အာဆီယံစီးပွားရေးအသိုက်အဝန်းတွင် အသင့်အနေအထားဖြစ်ရန် နည်းပညာနှင့်ကျွမ်းကျင်လုပ်သားလို

အာဆီယံစီးပွားရေးအသိုက်အဝန်းတွင် အသင့်အနေအထားဖြစ်ရန် နည်းပညာနှင့်ကျွမ်းကျင်လုပ်သားလို
ရန်ကုန်မြို့ ပြည်လမ်းရှိ သံဒိုင်း အသုံးပြု အဆောက်အဦ ဆောက်လုပ်နေစဉ်။ ၂၇ သြဂုတ် ၂၀၁၄။ (ဓာတ်ပုံ- မဇ္စျိမ)

ရန်ကုန်၊ဒီဇင်ဘာ၂၄ ။          ။ ကမ္ဘာလုံးဆိုင်ရာဈေးကွက်အခွင့်အလမ်းကို ဖန်တီးပေးနိုင်သည့် အာဆီယံစီးပွားရေး အသိုက်အဝန်းတွင် မြန်မာနိုင်ငံအနေဖြင့် အသင့်အနေအထားဖြစ်ရန်အတွက် နည်းပညာပိုင်းနှင့် ကျွမ်းကျင်လုပ်သားလိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။

ထုတ်ကုန်အရည်အသွေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးအပြင် ဈေးကွက်ဖြန့်ချိရေးအပိုင်းများ ကိုဦးစားပေးလုပ်ကိုင်နေကြောင်း၊နည်းပညာများကို အသုံးချရန်အတွက် လေ့လာသင်ယူနေပြီး နည်းပညာကဏ္ဍကိုတိုးချဲ့ရန်အတွက်လည်းပြင်ဆင်နေကြောင်း United Paint Group ကုမ္ပဏီမှအုပ်ချုပ်မှုဒါရိုက်တာ ဦးအေးဟန်ကပြောသည်။

"အများစုကတော့ မှန်တာပြောရင် သေချာသလောက် နောက်ကျနေပါတယ်၊ နောက်ကျတဲ့ထဲကဘာတစ်ခုပြန်လုပ်လို့ရ သလဲဆိုရင် နည်းပညာအပိုင်းပေါ့၊   မြန်အောင်လုပ်ဖို့ဆိုတာက နည်းပညာအင်အားကိုသုံးမှရမယ်၊ အောင်မြင်တဲ့၊ တိုးတက်တဲ့ကုမ္ပဏီတွေသည် နည်းပညာအားကိုသုံးတဲ့အခါမှာဈေးကွက်ကပိုကောင်းသွားတယ်၊စဉ်းစားရမှာက SMEsတွေမှာမိရိုးဖလာပေါ့၊ သူုတို့ကအရင်အတိုင်းပဲလုပ်မယ်၊နည်းပညာနဲ့ ပေါင်းလိုက်တဲ့အခါကျရင် ကမ္ဘာ့ကသန်း ၇၀၀၀ ကို လည်း ကျွန်တော်တို့ ဘာလုပ်သလဲသိရင်သိသွားမယ်။"   Future Myanmar Consultant/Training/Service ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးဇင်ဖြိုးပိုင်က ဆိုသည်။

ကျွမ်းကျင်လုပ်သားများကို ပြုစုပျိုးထောင်ရန်နှင့် နည်းပညာတိုးမြှင့်ရန်အတွက်မှာ အာဆီယံနှင့် ကမ္ဘာ့ဈေးကွက်ထဲကိုသွားရောက်နိုင်ရန် နှစ်အတော်အကြာနောက်ကောက်ကျခဲ့သည့် မြန်မာပြည်၏ စီးပွားရေးအတွက် တိုက်ပွဲဝင်လက်နက်တွေအဖြစ် ကောင်းကောင်းအသုံးချဖို့လိုအပ်လာကြောင်း စီးပွားရေးအကြံပေး လုပ်ကိုင်သူဦးဇင်ဖြိုးပိုင်က ဆိုသည်။

ယင်းအပြင် တစ်ဘက်မှာလည်းရင်းနှီးမြှုပ်နှံမှုများကိုတိုးချဲ့ဖို့အတွက် စဉ်းစားလာနေကြသည်ကိုလည်းမြင်တွေ့နေရပြီး အမြဲအပြတ်ဖြစ်ပေါ်တိုးတက်နေမည့် စီးပွားရေးအတွေးအမြင်များ ကိုပြောင်းလဲပြင်ဆင် သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးဝေဖြိုး က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly