ချီကာဂိုရဲက ပစ်ခတ်၍ ယောကျ်ားတစ်ဦးနှင့် မိန်းမတစ်ဦး သေဆုံး

ချီကာဂိုရဲက ပစ်ခတ်၍ ယောကျ်ားတစ်ဦးနှင့် မိန်းမတစ်ဦး သေဆုံး

ရဲတပ်ဖွဲ့က အင်အားကို အလွန်အကျွံအသုံးပြုသည်ဟူသော စွပ်စွဲမှုများနဲ့ မငြိမ်မသက်ဖြစ်နေသည့် ချီကာဂိုမြို့တွင် ရဲအရာရှိတစ်ဦးက နှစ်ယောက်စလုံး လူမည်းများဖြစ်သည့် ကောလိပ်ကျောင်းသား ယောကျ်ားတစ်ဦးနှင့် ကလေးငါးယောက်မိခင်တစ်ဦးကို ဒီဇင်ဘာ ၂၆ရက် နံနက်ခင်းတွင် ပစ်သတ်ခဲ့ပြီး နာရီပိုင်းအကြာတွင် သီးခြားနေရာတစ်ခု၌ အခြားရဲတစ်ဦးက အခြားပဂိုလ်တစ်ဦးကို ပတ်ခတ်မှု ဖြစ်ပွားခဲ့ပြန်သည်။

တတိယအကြီးဆုံးမြို့၏ ရဲဌာနမှာ သေစေနိုင်သော အင်အားသုံးမှုနှင့် ရဲစည်းကမ်းချိုးဖောက်မှုများအတွက် ယခုလက်ရှိတွင် ဖက်ဒရယ် အရပ်သားအခွင့်အရေး စုံစမ်းစစ်ဆေးမှု ခံနေရလျှက်ရှိသည်။

၂၀၁၄ခုနှစ်က လူဖြူရဲအရာရှိတစ်ယောက်က လူမည်း ဆယ်ကျော်သက်တစ်ဦးကို အသေပစ်သတ်နေပုံ ဗွီဒီယိုကြောင့် ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့ရပြီး တက်ကြွလှုပ်ရှားသူများက မြို့တော်ဝန် ရမ်အင်မန်နုရယ် နှုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

နံနက်ပိုင်းပစ်ခတ်မှုမှာ မြို့တော်၏ အနောက်ဘက်ခြမ်းရှိ West Garfield ပန်းခြံ အနီးဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းပင် ဖြစ်သည်။

"ရောက်ရောက်ချင်းပဲ ရဲတွေနဲ့ တိုက်ပွဲအခြေအနေနဲ့ ထိပ်တိုက်တွေ့လို့ ရဲအရာရှိရဲ့ လက်နက်က ကျည်ထွက်သွားတော့ လူနှစ်ယောက် သေကောင်ပေါင်းလဲ ဒဏ်ရာရသွားတယ်"ဟု ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် ပြောကြားထားသည်။

ကွတ်ကောင့်တီ မှုခင်းဆေးစစ်ချက်ရုံးကမူ သေဆုံးသူနှစ်ဦးမှာ ဘီတီဂျုံး (၅၅နှစ်)နှင့် ကွန်တိုနီယို လဲဂရီရာ (၁၉နှစ်)တို့ဖြစ်ကြသည်ဟု ဖော်ပြထားသည်။

မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသားဖြစ်သည့် လဲဂရီရာမှာ ခရစ္စမတ်ပိတ်ရက်တွ်င ပစ်ခတ်မှုဖြစ်ပွားရာ နှစ်ထပ်သစ်သားအဆောက်အအုံပိုင်ရှင် ဖခင်ထံသို့ အလည်အပတ်သွားရောက်နေခြင်းဖြစ်သည်ဟု ဂျုံး၏ မိသားစုဝင်များက ပြောကြားသည်။

လဲဂရီယာက သတ္တုဘေ့စ်ဘောရိုက်တံဖြင့် ဖခင်ဖြစ်သူကို ခြိမ်းခြောက်နေစဉ်တွင် မိသားစုဝင်များက ရဲတပ်ဖွဲ့ကို အကြောင်းကြားလိုက်ခြင်းပင် ဖြစ်သည်။ ဝမ်းကွဲတော်စပ်သူ အိဗလင်း ဂလိုဗာ၏ ပြောကြားချက်အရ ပထမထပ် အခန်းထဲတွင် နေထိုင်နေသည့် ဂျုံးမှာမူ တံခါးမှတစ်ဆင့် အပစ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

သစ်သားတံခါးတွင်မူ ကျည်ဆံပေါက် တစ်ပေါက်သာ ရှိနေသည်။ ခရစ္စမတ်အတွက် အလှဆင်ထားသည့် သပ်ရပ်သောအခန်း၏ ကော်ဇောနှင့် နံရံများတွင် သွေးများ စွန်းပေနေသည်။

ဒါက မှားပစ်ခံရပြီး သေရတာပါ။ တံခါးကို ဖြတ်သန်းပြီး ဘယ်လိုလုပ်ပစ်မလဲဟု ဂလိုဗာက ပြောကြားခဲ့သည်။

လဲဂရီယာ၏ မိခင်ဖြစ်သည့် ဂျနတ် ကွတ်ဆေးက ဒေသတွင်းသတင်းချဲနယ် CLTVသို့ ပြောကြားရာတွင်မူ သူမ၏ သားဖြစ်သူမှ မကြာသေးမီက စိတ်ရောဂါဝေဒနာ ခံစားနေခဲ့ရသည်ဟု ဆိုသည်။

ရှင်တို့က အကူအညီတောင်းတယ်။ အဲဒီလိုတောင်းတော့ တစ်ယောက်ယောက်ကို ဆုံးရှုံးရတယ်။ ဒီလိုမျိုးတွေ ရပ်သင့်ပါပြီဟု သူမက ပြောကြားသည်။

မြို့တော်၏ ဝါရှင်တန်ဟိုက်ဝန်းကျင်တွင် တိုက်ခိုက်မှုတစ်ခုအတွက် အကူအညီတောင်းလာသောကြောင့် ရဲက တုန့်ပြန်ရာတွင်လည်း နောက်ထပ် ပစ်ခတ်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly