ထိုင်းဘုရင်ထံ မြန်မာဆန္ဒပြသူများ တောင်းဆိုချက် ပို့ပေးမည်ဟု ထိုင်းကောင်စစ်ဝန် ကတိပေး

ထိုင်းဘုရင်ထံ မြန်မာဆန္ဒပြသူများ တောင်းဆိုချက် ပို့ပေးမည်ဟု ထိုင်းကောင်စစ်ဝန် ကတိပေး
ဓာတ်ပုံ- သက်ကို

မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးအား ထိုင်းနိုင်ငံ လိပ်ကျွန်းက ဗြိတိန်စုံတွဲလူသတ်မှုဖြင့် ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်ခြင်းအပေါ် ဆန္ဒပြမှုများ ဖြစ်ပွားနေရာ ရန်ကုန်ရှိ ထိုင်းသံရုံးမှ သံတမန်တစ်ဦးက ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို ထိုင်းဘုရင်ထံသို့ အသနားခံ တင်ပြပေးမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

ထိုင်းကောင်စစ်ဝန် Chatnopdol Aksornsawad က ၎င်းအနေဖြင့် ထိုင်းတရားစီရင်စနစ်ကို စွက်ဖက်နိုင်ခြင်း မရှိကြောင်း၊ ဆန္ဒပြသူမျာ၏ တောင်းဆိုချက်များကိုမူ မြန်မာပြည်သူများ၏ ခံစားချက်အပေါ် ကရုဏာသက်သည့် ထိုင်းဘုရင်နှင့် ထိုင်းပြည်သူများထံသို့ ပေးပို့ပေးမည်ဖြစ်ကြောင်း သံရုံးရှေ့ ဆန္ဒပြသူများကို  ပြောကြားခဲ့သည်။

တရားခံနှစ်ဦးအတွက် မြန်မာအစိုးရက အယူခံဝင်ခြင်းနှင့်အတူ ကူညီပေးသွားမည်ဖြစ်ကြောင်း ဖေ့ဘုတ်တွင် မှတ်ချက်ပြုပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly