အခက်အခဲကို အခက်အခဲလို့ မမြင်ဘူး မကျော်လွှားနိုင်တာမရှိဘူးလို့ ပြောဆိုတဲ့ ဂီတမှူး အကယ်ဒမီ ဒီရာမိုရ်နဲ့ တွေ့ဆုံခြင်း

24 December 2015
အခက်အခဲကို အခက်အခဲလို့ မမြင်ဘူး မကျော်လွှားနိုင်တာမရှိဘူးလို့ ပြောဆိုတဲ့ ဂီတမှူး အကယ်ဒမီ ဒီရာမိုရ်နဲ့ တွေ့ဆုံခြင်း

ဒီတစ်ပါတ် Meet the Successful  အစီစဉ်မှာ ကျွန်တော်တွေ့ဆုံမေးမြန်းသွားမယ့်သူကတော့ ငယ်စဉ်ကတည်းက အောင်မြင်တဲ့ ဂီတမှုးတစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့သူ ဂီတမှူး အကယ်ဒမီ ဒီရာမိုရ် ဖြစ်ပါတယ်။ သူရဲ့ဘဝမှာ အောင်မြင်မှုကို ရရှိဖို့အတွက် ဘယ်လို ရုန်းကန် ကြိုးစားခဲ့သလည်း ဆိုတာ သိရှိနိုင်ဖို့  အောင်မြင်သူနဲ့ အတူ တွေ့ဆုံ စကားပြောကြည့်ပါမယ်။

အနုပညာက မိဘတွေကတော့ မျိုးရိုးမရှိဘူးပေါ့။ သာမန်ပဲပြောရမှာပေါ့။ အဖေက ဝန်ထမ်းလုပ်တယ် အမေက ရိုးရိုး အိမ်ရှင်မပေါ့။ ဘယ်ကနေစလဲဆိုတော့ ညီအစ်ကို စုစုပေါင်း ညီအစ်ကို မောင်နှမ ၇ယောက်ရှိတယ်။ ၇ယောက်တည်းမှာ အကြီးဆုံး အစ်ကိုက သူလူပျိုပေါက် ဖြစ်တဲ့အချိန်မှာ သီချင်းရေးတာတို့ တီးတာတို့၊ ပန်းချီဆွဲတာ ကဗျာရေးတာ သူက အကုန်လုပ်တယ်။ သူကအမြဲတမ်း ဝါသနာပါတယ်။ အိမ်မှာ သီချင်းတွေရေးတယ်။ သီချင်းတွေ တီးကြတယ်။

အစ်ကိုကတော့ အငယ်ဆုံးပေါ့ အစ်ကို မွေးတဲ့အချိန်မှာ သူနဲ့ ၁၅နှစ်လောက်ကွာတယ်။ မွေးတဲ့အချိန်မှာ အမြဲတမ်းအိမ်မှာ တီးဝိုင်းတွေ ရှိတယ်။ သီချင်းတွေ ဖွင့်နေတယ်။ အဲတာနဲ့ အမြဲတမ်း လိုက်ဆိုတာတော့ ငယ်ငယ်ကတည်းက ဂီတကို စိတ်ဝင်စားတာပေါ့နော်။ သူတို့ကလည်း စိတ်ဝင်စားမှန်းသိတယ်။ သိတဲ့အခါကျတော့ သိခြား စကားစပြီးပြောတတ်တဲ့ အရွယ်ကတည်းက အစ်ကိုကြီးက သီချင်းတွေ ဘာတွေ ရေးပေးတယ်။ ဧည့်သည်တွေ လာရင် သီချင်းဆိုခိုင်းတာ အဲလိုပေါ့နော်။ အဲဒီကစပြီး ငယ်ငယ်ကတည်းကို က မိသားစုကြားထဲမှာ ဂီတကို ဝါသနာပါနေတယ်ဆိုတာ အသိမှတ်ပြုခံရတယ်ပေါ့နော်။ ကျောင်းတက်လာတဲ့ အချိန်ကျတော့လည်း ဘင်ခရာ သင်တန်းတွေ တက်ဖြစ်တယ်။ ဂီတနဲ့ နည်းနည်း နီးစပ်တဲ့ လမ်းကို အမြဲတမ်း သွားဖြစ်နေသလို ဖြစ်နေတာပေါ့နော်။

အဲဒီတော့ ငယ်ငယ်လေးကတည်းက အစ်ကိုကလည်း ဂီတကို ဝါသနာပါတယ်ဆိုတော့ ဆရာမိဘတွေကကော အနုပညာမျိုးရိုးတော့ မဟုတ်ဘူး ဒါပေမယ့် ဆရာခုလို အောင်မြင်လာအောင် မိဘတွေက ဘယ်လိုမျိုး အားပေးမှုတွေ ပြုခဲ့တာလဲ ဆရာ။

မိဘတွေနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် သူတို့က အဖေက အနုပညာအလုပ်ကို ဝါသနာပါတယ်။ ရုပ်ရှင်ကြည့်ရတာလဲ ကြိုက်တယ်။ ရုပ်ရှင်ဆို ကားလဲတိုင်း သွားကြည့် ဖြစ်တယ်ပေါ့နော်။ နောက်ပြီးတော့ မဂ္ဂဇင်းဖတ်တယ်။ စာတွေဘာတွေ ဝါသနာပါတော့ ဖတ်တယ်။ ဒါပေမယ့် သူက ရိုးရိုးဝန်းထမ်းပဲ သူတို့မိသားစုတွေကလည်း နယ်ဘက်ကပဲ။ တောဘက်ကပေါ့နော်။

ငယ်ငယ်က ရပ်ကွက်မှာ ကဖူးတာတို့ ဘာတို့ပေါ့နော် အဲလောက်ပဲ ရှိတယ်။ ဒါပေမယ့် သူတို့နဲ့ ပတ်သက်ပြီး မှတ်မှတ်သားသား ပြောရမယ်ဆိုရင် သူတို့က ထွေထွေထူးထူး ဘာမှ အားမပေးခဲ့ဘူး။ ဒါပေမယ့် ဘာပဲလုပ်လုပ် သူတို့က မတားခဲ့ဘူးပေါ့နော်။ ဥပမာပြောရမယ်ဆိုရင် ၈တန်းစာမေးပွဲ ဖြေမယ့်ရက်တွေမှာ ဂီတာတွေ တီးနေတယ် သီချင်းတွေရေးနေတယ်။ စာမေးပွဲဖြေမယ့် မနက်ကိုလည်း ဂီတာတွေ တီးနေသေးတယ်။ အဲတာလဲ သူတို့က ဘာမှ မပြောဘူး။ ပြောရမယ်ဆိုရင် အမှတ်တရ ဖြစ်စရာပေါ့နော်။ အားပေးလားဆိုတော့ ထိထိရောက်ရောက်အားလည်း မပေးဘူး။ အနုပညာလုပ်တာတော့ ဘာမှ မပြောဘူး။ မတားဆီးဘူးပေါ့နော်။

ဆရာခုပြောတဲ့စကားလေးတွေက တိုက်ဆိုင်သွားတော့ ကျွန်တော် ဘာကို သတိရသွားလဲဆိုတော့ ဆရာရဲ့ အစ်ကို ဆရာအကြည်တော် ပြောသလိုပါပဲ။ ဆရာတို့အိမ်က ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်တယ်ဆိုတဲ့ အဲတာလေး ဟာသလေးကို သွားသတိရတယ်။ မိဘတွေကလဲ အဲလိုမျိုးပေါ့ သားသမီးတွေကို ကိုယ်ဖြစ်ချင်တဲ့ လမ်းကြောင်းကို လွတ်လပ်စွာ ထားထားတယ်ဆိုတော့ ဆရာအနေနဲ့ ဘယ်အရွယ်လောက်မှာ ဂီတလမ်း ကြောင်းကို Professional  ဖြစ်ချင်တယ်ဆိုတဲ့ ဆန္ဒမျိုး ဖြစ်ခဲ့တာလဲဆရာ။

ဂီတကို နည်းနည်းနီးစပ်သွားတာက ဘင်ခရာ သင်တန်း စတက်လိုက်တဲ့ အချိန်မှာ သတိထားမိသွား တာပေါ့နော်။ သင်တန်းတက်လိုက်တော့ သင်တန်းမှာကိုယ်လိုလူတွေက အများကြီးပါလာတယ်။ အယောက်၂၀/၃၀ အဲဒီအထဲမှာမှ အရမ်းထူးချွန်တဲ့ အထဲမှာ ထူးချွန်တဲ့ အပိုင်းကို သွားပြီး တွေ့တာပေါ့နော်။ သင်တန်းဆရာတွေကလည်း အားပေးတယ်။ ကိုယ့်ကိုကိုယ်လဲ သိလာတယ်။ ဂီတကို တော်တော် နီးစပ်နေပါလားပေါ့နော်။ ဥပမာ ထားပါတော့ ပုလွေ သင်ရတယ်။ Drum  တွေပါ သင်ရတယ်။ နားထဲမှာ ကြားတဲ့ အသံကို အကုန်လုံး ပြန်မှုတ်နိုင်တယ်ပေါ့နော်။ ပြီးတော့ သင်္ကေတတွေ သင်တဲ့အချိန်မှာ သူများထက်ပိုပြီးတော့ ပိုမြန်နေတာပေါ့နော်။ အဲဒီကစပြီး ၁၂ နှစ်သားလောက်ကပေါ့နော်။ သတိထားမိတယ်။ အဲတာလဲ ပြီးရော ဂီတာကို အတီးသင်ချင်တာပေါ့နော်။ ဂီတာ စပြီး တီးသင်တော့လည်း သူများတွေထက် ပိုမြန်တယ်။ အစ်ကိုတွေဆီက သင်တာပါပဲ။ ဒါပေမယ့် နှစ်လ သုံးလလောက်ကြာတော့  သူတို့ထက် ပိုတီးတတ်နေတဲ့ ပုံစံမျိုး ဖြစ်နေတာပေါ့နော်။ အဲတာနဲ့ ဂီတာဟာကိုယ်နဲ့ နီးစပ်နေပါလား ကိုယ့်ဟာကိုယ့်လည်း သိတယ်။ ပတ်ဝန်းကျင်ကလည်း သိတယ်။ မိသားစုကလည်း သိတယ်။

 ၉တန်းကျောင်းသားလောက်ကျတော့ တီးဝိုင်းထောင်ဖို့ စဉ်းစားတယ်။ အစ်ကိုကြီးတွေကလည်း အားပေးတယ်။ သူတို့မှာလဲ တီးဝိုင်းရှိတယ်။ ကိုယ်က တီးဝိုင်းခေါင်းဆောင်လုပ်တယ်။ ဒါပေမယ့် အနောက်က Menber  တွေက သူတို့ Originization  လုပ်ပေးတယ်။ ဘေ့တီးတဲ့ သူတွေ ခေါ်ပေးတာမျိုး အဲလိုပေါ့။ ၉တန်းကျောင်းသားလောက်ကို က ထဲထဲဝင်ဝင် ဂီတကို လုပ်နေပြီပေါ့ ။ ဒါပေမယ့် professional ဆိုတဲ့ အတွေးခေါ်တော့ မဝင်သေးဘူး။ professional အတွေးခေါ် ဝင်လာတာကတော့ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်ပေါ့နော်။ ဒီတက္ကသိုလ် လာပြီးတော့ သေသေချာချာ ဂဃနဏ သင်လိုက်တဲ့ ခါကျမှပဲ ဒါဆိုရင် သွားလို့ရပြီပေါ့နော်။ ကိုယ့်ဟာကိုယ်လဲ ယုံကြည်ချက်ရှိလာတယ်။ အဲဒီမှ professional ဆိုပြီးတော့ သွားမယ်ဆိုပြီး စိတ်ကူးဖြစ်တာ။

ဆရာတစ်ဖက်က ပြန်ကြည့်မယ်ဆိုလည်း ဆရာရဲ့ ညီအစ်ကိုတွေက ခုနက ကိုစန်းဆိုလည်း ပန်းချီ တော်တယ်ပေါ့။  ဆရာ့အစ်ကို ဆရာအကြည်တော်ဆိုလဲ စာရေးဆရာ အောင်မြင်တယ်ဆိုတော့ အဲလိုမျိုး ညီအစ်ကိုတွေနဲ့ အတူတူနေတဲ့ အချိန်မှာပေါ့ ဂီတအပြင် အခြားလမ်းကြောင်းကို စမ်းလုပ်ကြည့်ရင် ကောင်းမလားဆိုတဲ့ အခြားအနုပညာပေါ့နော်။ စိတ်ကူးတွေကော ရှိခဲ့လား ဆရာ။

ငယ်ငယ်တုန်းကလဲ ပြောရမယ်ဆိုရင်တော့ အဲလိုပေါ့နော်။ မျိုးစုံတော့ လုပ်ကြည့်ဖူးတယ်။ အစ်ကိုတွေနဲ့လည်း ပန်းချီတွေ ဘာတွေ လိုက်ဆွဲဖူးတယ်။ ပန်းချီ ပန်းပုကျောင်းမှာပဲ အကြာကြီး သွားနေဖူးတယ်။ အထူးသဖြင့်တော့ ဒီလိုင်းကိုလဲ စိတ်ဝင်စားတယ်။ သူတို့လဲ အားပေးတယ်။ ဘယ်လိုအားပေးလဲဆိုတော့ ကိုယ်က အနုပညာရဲ့ အခြေခံတွကို သွားပြီးတော့ ချိတ်မိနေတဲ့ နဂို Telent  တစ်ခုက ပါနေတဲ့ သဘောမှာ ရှိတယ်။ ကိုယ်ကတော့ လူငယ်ဆိုတော့ သိပ်မသိဘူး ။ သူတို့ကတော့ အကဲခတ်တာပေါ့နော်။ ဘာပဲသင်သင် သေသေချာချာ တတ်လိမ့်မယ်ဆိုတာ သူတို့က အားပေးတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အတွင်းထဲက စိတ်က ဂီတကို ပိုပြီး အားသန်တာ။ အားသန်တဲ့အတွက် ဂီတဘက်ကို ပိုပြီးလုပ်ဖြစ်တာပေါ့နော်။ ကျန်တဲ့အရာကတော့ နည်းနည်းလေး ထိမိတွေ့မိရုံလောက်ပါပဲ။

ငယ်စဉ်ကတည်းက ဂီတပညာနဲ့ ထိတွေ့ခွင့် ရရှိခဲ့ပြီး အနုပညာကို စိတ်ဝင်စားခဲ့တဲ့ အကယ်ဒမီ ဒီရာမိုရ်ဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့စဉ်က တေးရေး ဆရာတစ်ယောက်အဖြစ် စတင်ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။

ပထမဦးဆုံး ဘယ်ဘက်ကို စပြီး တိုးကြည့်လဲဆိုတော့ ကိုယ်တွေက ဘာမှ နောက်ခံမရှိဘူး။ နောက်ပြီးတော့ ကူညီတဲ့သူလည်း မရှိဘူး ချိတ်ဆက်လည်း မရှိဘူး။ လမ်းစလဲ မရှိဘူး အဲတော့ သူဘာသူ အောင်မြင်နေတဲ့ ဂီတ လောကကြီးရှိတယ်။ အဲလောကထဲ ဝင်ဖို့ဆိုတာ တော်တော်ကို ခက်ခဲတယ်လေ။ အဲဒီတော့ အနီးစပ်ဆုံး တစ်နည်းပဲ ရှိတယ်။ အဲတာဘာလဲဆိုတော့ သီချင်းရေးတာပဲ။ သီချင်းတွေကောင်းလို့ရှိရင် အဲသီချင်းရေးဆရာ နာမည်ကြီးစရာ မလိုဘူး။ တကယ့်ကို ဆိုတဲ့တတ်လူတစ်ယောက်နဲ့ တွေ့တယ်။ ကံကောင်းလို့ ပေါက်သွားရင် တေးရေးဆရာ နာမည်ကြီး တစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတဲ့ လမ်းက အနီးစပ်ဆုံးလမ်း၊ ကျန်တဲ့ လမ်းတွေက ဘာမှ မနီးစပ်ဘူး အရမ်းဝေးတာပေါ့နော်။

အဲဒီတော့ သီချင်းတွေ ရေးပြီးတော့ အဆိုတော်တွေ ဘာတွေ လိုက်ပြဘူးတယ်။ နံပါတ်တစ်က သီချင်းရေးတာ တော်တယ်ဆိုတဲ့ လိုင်းနဲ့ အနုပညာလောကထဲ ဝင်လို့ရမလားပေါ့နော်။ ဆိုပြီးတော့ တွေးဖူးတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် ဘာသတိထားမိလဲဆိုတော့ ကိုယ်လည်း အဲလို professional သီချင်းတွေ အများကြီး မရေးနိုင်ဘူး။ သီချင်းတစ်ပုဒ် နှစ်ပုဒ်ကို တစ်ခါတလေကျရင် နှစ်နှစ်တွေ သုံးနှစ်တွေ တစ်ခါတလေကျရင် လချီ ကြာတယ်။ ကြာပေမယ့်လည်း ဒီတစ်နည်းပဲ ရှိတယ်။ ဒီတစ်နည်းကို ရွေးကြည့်တာပေါ့နော်။ ရွေးပေမယ့်လည်း အောင်မြင်လားဆိုတော့ မအောင်မြင်ဘူး။ ကိုယ်ကိုယ်တိုင် မလုပ်နိုင်တာလဲ ပါပါတယ်။ နောက်ပြီးတော့ Current  ဆိုတာကိုလဲ သိပ်ပြီးတော့ ထည့်မတွေးတာပေါ့နော်။ ပညာရပ်တွေ ထည့်ချင်တယ်။ အဲလို လောဘတွေကလဲ နည်းနည်း ရှိတာပေါ့။  အဲဒီမှာ ဘာကိုသိတာလဲဆိုတော့ သီချင်းရေး ဆရာတစ်ယောက်အနေနဲ့ လုံးဝ ရပ်တည်လို့ မဖြစ်ဘူးဆိုတာပေါ့။  အဲတာနဲ့ သီချင်းရေး ဆရာ နာမည်ကြီး professional တေးရေးဆရာ လုပ်မယ်ဆိုတဲ့ စိတ်ကူးဖျက်လိုက်တယ်။

အဲလို ဖျက်လိုက်တဲ့ ဥစ္စာကလည်း ပြောရမယ်ဆိုရင် အခုအနေနဲ့ဆိုတော့ အဝေးကနေ လှမ်းကြည့်တာပေါ့နော်။ အဲတုန်းကဆို တော်တော်ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ။ ဒီလိုသွားဖို့လမ်းက ဒီတစ်ပေါက်ပဲ ရှိတာကို မလုပ်တော့ဘူးဆိုတော့ ဆုံးဖြတ်လိုက်တာပေါ့နော်။ ဒါပေမယ့် အဲဆုံးဖြတ်ချက်နဲ့ တစ်ပြိုင်နက်တည်းမှာပဲ ဘာလုပ်လဲဆိုတော့ ကိုယ့်ဟာကိုယ် ရအောင် စီးရီးသွင်းမယ်ဆိုတဲ့ စိတ်ကူး အိမ်မက်ကို တစ်ခါ ထပ်မွေးတယ်။ ပြောရမယ်ဆိုရင် ဒါက နှစ်ပေါင်းများစွာ ကြာတဲ့ အခက်အခဲထဲမှာ အဲတာမျိုးတွေလဲ ပါသွားနိုင်တာပေါ့။ ဒါပေမယ့် ကိုယ့်က တစ်ခု ထူးခြားတာ ဘာလဲဆိုတော့  အခက်အခဲတွေကို အခက်အခဲလို့ သိပ်မမြင်ဘူးပေါ့နော်။ ဘာလို့ဆိုတော့ ကိုယ်မကျော်နိုင်တာ မှန်သမျှ မရှိခဲ့ဘူးလေ။ အားလုံးကို ကျော်လွှားနိုင်ခဲ့တယ်။ အဲတော့ ကိုယ်လုံးဝ မကျော်လွှားနိုင်တာကို အခက်အခဲလို့ သတ်မှတ်မယ်ဆိုတာ ငယ်ငယ်ကတည်းက စဉ်းစားတာ ဒါကြောင့်မို့လို့ တော်ရုံတန်ရုံဟာကို အခက်အခဲလို့ မတွေးဘူးပေါ့နော်။

အခက်အခဲတွေအားလုံးကို ဝါသနာရဲ့ တွန်းကန်အားကြောင့် ကျော်လွှားနိုင်ခဲ့ပြီး သူရဲ့ဘဝရည်မှန်းချက်ကို အောင်မြင်ဖို့အတွက် ဆက်လျှောက်ခဲ့သူ ဖြစ်ပါတယ်။ ဂီတလောကမှာလဲ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ကြိုးစားဖြည့်စွမ်း နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

နောက်တစ်ခုက ပညာရေး။ ပညာရေးဆိုတာ ဂီတနဲ့ ပတ်သက်တဲ့ ပညာရေးကိုသွားနေတဲ့သူတော်တော် ရှားတယ်။ ပညာရေးကို အဲလောက်ကြီး မသွားလို့ရှိရင် ဒုက္ခရောက်နိုင်တယ်ဆိုတဲ့ အတွေးကလဲ ဝင်လာတယ်။ ဒါလူငယ်ကနေ ဒီဘက်ကို ကူးလာတဲ့ အတွေးခေါ်တစ်ခုပေါ့နော်။ အဲတုန်းကဆိုရင် ဆရာကြီး ဂီတလုလင် မောင်ကိုကို တို့တွေ့တယ်။ စန္တရားလှထွဋ်တို့ကို တွေ့တယ်။ သူတို့တွေဟာဆိုရင် အရမ်းထူးချွန်တဲ့ ဂီတ သမားတွေပေ့ါ။  အရမ်းတော်တော့ သူတို့ဆီကလဲ ဂီတ ပညာတွေ အများကြီး သင်ဖူးတယ်။ ဒီဘက်က ဦးတင်ရီတို့ပေါ့နော်။ အထူးသဖြင့် ဂီတလုလင် မောင်ကိုကိုတို့ဆိုရင် သူတို့ကို လေ့လာကြည့်လိုက်တဲ့အခါ သူတို့က အရမ်းတော်တယ်။ လုပ်နိုင်တယ်။ ဒါပေမယ့် သူတို့က အသက်က တော်တော်ကြီးနေပြီ အဲတုန်းကဆိုရင် အသက် ၇၀ ဝန်းကျင်တွေ ဖြစ်နေတယ်။ ကိုယ်တွေက ၂၀ကျော်ပေါ့။ အဲဒီကြားထဲမှာ ဒီလိုမျိုးအလုပ်တွေ တကယ့်ကို အရေးကြီးတဲ့ အလုပ်တွေ ဘယ်သူက ဆက်လုပ်မှာလဲ ဂီတပညာကိုဘယ်သူက သေချာ သွားနေတာလဲဆိုတာ ကြည့်လိုက်တဲ့ အခါ သိပ်ပြီး မတွေ့ဘူး။ သိပ်မတွေ့တော့ အဲလိုဆိုရင် ဥပမာ ထားပါတော့ ခုဖြစ်လာတဲ့ ဆီးဂိမ်းလိုဟာမျိုး နိုင်ငံတော် ကိုယ်စားပြု အဲလို အလုပ်မျိုးတွေ ဘယ်သူလုပ်မှာလဲဆိုတဲ့ နေရာမှာ နည်းနည်း Gap ဖြစ်နေတာ သတိထားမိတယ်။ အဲနေရာတွေကို ရောက်အောင် လုပ်မယ်ဆိုတာ အဲဒီပညာရေးဆိုတဲ့ အတွေးအခေါ်က တစ်ခု အနုပညာဆိုတဲ့အရာ တစ်ခု အနုပညာဆိုတာ ကိုယ့်ရဲ့ သီချင်းတွေပေါ့နော်။

သူရဲ့ဘဝမှာ အနုပညာသမားတစ်ယောက်ရဲ့ ပန်းတိုင်လို့ ဆိုရမယ့် အကယ်ဒမီဆု ရရှိခဲ့ပုံကိုလဲ ရှင်းပြခဲ့ပါတယ်။

ဒီရုပ်ရှင် ဇာတ်ပို့တီးတာပေါ့နော်။ ဒီလိုင်းက မထင်မှတ်ပဲနဲ့ ရောက်လာတာ။ ကိုယ်တွေရဲ့ အဓိကလုပ်ချင်တဲ့ ရည်ရွယ်ချက်တွေထဲမှာ ဒီဘက် မြူးဇစ် Creation  က နံပါတ်တစ်ပေါ့နော်။ Music Education  က နံပါတ်နှစ်ပေါ့။ နောက် ရုပ်ရှင်က ကျတော့ မှတ်မိမလားမသိဘူး ၂၀၁၂ ခိုင်သင်းကြည်ရဲ့ မင်္ဂလာခွေဆိုပြီး ထွက်လာသေးတယ်။ အရင်တုန်းက မင်္ဂလာတေးတွေကို ပြန်ပြီး Live  လိုက်တီးတာပေါ့နော်။ အဲတာ စီစဉ်တာတော့ ဦးမီးပွားတို့ စီစဉ်တာ အဲတာလေး ထွက်လာပြီး နောက်ပိုင်းမှာ ဒါရိုက်တာတွေက နည်းနည်း စိတ်ဝင်စားလာတယ်။ ဒါဖြင့် တီးမယ်ဆို တီးလို့ ရနိုင်တယ်ပေါ့နော်။

ဂီတမှူးက ကိုယ်ကလဲ ငယ်ငယ်ပဲ ရှိသေးတယ်။ အဲတာနဲ့ ဦးမီးပွားကလည်း တွဲခေါ်တယ်လို့ ပြောရမှာပေါ့။ ကမ်းလှမ်းတာပေါ့နော်။ သူနဲ့တော့ အရင်ဆုံး မလုပ်ဖြစ်လိုက်ဘူး။ ဆက်သွယ်မှုတော့ ရှိနေတယ်ပေါ့နော်။ နောက်တစ်ခုက ဒါရိုက်တာ ကြည်ဖြူသျှင်ပေါ့ သူနဲ့ အရင်ဆုံး လက်တွဲပြီး လုပ်ဖြစ်တာပေါ့။ သူရဲ့ ဇာတ်ကားတစ်ကားကို လှမ်းပြီးအပ်တယ်။ အဲဒီအချိန်မှာ အခက်အခဲတွေက ဘယ်လိုလဲဆိုတော့ ကိုယ်က နိုင်ငံခြားမှာ သွား ပညာသင်တယ်။ တီးဝိုင်းတွေက ဒီမှာကျန်ခဲ့တယ်။ ဟိုကနေ အရုပ်တွေကြည့် Note  တွေပို့ ဒီကနေ အသံတွေ သွင်း။ ဒါပေမယ့် အဲဒီနည်းနဲ့ပဲ ဒီရုပ်ရှင်လောကထဲကို ရောက်လာတယ်။ တကယ့်တကယ်တော့ ဒီလောက်အားပြုပြီး လုပ်ဖို့လဲ ရည်ရွယ်ချက် မရှိတော့ဘူး။

အကယ်ဒမီဆိုတာလဲ တကယ့်တကယ်တော့ ကြိုးစားမှုကို အသိမှတ်ပြုတဲ့ ဆုတစ်ခုပေါ့။ ဗမာပြည်မှာဆိုရင်တော့ ဂီတနဲ့ ပတ်သက်ရင် အနုပညာနဲ့ ပတ်သက်ရင် အမြင့်ဆုံး လူသိအများဆုံး ဆုတစ်ခုပေါ့။ အဲတော့ တီးနေတဲ့ အချိန်မှာတော့ ဘယ်တော့မှ အကယ်ဒမီ ရဖို့ တီးတာရယ်လို့ မရှိဘူး။ ကိုယ်ဟာကိုယ်သာ အကောင်းဆုံး ဖြစ်အောင် တီးတာပေါ့နော်။  အဲဒီအထဲက နိုမီနေရှင်းတွေ ပါတယ်။ ပထမတစ်ကြိမ်၊ ဒုတိယတစ်ကြိမ်၊ တတိယ တစ်ကြိမ် ပါတယ်။ လေးကြိမ်မြောက် နိုမီနေရှင်း ကြမှ အကယ်ဒမီ ရတာပေါ့နော်။ အဲတော့ ဘယ်လိုခံစားရလဲဆိုတော့ ကိုယ်ကြိုးစားတာကို တကယ် ထိုက်ထိုက်တန်တန် အသိမှတ်ပြု ခံလိုက်ရတာပေါ့နော်။

ဆရာဘဝမှာ ပြန်ပြီး စဉ်းစားကြည့်မယ်ဆိုရင် ဘဝမှာ မှတ်မှတ်ရရ ဆရာ သမားသော်လည်းကောင်း မှတ်မှတ်ရရ ပုဂ္ဂိုလ် တစ်ယောက်လောက်ပြောပါဆိုရင် ဆရာ ဘယ်သူကို ပြေးမြင်မလဲ။

အဲတာနဲ့ပြောရမယ်ဆိုရင် အများကြီးပေါ့နော်။ တကယ်တော့ ဂီတ ပတ်သက်ပြီးတော့ ချိတ်ဆက်ပြီးတော့ ပြောရမယ်ဆိုရင် အဓိက လူငယ်တစ်ယောက်ပေါ့။ အနုပညာရှင်တစ်ယောက်ဟာ သူ့ကို တံခါးတွေ ဖွင့်ပေးမယ့်သူ လိုအပ်တယ်။ သူကို လမ်းတွေ ပြပေးမယ့်သူ လိုအပ်တာပေါ့နော်။ အဲတော့ ကိုယ့်ဘဝနဲ့ ပတ်သက်လာရင် ပထမဦးဆုံး တံခါးတွေ ဖွင့်ပေးတဲ့ သူကတော့ ထူးအိမ်သင်ပေါ့နော်။ သူနဲ့က လူချင်းတော့ ကောင်းကောင်း မတွေ့လိုက်ရပါဘူး။ ဒါပေမယ့် သူရဲ့ဂီတ တွေက ကိုယ်မြင်ချင်တဲ့ တံခါးတွေနဲ့ ကိုယ်မြင်ချင်တဲ့ ရှုခင်းတွေကို မြင်သွားအောင် လုပ်ပေးခဲ့တယ်ပေါ့နော်။ အဲတော့ သူသီချင်းတွေ နားထောင်ပြီးမှပဲ အော်ဂီတဆိုတာ ဟိုအနောက်မှာ အတော်ကျယ်ပြန့် နေပါလားပေါ့နော်။ တကယ့်ကို ပုံရိပ်တွေများစွာ သွားရမယ့် လမ်းကြောင်းတွေ များစွာ သူကနေ သိရတယ်ပေါ့နော်။ သူကနေ သူ့ရဲ့ ဂီတတွေ နားထောင်ရင်း အကုန်သိလာတယ်ပေါ့နော်။ ကိုယ်တွေကလဲ သူကို အရမ်းကြိုက်တယ်။ ကြိုက်တယ်ဆိုတာက ကဗျာဆန်လို့ ကြိုက်တာက တစ်မျိုး၊ ကျွမ်းကျင်လို့ ကြိုက်တာကတစ်မျိုး။ တကယ့်အလေးနက်ထား လို့ ကြိုက်တာ တစ်မျိုး မျိုးစုံပေါ့နော်။ ဒါပေမယ့် သူရဲ့ကျေးဇူးနဲ့ တံခါးတွေကို အများကြီး မြင်ခဲ့ရတယ်။ ပွင့်ခဲ့တယ်။ လမ်းတွေ အများကြီး တွေခဲ့ရတယ်။ ဒါက နံပါတ်တစ် တစ်ယောက်ပေါ့။ ထူးထူးခြားခြားပေါ့နော်။

နောက်တစ်ယောက်ကတော့ Queen ပေါ့နော်။ အင်္ဂလန်က အဖွဲ့ပေါ့။ Queen အဖွဲ့က သူတို့ဆို ပိုပြီး ဝေးတာပေါ့နော်။ ပိုဝေးတယ်ဆိုပေမယ့် ဒုတိယမြောက် ထပ်ပြီးတော့ ကြီးမားတဲ့ တံခါးတွေပေါ့နော်။ တွေ့သင့်တွေထိုက်တဲ့ လမ်းညွှန်ဝါဒတွေကို သိလိုက်တာ Queen ရဲ့ သီချင်းတွေပဲ။ သူ့သီချင်းတွေ နားထောင်တဲ့ အချိန်မှာ ဂီတဆိုတာ မှော်တစ်ခုလိုပဲ ပေါ့နော်။ ကိုယ်စိတ်ကြိုက် ကိုယ်ဖန်တီး နိုင်ရင် ကြိုက်တာကို လုပ်လို့ ရတယ်ဆိုတဲ့ အဆင့်ကို သူတို့က ပြတယ်ပေါ့နော်။ Classic  ဆိုတာလဲ မြင်ရတယ်။ Rock  ဆိုတာလဲ မြင်ရတယ်။ Power  ဆိုတာလဲ မြင်ရတယ်။ Emotion  ဆိုတာကိုလဲ မြင်ရတယ်။ အကုန်လုံးမြင်ရတယ်။ ဒီ Queen အဖွဲ့က အဲလိုကြီးကြီးမားမား Impact  ပေါ့နော် ဖြစ်တာကတော့ အဲနှစ်ယောက်ပေါ့။

ဆရာအနေနဲ့ လက်ရှိမှာ ကိုယ်က ပညာရေး ဘက်ကိုလဲ လုပ်နေတယ်။ လက်ရှိမှာ အောင်မြင်တဲ့ လူတစ်ယောက်အနေနဲ့ပေါ့။ ကျွန်တော်တို့ ဒီ ဂီတမှ မဟုတ်ပါဘူး လူငယ်တွေထဲမှာလဲ အခြားဝါသနာပါတဲ့ အရာတွေကို ကြိုးစားနေတဲ့ လူငယ်တွေ ရှိပါတယ်။ သူတို့တွေ တွက်ဆိုရင် အောင်မြင်မှုတစ်ခုကို ရရှိဖို့ဆိုရင် ဘယ်လိုမျိုး စိတ်ထားနဲ့ ရှေ့ဆက်သင့်လဲ ဆရာ။

နံပါတ်တစ်ကတော့ အလေးနက်ထားတဲ့ စိတ်ပေါ့နော်။ အလေးနက်ထားတဲ့ စိတ်က အတော်လေး အရေးကြီးမယ်။ ဂုဏ်ယူတတ်တယ်။ ဂုဏ်ပြုတတ်တယ်။ နားလည်တယ်ပေါ့နော်။ နောက်တစ်ချက်က သေသေချာချာ သိဖို့လိုတယ်။ သေချာ သိဖို့ တစ်သက်လုံး ကြိုးစားရတယ်ပေါ့။ အရမ်းလဲ ခက်တယ်။ ကိုယ်က ဘယ်သူလဲ ကိုယ်ဘယ်လောက်တတ်လဲ။ ကိုယ်ဘယ်လောက် လုပ်နိုင်လဲဆိုတဲ့ အပေါ်မှာ ကိုယ်ဘာကို ကြိုက်တာလဲ။ ကိုယ်ဘာကို ဖြစ်ချင်တာလဲဆိုတဲ့ အပေါ်မှာ သေချာ သိဖို့ အဲဒီတစ်ချက်က အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ လူငယ်တွေ တော်တော်များများဟာ အဲတစ်ချက်ကို မသိကြဘူး။ ဘာလို့လဲဆိုတော့ သိဖို့လဲ ခဲယဉ်းတယ်။ ကိုယ်ဘယ်သူလဲ ကိုယ်ဘာဖြစ်ချင်လဲ ကိုယ်ဘယ်နေရာမှာ တော်လဲ။ ကိုယ်တကယ် ဘာလုပ်ချင်နေတာလဲ။ ဘာလုပ်တာကို ကိုယ်တကယ်ပျော်နေတာလဲ ဆိုတာ တကယ်တော့ မသိကြဘူး။ ဘာလို့ဆိုတော့ အကုန်လုံးက ရောပြီးတော့ သွားနေတာကိုး။ ပတ်ဝန်းကျင်ကြည့်တယ်။ ဟိုကြည့်ဒီကြည့် ကြည့်တယ်။ clear သိပ်မဖြစ်ဘူး။ clear သိပ်မဖြစ်လို့ရှိရင် နည်းနည်း အခက်ခဲ ရှိတယ်။ အမှန်တော့ clear ဖြစ်တဲ့သူတွေ မှန်သမျှ တစ်ချိန်မှာ တကယ်ကို ရောက်လာတာပေါ့နော်။

ကျွန်တော်တို့ လူငယ်တွေထဲမှာလဲ အောင်မြင်မှုကို ရဖို့ ကြိုးစားနေတဲ့ သူတွေထဲမှာ တစ်ချို့ကျတော့လည်း version ရှိပေမယ့် ကျဆုံးတဲ့ သူတွေ အခိုက်တန့်ပေါ့ ဆရာရယ် အခက်ခဲတွေကြောင့် ဆရာတို့လဲ ကျော်ဖြတ်လာတဲ့ သူတွေဆိုတော့ အဲလိုမျိုး စိတ်ဓာတ်ကျ အားငယ်နေတဲ့ သူတွေ အတွက်ကော ဘဝမှာ အခက်ခဲတွေ ကြုံတဲ့ သူတွေအတွက် ဘယ်လိုမျိုး စိတ်နဲ့ ဒီလို အခက်ခဲတွေကို ကျော်လွှားသင့်လဲ ဆရာ။

ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့ကြုံ ကို ပြောပြရမယ်ဆိုရင် ကိုယ်က ထားတဲ့ version ကို တစ်နေရာမှာ ထားတယ်။ ဒါကို ကိုယ်က မြင်သွားပြီ ဘယ်သူမှ မမြင်ဘူး။ ခုသီချင်း တစ်ပုဒ်တောင် ရေးထားပါတယ်။ လှတဲ့ ကြယ်စင်ဆိုတာ။ ဘေးနားက လူတွေကို ပြောပြတယ်။ ပြောပြလဲ ကြားချင်မှ ကြားတယ်။ ကြားရင်လဲ အလေးနက် ထားချင်မှ ထားတယ်။ ဒါကတော့ ကြုံကို ကြုံရမှာပဲ။ ဒါပေမယ့် ကိုယ့် version ကကိုယ်သိတယ်။ သိတဲ့ အချိန်မှာ ခုနက အခက်ခဲဆိုတဲ့ အရာက နေ့စဉ် ဖြတ်သန်းရမယ့်အရာပေါ့နော်။ ကိုယ်က လျှောက်ရမှာကို အဲဒီကို လျှောက်တဲ့ အချိန်မှာ တစ်ချို့ကျတော့ အရမ်းကို ခက်ခဲတဲ့ အရာတွေကို အရမ်းကဲလွန်း လွန်းတယ်။ သိတယ်မို့လား လာပြီးတော့ ပိတ်တာတို့ တားတာတို့ ကိုယ်နဲ့ အခန့်မသင့် ဖြစ်တယ်။ ဒါခလုတ်တွေ လို့ ပြောရမှာပေါ့နော်။

ဒီခလုတ်တွေကို အရမ်းကဲလုပ်လွန်းတယ်။ လုပ်လွန်းတော့ ဒီအရာကြီးကို မရွေ့ဖို့ ကြိုးစားတယ်။ ဒီအရာ မကောင်းကြောင်း သူများတွေကို ပြောချင်တယ်။ ဒါပေမယ့် ကိုယ်ရဲ့ Type  ကအဲလို မဟုတ်ဘူး ကိုယ့်ရဲ့ version အဲကို ကိုယ်ရောက်သွားမယ်။ ပန်းတိုင်ပေ့ါနော်။ သွားမှာဆိုတော့ ဒီခလုတ်က တစ်ခုက ကိုယ့်ရှေ့မှာ ရောက်လာပြီ အခက်ခဲ လို့ပဲ ပြောရမယ်။ ဒုက္ခလို့ပဲ ပြောမလားပေါ့။ ဒီအရာက ဘာလဲ ကိုယ့်အတွက် တကယ်ရည်ရွယ်တာ ဟုတ်ရဲ့လား။ ဒါမှမဟုတ်ရင်လဲ သူက ဘယ်လောက်ထိ လေးနက်တာလဲ။ ဒီအရာကို နည်းနည်းကြည့်လိုက်တယ်။ ကြည့်လိုက်ပြီး ကျော်သင့်ရင် ကျော်သွားတယ်။ နည်းမျိုးစုံပေါ့နော်။ သိတယ်မို့လား မလိုအပ်ပဲ တွေ့သမျှ အခက်ခဲတွေကို သွားပြီး ရှင်းမနေဘူးပေါ့နော်။ ရှင်းနေလို့ ရှိရင် ကိုယ့်ခရီးကလဲ မရောက်တော့ ဘူးလေ။ အဲတော့ သာမန်ကိစ္စ အားလုံးကို သာမန်လို့ပဲ သဘော ထားလိုက်တယ်ပေါ့။ ပြောရမယ်ဆိုလို့ ရှိရင် တကယ့်အရေးကြီးတဲ့ ကိုယ့်ရဲ့ ပန်းတိုင်သာလျှင် အရေးကြီးဆုံး အဲကို မရောက် ရောက်အောင်သွားမယ်။ ဒီလိုကြုံလာတဲ့ အခက်ခဲဆိုတဲ့ အရာကို သာမန်လို့ပဲ သဘောထားပြီးတော့ အမြဲတမ်း ကျော်သွားဖို့ ကြိုးစားတယ်ပေါ့။ အဲလိုမျိုး သွားလို့ ရှိရင် ခရီးက ရောက်လာလိမ့်မယ်လို့ ထင်တယ်။

ဆရာအနေနဲ့ ရှေ့ဆက်ပြီးတော့ အနုပညာ လမ်းခရီးမှာ ပရိသတ်အတွက်ကော နောက်ပြီးတော့ ဂီတတွက်ကောပေါ့နော်။ ဘယ်လိုမျိုး လမ်းကြောင်းတွေ ဆက်ပြီးတော့ ကြိုးစားသွားဖို့ အစီစဉ်ရှိလဲ ဆရာ။

အခုကတော့ လမ်းကြောင်းနှစ်ကြောင်းကို သေချာသွားနေတယ်။ တစ်ခုကတော့ Music Creation  ပေါ့။ Music Creation  ပတ်သက်ပြီး ကိုယ်ဖန်တီးချင်တဲ့ အရာကို တစ်သက်လုံးဖန်တီးသွားမယ်။ ကိုယ်လုပ်ချင်တဲ့ အရာကို စပ်တာပဲ ဖြစ်ဖြစ် Music Creation က ဏ္ဍကို ပိုပြီးတော့ အားစိုက်ပြီးတော့ တစ်သက်လုံး လုပ်ချင်ဆုံး ကိစ္စပေါ့နော်။  အဲတာကို တောက်လျောက်လုပ်မယ်။ နောက်တစ်ခုက Music Education  ပေါ့။ Music Education   ဆိုတာ ဒီမြန်မာနိုင်ငံကတော့ ပြောရမယ်ဆိုရင် ဖွံ့ဖြိုးဆဲ နိုင်ငံရဲ့ ထုံးစံအတိုင်း Music Education  ဆိုတဲ့ ကဏ္ဍတွေက အတော်လေး နိမ့်တယ်ပေါ့နော်။ လူတွေက သိပ်ပြီး ဂီတ အကြောင်းကို သိပ် မသိဘူး။ မသင်ခဲ့ရဘူး။  မသင်ခဲ့ရတော့ ဂီတကို Eject  မလုပ်နိုင်ဘူးပေါ့နော်။ လူအများစုက Eject မလုပ်နိုင်တဲ့ လူတွေအအတွက် ဖန်တီးနေတဲ့ Music  ကလဲ ဘယ်လိုမှ သိပ်ပြီး အများကြီး မြင့်လာမှာ မဟုတ်ဘူး။  အဲတာ အဓိကတော့ Music Education နိမ့်လိုပဲ။ တော်တော်များများ သိလာဖို့ သိလာတဲ့ အချိန်မှာ သူတို့ တန်ဖိုး ထားတတ်လာလိမ့်မယ် တန်ဖိုးထားတတ်တဲ့ အဆင့်ကို သူတို့ရောက်လာရင် ဒီနိုင်ငံက ဂီတ Level  က မြင့်လာလိမ့်မယ်။ အဲတာကတော့ Long time ပေါ့။ အဝေးကြီး သွားရမယ့် ခရီးပေါ့နော်။ ဒါပေမယ့်လည်း အဲအရာကို လုပ်ထားတယ်။ သွားရမယ့်အရာပေါ့နော်။ လုပ်ကို လုပ်မယ်ပေါ့နော်။

နောက်တစ်ချက်က Music Education မြင့်လာတဲ့ အခါမှာ တန်ဖိုး ထားစရာ ဂီတဆိုတာ သပ်သပ် ပေါ်လာလိမ့်မယ်။ သူတို့ လိုက်ရှာကြလိမ့်မယ်။ ဥပမာ ထားပါ မဟာဂီတပေါ့။ နောက်ပြီးတော့ တကယ် ဂန္ထဝင်ဂီတ တွေပေါ့ လိုက်ရှာကြလိမ့်မယ်။ အဲဒီအချိန်မှာ ကွာလတီ ကောင်းကောင်းနဲ့ သေချာ quality ကောင်းကောင်းနဲ့ သေချာ collection ထိန်းသိမ်းထားတဲ့ ဟာမျိုးကလဲ မြန်မာပြည်မှာ မရှိဘူး။ အဲလိုမျိုး အတွက်လည်း ရည်ရွယ်ပြီး beauty of tradition ကိုယ်တွေ လုပ်တဲ့ Project ပေါ့နော်။ ဂျပန်တွေနဲ့ တွဲပြီး လုပ်နေတယ်။ တကယ့်ကို လူတွေ လိုအပ်လာတဲ့ အချိန်မှာ collection ကောင်းကောင်းနဲ့ quality ကောင်းကောင်းနဲ့ ဖန်တီးရတဲ့ Project တွေကို လုပ်တယ်။ အဲတာကလဲ Long time ပေါ့ နော်။ Long time ဆိုတော့ အမြဲတမ်းကို လုပ်ဖြစ်မှာ အထက်က တိုင်းရင်းသားတွေရဲ့ရိုးရာဂီတ ဆိုလဲ သိပ်တန်ဖိုးကြီးတယ်။ ကြီးပေမယ့်လည်း လူတွေက မသိဘူး။ မမြင်ဘူးပေါ့နော်။ တန်ဖိုးထားရမယ် ထိန်းသိမ်းရမယ်ဆိုတာ သိပ်ပြီး မသိကြသေးဘူး။ တစ်ချိန်ချိန်ကျရင်တော့ သိလာမှာပါ။ ဒါပေမယ့် ခုကိုယ်တွေက ဒါတွေကို သိနေတဲ့ အချိန်မှာ ဒါတွေကို ချိတ်ဆက်ပြီးတော့ တကယ့်ကို တိုင်းရင်းသား ရိုးရာတွေကို လုပ်ဖို့အတွက် အမြဲကြိုးစားနေတာပေါ့။

Mizzima Weekly