ချင်းရိုင်နယ်စပ်ဂိတ်တွင် မြန်မာ ၂၀၀၀ ခန့် လိပ်ကျွန်းအမှုအတွက် ဆန္ဒပြ

ချင်းရိုင်နယ်စပ်ဂိတ်တွင် မြန်မာ ၂၀၀၀ ခန့် လိပ်ကျွန်းအမှုအတွက် ဆန္ဒပြ
လိပ်ကျွန်းလူသတ်မှု နှင့် ပတ်သက်၍  ထိုင်းတရားရုံး ၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်မှုကြောင့် ရန်ကုန်မြို့  တွင် ဆန္ဒပြနေစဉ်။ (ဓာတ်ပုံ- သက်ကို)

ဗြိတိန်စုံတွဲ သတ်မှုဖြင့် သေဒဏ်ကျခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးက အမှန်ပြစ်မှုကျုးလွန်ခြင်းမရှိဟု ယုံကြည်လျက် ဆန္ဒပြသူ ၂၀၀၀ ဝန်းကျင်ခန့် ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် မယ်ဆိုင်ခရိုင်ရှိ နယ်စပ်စစ်ဆေးရေးဂိတ်တွင် စုရုံးဆန္ဒပြခဲ့ကြသည်။

နံနက် ၉ နာရီခွဲက ယင်းဂိတ်စခန်းမှ နှစ်ကီလိုမီတာ အကွာအဝေးတွင် ရှိသော အားကစားကွင်း၌ စတင်လူစုရုံးခဲ့ကြခြင်းဖြစ်သည်။

လူစုရုံးပြီးနောက် သေဒဏ်ကျမြန်မာနှစ်ဦး ပြန်လည်လွှတ်ပေးရေး တောင်းဆိုရန် နယ်စပ်ဂိတ်ရှိ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားသို့ စီတန်းချီတက်လာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့က ဗြိတိန်စုံတွဲ မီလာနှင့် ဟန်နာတို့ကို သတ်ဖြတ်ခြင်းနှင့် ဟန်နာကို မုဒိမ်းကျင့်မှုတို့ဖြင့် ဆူရတ်ဌာနီရှိ ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly