အိန္ဒိယဝန်ကြီးချုပ် မိုဒီ ပါကစ္စတန်သို့ ရှောင်တခင် အလည်အပတ်ခရီးသွားရောက် ပိုမိုကောင်းမွန်သော ဆက်ဆံရေးထူထောင်ရန် သဘောတူ

အိန္ဒိယဝန်ကြီးချုပ် မိုဒီ ပါကစ္စတန်သို့ ရှောင်တခင် အလည်အပတ်ခရီးသွားရောက် ပိုမိုကောင်းမွန်သော ဆက်ဆံရေးထူထောင်ရန် သဘောတူ

လာဟိုး၊ ဒီဇင်ဘာ - ၂၆ ။           ။ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီသည် ဒီဇင်ဘာ ၂၅ ရက်နေ့က ပါကသစ္စတန်ဝန်ကြီးချုပ် နာဝပ် ရှရစ်နှင့် တွေ့ဆုံရန်အတွက် ရှောင်တခင်ချစ်ကြည်ရေးခရီး သွားရောက် ခဲ့ပြီး အဆင့်မြင့် ငြိးမ်ချမ်းရေး ဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြသည်။

ဆယ်နှစ်ကျော်ကာလအတွင်း အိန္ဒိယဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် ပါကစ္စတန်မြေပေါ်သို့ ခြေချသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ စစ်ပွဲသုံးကြိမ်တိုက်ခဲ့သည့် အိမ်နီးချင်းနှစ်နိုင်ငံကြား ပုံမှန်ဆက်ဆံရေးများ ပြန်လည်ထူထောင်နိုင်မည့် ခြေလှမ်းတစ်ရပ်အဖြစ် ဝေဖန်သုံးသပ်သူများက ယူဆနေကြသည်။

နေ့လယ်ခင်းနှောင်းပိုင်းအချိန်တွင် လာဟိုးမြို့ရှိ အယ်လမ်မာ အစ်ဘဲ နိုင်ငံတကာလေဆိပ်ကြီးသို့ အိန္ဒိယလေတပ် ဂျမ်ဘို ဂျတ်လေယာဉ်ကြီး ဆင်းသက်နေပုံကို ရိုက်ပြထားသည်။ ထိုနေ့တွင်ပင် ကျရောက်သည့် မွေးနေ့အခါသမယကို ဆင်ယင်ကျင်းပနေသည့် ရှရစ်က အစောပိုင်းကတည်းက ရဟတ်ယာဉ်ဖြင့် ပျံသန်းရောက်ရှိလာခဲ့သည်။

အစိုးရဝန်ကြီးများခြံရံရျ် ရှရစ်က မိုဒီကို လက်ခံကြိုဆိုခဲ့ရာ ကောဇောနီတတစ်လျှောက်တွင် စစ်တပ်အရာရှိကြီးများက တန်းစီစောင့်စားနေခဲ့ကြသည်။ ခေါင်းဆောင်နှစ်ယောက်စလုံးမှာ အမျိုးသားဝတ်စုံ ကိုယ်စီ ဝတ်ဆင်ထားကြပြီး ရှရစ်၏ ရဟတ်ယာဉ်ဖြင့် မြို့၏ တောင်ဘက်ရှိ ပါကစ္စတန်ဝန်ကြီးချုပ်၏ နန်းတော်ဆန်ဆန် အိမ်တော်ယာဆီသို့ ပျံသန်းသွားခဲ့ကြသည်။

ဘေးချင်းယှဉ်လျှောက်လာစဉ် နှစ်ယောက်သားမှာ အပြုံးကိုယ်စီနှင့် ဖြစ်ကြပြီး၊ ရှရစ်၏ ဧည့်ခန်းထဲတွင် စကားစမြည်ပြောဆိုနေခဲ့ကြသည်။ နှစ်နာရီခွဲကြာမျှ စကားပြောအပြီးတွင် ရှရစ်က မိုဒီကို လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး အိုက်ဇက် အာမတ် ချောင်ဒရီက ချစ်ကြည်ရေးခရီးစဉ် သက်သက်မျှသာ ဖြစ်ကြောင်း နောက်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အားလုံးလွှမ်းခြုံ အကြုံးဝင် တဲ့ဆွေးနွေးပွဲတွေ ဆက်လုပ်သွားနိုင်ဖို့အတွက် နောက်လအလယ်လောက်မှာ နှစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ အစ္စလာမ်မာဘတ်မှာ တွေ့ဆုံသင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်ဟု ချောင်ဒရီကပြော ကြားခဲ့သည်။

မိုဒီက ရှရစ်ကို မွေးနေ့နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး တွေ့ဆုံမှုမှာ နွေးနွေးထွေးထွေး ရှိခဲ့သည်ဟု ဆိုသည်။ နှစ်နိုင်ငံခေါင်းဆောင်တွေ တစ်ယောက်အမြင် တစ်ယောက်နားလည်မှသာ ပြည်သူ လူထုတွေအတွက် ကြွယ်ဝမှုတံခါးတွေ ပွင့်လာမယ်လို့ ခေါင်းဆောင်နှစ်ယောက်စလုံးက သဘောတူခဲ့ကြပါတယ်ဟု ချောင်ဒရီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly