အလျောက် လေယာဉ်ပျံ အရေတွက်တွေ တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ နောက် ယှဉ်ပြိုင်ဖို့အတွက် ဝန်ထမ်းတွေရဲ့ လုပ်နိုင်စွမ်းပေါ့နော်။ သူတို့ရဲ့ capacity  မြှင့်တင်ဖို့ ရှိပါတယ်။ အဲဒါတော့ အမြဲတမ်း လေ့ကျင့်ရေးတွေ အမြဲလုပ်ပါတယ်။ လေ့ကျင့်ရေးကို ပိုင်းလော့စ်ဆိုလဲ ပိုင်းလော့စ် အလျောက် အင်ဂျင်နီယာဆိုလည်း အင်ဂျင်နီယာ အလျောက် ကျန်တဲ့ နောက်ကွယ်က Support  လုပ်တဲ့ ဆေးတို့ Marketing  တို့  Admin  တို့ အကုန်လုံးပေါ့ သက်ဆိုင်ရာ အလိုက်ကို လေ့ကျင့်ရေးပေးပြီး အာဆီယံမှာ ယှဉ်ပြိုင်နိုင်ဖို့ အတွက် ပြင်ဆင်ထားပါတယ်။

မေး - ဟုတ်ကဲ့ပါရှင့်။ သိတဲ့အတိုင်းပဲ ကျွန်မတို့ မြန်မာနိုင်ငံမှာ လူစွမ်းအား အရင်းမြစ်ပေါ့နော်။ capacity အမြဲလိုအပ်နေတယ်ဆိုပြီးတော့ ပညာရှင်တွေက ပြောဆိုထားတာ ရှိတယ်။ အဲတော့ ဒီလေကြောင်းလိုင်းတွေမှာ ဝင်ရောက် အလုပ် လုပ်ကိုင်မယ်ဆိုရင် လက်ရှိမြန်မာနိုင်ငံမှာဆိုရင် ဘာတွေ ပြင်ဆင်ဖို့ လိုအပ်လဲ ပြီးတော့ ဦးဥက္ကာထွန်း အနေနဲ့ ဝန်ထမ်း ရွေးချယ်တဲ့ အပိုင်းမှာကော ဘယ်လိုမျိုးကို အရည်ချင်း စစ်ပြီးတော့ ရွေးချယ်လဲ ရှင့်။

ဖြေ - ကျွန်တော်တို့ အဓိကတော့ အင်္ဂလိပ်စာပေါ့။ အင်္ဂလိပ်စာရယ် သူရဲ့ ပညာအရည်အချင်းအရ ဆယ်တန်းအောင် ဘွဲ့ အဲတာတွေ ပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ရွေးချယ်ပါတယ်။ ပြီးတော့ ဝန်ထမ်းတွေရဲ့ လုပ်ချင်စိတ်ပေါ့။ လုပ်ချင်စိတ်ရယ် စိတ်ပါဝင်စားမူရယ်။ စိတ်ပါဝင်စားမူက အရေးကြီးပါတယ်။ ကျွန်တော်တို့ဆီမှာ Team Work  နဲ့ လုပ်ရတယ်။ ပင်ပန်းပါတယ်။ အဲဒဏ်တွေ မခံနိုင် ဝါသနာ မပါလို့ ရှိရင် အဆင်မပြေပါဘူး။ အဲတာရယ် အင်္ဂလိပ်စာရယ် အဲဒီပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ ရွေးချယ်ပါတယ်။ ရွေးချယ်ပြီးသွားရင်တော့ ခုနကပြောတဲ့ လေ့ကျင့်ပေးသွားပါတယ်။

မေး - ဟုတ်ကဲ့ပါရှင့် လက်ရှိအခြေနေမှာဆို လေကြောင်းလိုင်းတွေက အမြတ်နည်းနည်းနဲ့ ရပ်တည်နေရတယ်။ အရှုံးပေါ်တဲ့ လေကြောင်းလိုင်းတွေတောင် ရှိတယ်ဆိုပြီးတော့ မကြာခဏ ကြားတယ်ရှင့်။ အဲတော့ Air KBZ အနေနဲ့ ကော ဒီပေါ်မှာ ဘယ်လိုများ ရပ်တည်နေလဲ ရှင့်။

ဖြေ - ဒီအရာကတော့ ကိုယ့်ရဲ့ Cost နဲ့ ဝင်တဲ့ Revenue  ပေါ်မှာ မူတည်ပြီးတော့ Profit  ထွက်အောင် လုပ်ရတာပေါ့။ အဲတော့ ကိုယ့်ရဲ့ Cost  ကို နည်းနိုင်သမျှ နည်းအောင် လုပ်ရတယ်။ Revenue ကို တိုးနိုင်သမျှ တိုးအောင် လုပ်ရတယ်ပေါ့။ အဲပေါ်မှာ ချိန်မျှပြီးတော့ ကျွန်တော်တို့ ရင်းကျေရင်လည်း ကျေ မကျေရင်လည်း အမြတ်ထွက်အောင်ပေါ့ အဲတာ ကြိုးစားရပါတယ်။ အဲ Cost  ကို လျော့ချတဲ့ အပိုင်းမှာတော့ နိုင်ငံတော်က ပံ့ပိုးမှုတွေ အများကြီး လိုအပ်ပါတယ်။ ဥပမာပေါ့ လေယာဉ်ပျံ စပယ်ယာပတ် ဝယ်တာတို့ အင်ပိုတတ်တို့ အကုန်လုံးက US ဆီ နဲ့ ပေးနေရတာပေါ့။ အဲတာတွေ ဆီဖိုးပေ့ါနော်။ အဲဟာတွေ အကုန်လုံးက သက်သာရင် သက်သာတဲ့အလျောက် ဒီဘက်မှာ Profit လုပ်နိုင်မှာ ဖြစ်ပါတယ်။

မေး - ဟုတ်ကဲ့ပါရှင့်။ ပြည်တွင်းမှာလဲ ယှဉ်ပြိုင်စရာ လေကြောင်းလိုင်းတွေ ရှိတယ်ဆိုတော့လေ Air KBZ အနေနဲ့ ပြည်တွင်းမှာ ပျံသန်းနေတဲ့ လေကြောင်းလိုင်းတွေ ယှဉ်ပြိုင် နိုင်အောင် ဆိုလို့ ရှိရင် ဘယ်လိုအရာမျိုးကို အဓိက ထားလဲ ရှင့်။

ဖြေ - လေကြောင်းလိုင်းကတော့ transportation ကတော့ လိုချင်တဲ့ အချိန်မှာ ရောက်အောင်  ခရီးသည်ကို ပို့ဆောင်ပေးတယ်။ အဲအတွက် အချိန်မှန်ဖို့ပေါ့နော်။ နောက် Saving ပေါ့။ Saving ကတော့ အဓိက အရေးကြီးဆုံးပါပဲ။ ပြီးတော့ သင့်တော်တဲ့ ဈေးနှုန်းကို Offer လုပ်နိုင်ရမယ်။ သင့်တော်တဲ့ ဈေးနှုန်းကို Offer   လုပ်တဲ့ အထဲမှာ ခုနက Cost တို့ Revenue တို့ အဲပေါ်မှာ မူတည်သွားတာပေါ့နော်။ အဲပြီးတော့မှ ကျွန်တော်တို့ service   မဖြစ်မနေ ပါရပါတယ်။ အဲတာတွေ ပေါင်းပြီးတော့ ကျွန်တော်တို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မေး - ဟုတ်ကဲ့ပါရှင့် ခုဆိုလို့ရှိရင် ခရီးသွားလုပ်ငန်းတွေကနေ ဆက်စပ် လုပ်ငန်းကနေပြီးတော့ လာမယ့် ၂၀၂၀ လောက်ကြရင် လူဦးရေ ၂သန်းလောက်ထိ အလုပ်ပေးနိုင်အောင် စီစဉ်နေကြတယ်လို့လဲ ကြားတယ်ရှင့်။ ဒီခရီးသွား လုပ်ငန်း အဖွဲ့ချုပ်ကနေ လုပ်နေတာပေါ့နော်။ အစ်ကိုတို့ လေကြောင်းလိုင်းတွေမှာ ဆိုရင်ကော အရင်ကထက် စာလို့ရှိရင် ဒီလေးနှစ် အတွင်းမှာပေါ့ ပိုပြီးတော့များ အလုပ်ကိုင်အခွင့်လမ်းတွေ ပေးနိုင်လား သူတို့ ပြောသလိုပဲ လာမယ့် ၂၀၂၀ ကြရင် အစ်ကိုတို့ လုပ်ငန်းတွေ ဒီထက်ပို တိုးချဲ့ပြီးတော့ ဒီထက်ပိုပြီး အလုပ်ကိုင် အခွင့်အလမ်း ပေးနိုင်မယ့် အနေထားရှိလားရှင့်။

ဖြေ - ခရီးသွားတွေ တိုးတက်လာတဲ့ အမျှ နိုင်ငံခြား ခရီးသွားတွေ တိုးတက်လာတာနဲ့ အမျှ ကျွန်တော်တို့ business ကို expand လုပ်မယ်။ ခုနက ပြောသလို ကျွန်တော်တို့ လေယာဉ်ပျံတွေ တိုးချဲ့မယ်။ လေယာဉ်ပျံ တိုးချဲ့လာတာ နဲ့ အမျှ ပိုင်းလော့စ်လား အင်ဂျင်နီယာလား ဒီ Ground staff လား။ Admin လား လူတွေတော့ လိုလာမှာပဲ ခင်ဗျ။  ခရီးသွားတွေ တိုးတက်လာတာနဲ့ အမျှ ဝန်ထမ်းတွေက အလုပ်အကိုင်တွေ ပေါများလာမှာ ဖြစ်ပါတယ်။

မေး - ဟုတ်ကဲ့ပါရှင့်။ လက်ရှိမှာ ပြည်တွင်း လေကြောင်းလိုင်းတွေ အနေနဲ့ နိုင်ငံခြား ခရီးသွား တွေကို အဓိက ထားလား။ ပြည်တွင်းကနေ ပဲ လေယာဉ်နဲ့သွားတဲ့ ခရီးသွားတွေကို အဓိက ထားပြီးတော့ ရပ်တည်နေရလား အဲဒီရပ်တည်ချက်လေးလဲ ပြောပါအုံး။

ဖြေ - ရပ်တည်ချက်ကတော့ ကျွန်တော်တို့ နှစ်ယောက်လုံးပေါ်မှာ ရပ်တည်ပေးရပါတယ်။ ကျွန်တော်တို့ Low  အစီစဉ်နဲ့ Hight  အစီစဉ်တွေ ရှိပါတယ်။ Low  အစီစဉ် ကို အတတ်နိုင်ဆုံး မရှိအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဥပမာ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံ ထိုင်း နိုင်ငံကို ကြည့်မယ်ဆိုရင် သူတို့မှာ တစ်နှစ်ပတ်လုံး ခရီးသွား ဧည့်သည်တွေ ရှိတယ်။ နည်းသွားတာပဲ ရှိတယ်လေ။ အဲတော့ ကျွန်တော်တို့ Low  အစီစဉ် မရှိအောင် ကြိုးစားနေပါတယ်။ အဲတာတော့ ဟော်တယ်ကော ဝန်ကြီး ဌာနတွေကော လေကြောင်းလိုင်းကော၊ travel tours agency အားလုံးပေါင်းပြီး ဆောင်ရွက်မှ ရမှာ ဖြစ်ပါတယ်။ အဲတော့ Low  အစီစဉ် ဆိုရင် Local  တွေကို ကျွန်တော်တို့ အလေးထားရတယ်။ Hight  အစီစဉ် မှာဆိုရင်တော့ နိုင်ငံခြားသား ခရီးသည်တွေကို အလေးထားရတယ်။ ခုလောလောဆယ်မှာပေါ့။ နောက်ပိုင်းကျလို့ရှိရင် တစ်နှစ် ပတ်လုံး နိုင်ငံခြားသား ဖြစ်နေရမယ်။ Local လည်း ခရီးသွားနေရမယ် အဲလိုပေါ့။

မေး - ဟုတ်ကဲ့ပါရှင့် ဒီလေကြောင်းလိုင်း လေးနက် အတွင်းမှာပေါ့နော်။ ပြောင်းလဲလာတဲ့ အပြောင်းလဲကို ပြောပါဆိုရင် ဘာများ ဖြစ်နေမလဲ ရှင်။

ဖြေ - ပြောင်းလဲကတော့ ကျွန်တော်တို့ လေယာဉ်ပျံတွေ တိုးလာတယ်။ လေကြောင်းလိုင်းတွေ များလာတယ် ။ ခရီးသည်တွေအနေနဲ့ ရွေးချယ်စရာတွေ များလာတယ်။ ကျွန်တော်တို့ service ဆို ပိုဂရုစိုက်လာရတယ်။ ဈေးပြင်ဖို့ ဂရုစိုက်လာရတယ်။ အဲ့ဒါတွေပါပဲ။

ဟုတ်ကဲ့ပါရှင် ခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly