ဖားကန့်တွင် မြေထပ်ပြို လူငါးဦး သေဆုံး ၅၀ ကျော် ပျောက်ဆုံးနေ

ဖားကန့်တွင် မြေထပ်ပြို လူငါးဦး သေဆုံး ၅၀ ကျော် ပျောက်ဆုံးနေ
နိုဝင်ဘာ ၂၁ ရက်က မြေစာပုံ ပြိုကျမှုကို ကယ်ဆယ်နေစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ကချင်ပြည်နယ် ဖါးကန့်မြို့နယ် ဥရုချောင်းအနီးရှိ ဆွတ်အောင်ရွာနှင့် ရှမ်းစုရွာကြားတွင် ရေမဆေးကျောက် ရှာဖွေနေသူများ မြေစာပုံ ပြိုကျရာမှ လူ ၅၀ နီးပါး ပျောက်ဆုံးနေသည်ဟု AFP သတင်းတစ်ရပ်တွင် ဖေါ်ပြသည်။

“ကျနော်တို့ ဒီမနက်ပဲ ရှာဖွေ၊ ကယ်ဆယ်ရေး လုပ်နေပါတယ် လူငါးဦးသေဆုံးပြီး ငါးဆယ်လောက်ကတော့ ပျောက်နေပါတယ်” ဟု ဖါးကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဆွေမြင့်က ပြောသည်။

ဖားကန့်မြို့နယ်အတွင်း နိုဝင်ဘာ ၂၁ ရက်ကလည်း မြေစာပုံပြိုကျရမှာ လူ ၁၁၅ ကျော် သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags