အိုင်အက်စ်ကို တိုက်ဖျက်ရေး ပူတင် ရန်သူတော်ဟောင်း တာလီဘန်နှင့် သတင်းအချက်အလက် ဝေမျှ

အိုင်အက်စ်ကို တိုက်ဖျက်ရေး ပူတင် ရန်သူတော်ဟောင်း တာလီဘန်နှင့် သတင်းအချက်အလက် ဝေမျှ

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၅ ။           ။ ဒေသတွင်းအိမ်နီးချင်း အာဖဂနစ္စတန်နိုင်ငံတွင် အိုင်အက်စ်တိုက်ခိုက်ရေးသမားအရေအတွက်မှာ တိုးပွားလာနေသောကြောင့် ရုရှသမ္မတ ဗလာဒီမီယာ ပူတင်မှာ ထောက်လှမ်းရေး သတင်းအချက်အလက်များကို မျှဝေရန်အတွက် ရန်သူတော်ဟောင်း တာလီဘန်ထံသို့ ခြေဦးလှည့်လာခဲ့သည်။

မော်စကိုနှင့် အာဖဂန်တာလီဘန်တို့ကြား ဆက်သွယ်မှုမှာ အိုင်အက်စ်ကို ဆန့်ကျင်တိုက်ဖျက်ရန်အတွက် ထောက်လှမ်းရေး သတင်းအချက်အလက်များ ဝေမျှခြင်းနှင့်သာ သက်ဆိုင်ကြောင်း ရုရှနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာရီယာ ဇာခါရိုဗာက ပြောကြားခဲ့သည်။

ပူတင်မှာ တာလီဘန်တို့နှင့် လက်တွဲခြင်းဖြင့် ဘာ့ကြောင့် သူ့ကိုယ်သူ စွန့်စားရပါသလဲ။ ရန်သူ၏ ရန်သူနှင့် အဆင်ပြေအောင်ကြိုးစားချင်းလားဟူသော မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။

အိုင်အက်စ်အကြမ်းဖက်အုပ်စုမှာ မကြာသေးမီလများအတွင်း အာဖဂန်နစ္စတန်တွင် ခြေကုပ်ရလာခဲ့ပြီး တိုက်ခိုက်ရေးသမား ၃၀၀၀နီးပါးမျှအထိ တိုးပွားလာခဲ့သည်ဟု အမေရိကန်တပ်မှူးက ပြီးခဲ့သည့်လက ကွန်ဂရက်သို့ ပြောကြားခဲ့သည်။

ပူတင်မှာ တစ်ဖက်တွင် ကော့ကေးဆပ်ဒေသမှ ထောင်ပေါင်းများစွာသော ဂျီဟတ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေရသလို၊ အခြားတစ်ဖက်တွင်လည်း ဆီးရီးယား၌ အိုက်အက်စ်အကြမ်းဖက်အုပ်စုကို တိုက်ပွဲဝင်နေရသည်။

 ‘ဆီးရီးယားတွင် ကော့ကေးဆပ်မြောက်ပိုင်းမှ ဂျီဟတ်များ ဝင်ရောက်တိုက်ခိုက်နေကြသောကြောင့် အိုင်အက်စ်နှင့် ကော့ကေးဆပ်မြောက်ပိုင်း သူပုန်များကြားတွင် အဆက်အသွယ် အခိုင်အမာရှိနေပြီး၊ ယင်းမှာ ကြီးမားသည့် အန္တရာယ်တစ်ခုပင်ဖြစ်သည်။ ထိုအစ္စလာမ်အုပ်စုများနှင့်စာလျှင် တာလီဘန်များက တော်သေးသည်ဟု ရုရှက ယူဆကောင်း ယူဆနိုင်ကြောင်း ဝါရှင်တန် မဟာဗျူဟာနှင့်   နိုင်ငံတကာ လေ့လာမှုဌာနမှ အော်လဂါ အိုလီခါက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly