အဆိုတော် ချမ်းချမ်း ၏ အိပ်မက် DVD အခွေ ဇန်နဝါရီ ၂ရက်တွင် ထွက်ရှိမည်

အဆိုတော် ချမ်းချမ်း ၏ အိပ်မက် DVD အခွေ ဇန်နဝါရီ ၂ရက်တွင် ထွက်ရှိမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ။     ။ အဆိုတော် ချမ်းချမ်း၏ ကိုယ်ပိုင် သံစဉ်များ ပါဝင်သည့် အိမ်မက် အမည်ရှိ တစ်ကိုယ်တော် တေးအယ်ဘမ် DVD အခွေကို ဇန်နဝါရီ ၂ရက်တွင် The Sun Music Production မှ မြန်မာတစ်နိုင်ငံလုံးသို့ စတင် ဖြန့်ချိ သွားမည် ဖြစ်သည်။

ချမ်းချမ်း ၏ အိမ်မက် တေးအယ်ဘမ် DVD အခွေ ထွက်ရှိမည့် အကြောင်း စာနယ်ဇင်းများ နှင့် မိတ်ဆက် ပေးသည့် အခမ်းအနားကို ဒီဇင်ဘာ ၂၆ရက်တွင် ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဘုရားလမ်းရှိ Orchid Hotel ၌ ကျင်းပခဲ့သည်။

အဆိုတော် ချမ်းချမ်းက "ပရိသတ် ကြိုက်မယ့် ပုံလေးတွေကို ရိုက်ကူးထားတယ်။ သီချင်း တစ်ပုဒ်ချင်းစီနဲ့ လိုက်ဖက်မယ့် သရုပ်ဆောင်တွေကို ရွေးပြီး ရိုက်ထားတယ်။ Audio CD ထဲ အမသီချင်း ၁၁ပုဒ်ပဲ ရိုက်ထားတယ်။ ပရိသတ်တွေလည်း ကြိုက်မယ် ထင်တယ်။ ဒီထဲမှာ အိပ်မက် သီချင်းကို အမတို့ မိသားစုရဲ့ Life ပုံစံကို Documentary နဲ့ ရိုက်ကူးထားတယ်" ဟု ပြောသည်။

ထို DVD တေးအယ်ဘမ်တွင် ပါဝင်သည့် အိပ်မက် တေးသီချင်းကို အဆိုတော် ချမ်းချမ်း နှင့် ဘုဏ်းသိုက်တို့၏ ချစ်သူ စဖြစ်သည့် အချိန်မှ စပြီး သမီးလေး ဂင်္ဂါမေ မွေးပြီးသည် အထိကို Documentary ပုံစံမျိုး ထည့်သွင်းထားခြင်း ဖြစ်သည်။

ဒါရိုက်တာတွေ အနေဖြင့် ဘုဏ်းသိုက်၊ တင်ဝင်းလှိုင်၊ လွင်ကိုကိုဦး၊ ထူးပိုင်ဇော်ဦး၊ ဝေဖြိုး၊ နေထိုက်စိုး စသည့် ဒါရိုက်တာ များမှ ရိုက်ကူး ပုံဖော်ပေးထားပြီး သရုပ်ဆောင်များ အဖြစ် သူထူးစံ၊ ဆန်းထွဋ်၊ သီဟ၊ ဘုဏ်းသိုက်၊ ရတနာမိုင်၊ ချမ်းချမ်း၊ ထားထက်ထက်၊ ခိုင်သဇင်ယုဝါ၊ ရွှေအိမ်စည် အပြင် တခြား သရုပ်ဆောင်များလည်း ပါဝင် သရုပ်ဆောင် ထားသည်။

အဆိုတော် ချမ်းချမ်းသည် အိမ်မက် တေးအယ်ဘမ် DVD အခွေ အပြင် ၎င်း၏ သီချင်း ၅ပုဒ် ပါဝင်သည့် Mini Album ကိုပါ ပရိသတ် အတွက် လက်ဆောင် အနေဖြင့် ထည့်သွင်း ပေးထားပြီး ထို Mini Album ထဲမှ တေး သီချင်း ၂ပုဒ်ကိုပါ DVD ရိုက်ကူးပြီး အိမ်မက် DVD အယ်ဘမ်ထဲတွင် ထည့်သွင်း ပေးထားသည်။

အခွေ ထွက်ရှိမည့် ဇန်နဝါရီ ၂ရက်တွင် ဂျန်းရှင်းစကွဲ၌ ညနေ ၄နာရီ မှ ၅နာရီ အထိ အဆိုတော် ချမ်းချမ်း နှင့် အနုပညာရှင်များမှ အမှတ်တရ လက်မှတ် ရေးထိုးမည် ဖြစ်ပြီး အမှတ်တရ လက်ဆောင်များ၊ ဂိမ်းအစီအစဉ် များလည်း ပါဝင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly