လိပ်ကျွန်းစီရင်ချက်အပေါ် ဆန္ဒပြမှုက နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မည်မဟုတ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

လိပ်ကျွန်းစီရင်ချက်အပေါ် ဆန္ဒပြမှုက နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မည်မဟုတ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

လိပ်ကျွန်းလူသတ်မှုတွင် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား ထိုင်းတရားရုံး၏ စီရင်ချက်အပေါ် မြန်မာနိုင်ငံအတွင်း ဆန္ဒပြမှုများက ထိုင်းနှင့် မြန်မာနှစ်နိုင်ငံကြား ဆက်ဆံရေးဆိုးဝါးကာ ခပ်တန်းတန်းဖြစ်ပွားလိမ့်မည်ဟု မယုံကြည်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဒဝီနိုင်က ပြောသည်။

ထိုင်းအစိုးရက ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို ဂရုပြုပါကြောင်း ၎င်းက ပြောပြီး "ဒါပေမယ့် ကျွန်တော်တို့က ဒါကို တရားစီရင်ရေးလမ်းကြောင်းအတိုင်း သွားရမယ်။ ဒါကလည်း နိုင်ငံတကာ ကျင့်ဝတ်စံတစ်ရပ်ပါ။ ထိုင်းတရားရုံးစနစ်က ကောင်းမွန်လက်ခံနိုင်စရာရှိပါတယ်။"ဟု ၎င်းက ပြောခဲ့သည်။

Ref: The Nation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly