ဒါရိုက်တာဝိုင်း မင်္ဂလာပွဲတက်ဝတ်စုံအပေါ် ကိုယ့်လိပ်ပြာကိုယ်လုံပါတယ်လို့ ဆိုတဲ့ ဝတ်မှုံရွှေရည်

ဒါရိုက်တာဝိုင်း မင်္ဂလာပွဲတက်ဝတ်စုံအပေါ် ကိုယ့်လိပ်ပြာကိုယ်လုံပါတယ်လို့ ဆိုတဲ့ ဝတ်မှုံရွှေရည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ။              ။ ဒါရိုက်တာ ဝိုင်း မင်္ဂလာပွဲသို့ တက်ရောက်ခဲ့သည့် သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည်၏ ပွဲတက်ဝတ်စုံ နှင့် ပတ်သက်ပြီး အင်တာနက် စာမျက်နှာပေါ်တွင် ပရိသတ် ပြောဆိုမှုများစွာ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ဝတ်စုံကို ဒီဇိုင်နာ မိုးကုတ် ပေါက်ပေါက်က ဖန်တီး ချုပ်လုပ် ပေးထားခြင်း ဖြစ်ပြီး ထိုဝတ်စုံ နှင့် ပတ်သက်ပြီး သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည်က ကိုယ့်လိပ်ပြာကိုယ်လုံကြောင်း ချစ်လှစွာသော အမုန်း ဇာတ်ကား အထူးပြသပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

"ဒီကိစ္စက ကစ် အနေနဲ့ ဖြေရှင်းနေစရာ မလိုဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကစ် ကိုယ့်လိပ်ပြာ ကိုယ်လည်း လုံပါတယ်။ ကစ် အဲလိုမျိုး လူတွေ ပြောနေသလို ဝတ်ပြီး သွားခဲ့တာ မဟုတ်ပါဘူး။ အထင်မှား အမြင်မှားတဲ့ ကိစ္စ တစ်ခု အတွက်နဲ့ ကစ် မဖြေရှင်းချင်ပါဘူး။ ပြောလည်း မပြောချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကစ် ပရိသတ်တွေ ကစ်ကို ချစ်တယ် ရပ်တည် ပေးကြတယ် ကာကွယ် ပေးကြတဲ့ အတွက် ကစ်အတွက် ဘာနဲ့မှ မလဲနိုင်တဲ့ ပျော်ရွှင်မှုပါ။ အရမ်းပျော်ရပါတယ်" ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly