သြစတြေးလျ ခရစ္စမတ်တောမီးတွင် နေအိမ် အလုံး ၁၀၀ကျော် မီးလောင်ကျွမ်း

သြစတြေးလျ ခရစ္စမတ်တောမီးတွင် နေအိမ် အလုံး ၁၀၀ကျော် မီးလောင်ကျွမ်း

မဲလ်ဘုန်း၊ ဒီဇင်ဘာ - ၂၆ ။            ။ သြစတြေးလျ ကမ္ဘာလှည့်နေရာတစ်ခုတွင် ခရစ္စမတ်နေ့ တောမီးမှာ စနေနေ့တွင် ထိန်းမနိုင်သိမ်းမရ အန္တရာယ်ရှိသည့်အဆင့်သို့ ရောက်ရှိလာခဲ့ပြီး နေအိမ်အလုံး ၁၀၀ကျော် မီးကူးစက်လောင်ကျွမ်းခဲ့ကာ ပူပြင်းသည့် တောင်ပိုင်းနွေရာသီတွင် ပိုမိုအားကောင်းလာဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

မီးသတ်သမား ၁၅၀ခန့်မှာ သာယာလှပသည့် ဝိတိုရိယပြည်နယ်၏ Great Ocean လမ်းမတစ်လျှောက်တွင် မီးတောက်မီးလျှံများနှင့် တိုက်ပွဲဝင်နေခဲ့ရပြီး၊ ကယ်ဆယ်ရေးအဖွဲ့များမှာလည်း ခရစ္စမတ်နေ့ ညနေခင်း ကမ်းရိုးတန်းတစ်လျှောက် အလျှံညီးညီးတောက်ပနေသည့် ညကောင်းကင်အောက်တွင် မီးဘေးကြောင့် အပျက်အစီးများကို ခန့်မှန်းရေတွက်နေကြရသည်ဟု ဆိုသည်။

အရေးပေါ် ဝန်ဆောင်မှုဌာနမှ ပြောခွင့်ရအမျိုးသမီး၏ ပြောကြားချက်အရ၊ ဝိုင်းမြစ်အရပ်တွင် နေအိမ် ၈၅လုံး မီးလောင်ကျွမ်းသွားကြောင်း အတည်ပြုနိုင်ခဲ့ပြီး၊ Separation Creek ဝန်းကျင်တွင် နောက်ထပ် အိမ် ၁၈လုံး မီေးလာင်ကျွမ်းခံရသောကြောင့် မဲလဘုန်းအနောက်တောင်ဘက် ၇၅မိုင်အကွာရှိ မြို့နယ်နှစ်ခုတွင် စုစုပေါင်း အိမ် ၁၀၃်လုံး မီးလောင်ကျွမ်းခံခဲ့ရသည်ဟု ဆိုသည်။

ခြောက်သွေ့နေသည့် အခြေအနေများကြောင့် Great Ocean လမ်းမဧရိယာနှင့် ဝိတိုရိယပြည်နယ်၏ ကျန်အစိတ်အပိုင်းများတွင် နောက်ထပ် မီးလောင်ကျွမ်းဦးမည့် အန္တရာယ်များ ရှိနေသည်ဟု ထိပ်တန်း အရေးပေါ်ဌာန အရာရှိများက ပြောကြားခဲ့သည်။

ဒီမီးက ငြိမ်းသွားဦးမှာ မဟုတ်ဘူး။ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေအထိ ဆက်လောင်ဦးမယ့်သဘောရှိတယ်ဟု အစိုးရ အရေးပေါ်ဌာန ကော်မရှင်နာ ခရိတ် လပ်စလေက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဇန်နဝါရီလမှာ ပူပြင်းလေထန်တဲ့ ရာသီဥတုထဲကို ရောက်သွားပြီဆိုတာ သေချာနေတော့ အရာအားလုံးက မီးလောင်ချင်စရာဖြစ်နေတယ်ဟု ၎င်းက ပြောကြားခဲ့သည်။ လှပသည့် ရှုမျှော်ခင်း များနှင့် တောင်ပိုင်းသမုဒ္ဒရာ ကမ်းလွန်ရှိ ဆန်းကြယ်သည့် ကျောက်ဆောင်များကြောင့် Great Ocean Road မှာ သြစတြေးလျနိုင်ငံ၏ ကမ္ဘာလှည့်များကို အဆွဲဆောင်နိုင်ဆုံး နေရာတစ်ခုပင် ဖြစ် သည်။ နှစ်တစ်နှစ်၏ အစည်ကားဆုံးအချိန်ဖြစ်နေသောကြောင့် စနေနေ့တွင် ယာဉ်ကြောများလည်း ကျပ်ပိတ်နေခဲ့သည်။

ဒီဇင်ဘာ ၁၉ရက်နေ့တွင် မိုးကြိုးပစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး လေကလည်းပင့်နေသောကြောင့် ဟက်တာ ၂၀၀၀ကျော်မျှကို လောင်ကျွမ်းသွားခဲ့သည်ဟု ဆိုသည်။ မီးမှာ ပန်းခြံအထိ ကူးစက်လာ ခဲ့သောကြောင့် Great Otway အမျိုးသားဥယျာဉ် ဝန်းကျင်ရှိ စြင်္က ံလမ်းများကို အများပြည်သူ အသုံးပြုခွင့် ပိတ်ပင်ထားခဲ့ရသည်။

ယခုမီးလောင်မှုမှာ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဝိတိုရိယနှင့် အခြားပြည်နယ်များတွင် လောင်ကျွမ်းခဲ့သည့် တောမီးများထဲတွင် လတ်တလောအကျဆုံး မီးလာင်မှုပင် ဖြစ်သည်။ ၂၀၀၉ ခုနှစ် ကလည်း ဝိတိုရိယပြည်နယ်တွင် သြစတြေးလျ၏ ခေတ်အဆက်ဆက် အဆိုးရွားဆုံး မီးလောင်မှုကို ကြုံတွေ့ခဲ့ရရာ အနက်ရောင်စနေနေ့ဟုပင် ခေါ်တွင်ခဲ့ရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly