ရုရှားက အိန္ဒိယတွင် နျူကလီးယားဓါတ်ပေါင်းဖို ၁၂ခု တည်ဆောက်ပေးမည်

ရုရှားက အိန္ဒိယတွင် နျူကလီးယားဓါတ်ပေါင်းဖို ၁၂ခု တည်ဆောက်ပေးမည်

မော်စကို၊ ဒီဇင်ဘာ ၂၅ ။              ။ အိန္ဒိယ၏ စွမ်းအင်လိုအပ်ချက်မြင့်မားလာမှုကို ဖြည့်ဆည်းနိုင်ရာ နှစ် ၂၀ အတွင်း အိန္ဒိယနိုင်ငံတစ်ဝန်း နျူကလီးယားဓါတ်ပေါင်းဖိုသစ် ၁၂ ခုကို တည်ဆောက်ပေးရန် ရုရှားက သဘောတူလိုက်ပြီဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်က ပြောသည်။

ဒီဇင်ဘာ ၂၄က ကရင်မလင်တွင် သမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီးနောက် အိန္ဒိယဝန်ကြီးချုပ်က ယင်းသို့ကြေညာခဲ့ခြင်းဖြစ်သည်။ ၂၀၃၅တွင် အပြီးတည်ဆောက်မည့်   နျူဓါတ်ပေါင်းဖို ၁၂လုံးအနက် နှစ်လုံးကို အိန္ဒိယတောင်ပိုင်း တမီးလ်နာဒူးပြည်နယ် တီရူနဲလ်ဗေလီခရိုင်ရှိ ကူဒန်ကူလမ်နျူကလီယားဓါတ်အားပေးစက်ရုံတွင် တည်ဆောက်မည်ဖြစ်သည်။

တောင်ပိုင်းရှိ အန်ဒရာပရာဒေ့ရှ်ပြည်နယ်ရှိ နေရာတစ်ခုတွင်လည်း ကျန်ဓါတ်ပေါင်းဖိုများအတွက် သတ်မှတ်နိုင်ဖွယ်ရှိသည်။

နှစ်နိုင်ငံကြား အရပ်ဘက်ဆိုင်ရာနျူကလီးယားပူးပေါင်းဆောင်ရွက်မှုမှာ ဆွေးနွေးပွဲ၏ အရေးကြီးဆုံးအကြောင်းအရာတစ်ခုဖြစ်နေဆဲဟု မိုဒီနှင့် ဆွေးနွေးပွဲအပြီး ပူတင်က ပြောသည်။ နှစ်နိုင်ငံသည် ဂျက်တိုက်လေယာဉ်ပုံစံသစ်တစ်မျိုးနှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်တို့ ပူးတွဲထုတ်လုပ်ရန်လည်း စီစဉ်နေသည်ဟု ပူတင်က ပြောသည်။

၁၆ကြိမ်မြောက် အိန္ဒိယ-ရုရှားနှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲတက်ရန် မိုဒီသည် ရုရှားတွင် နှစ်ရက်ကြာရောက်ရှိနေခဲ့ပြီး ဒေါ်လာဘီလျံများစွာတန်ဘိုးရှိ ကာကွယ်ရေးနှင့် နျူကလီးယားသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly