ပြည်ပရောက်တရုတ်နိုင်ငံသားများက ယခုနှစ်အတွင်း ကန်ဒေါ်လာ ၆၆ဘီလျံ လွှဲပို့နိုင်ဖွယ်ရှိဟုဆို

ပြည်ပရောက်တရုတ်နိုင်ငံသားများက ယခုနှစ်အတွင်း ကန်ဒေါ်လာ ၆၆ဘီလျံ လွှဲပို့နိုင်ဖွယ်ရှိဟုဆို

(ပေကျင်း)။ ။ ပြည်ပရောက် တရုတ်နိုင်ငံသားများက ယခုနှစ်တွင် ပြည်တွင်းသို့ ပြန်ပို့ငွေ ကန်ဒေါ်လာ ၆၆ ဘီလျံ ရရှိလိမ့်မည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်းချက်များအရ သိရှိရသည်။

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်များနှင့် တရုတ်အစိုးရက သတင်းပို့လာသော နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့၏ ငွေဝင်ငွေထွက် လက်ကျန်ရှင်းတမ်းအပေါ် အခြေခံတွက်ချက်မှုအရ အထက်ပါပို့ငွေစီးဝင်မှု ပမာဏမှာ ၂၀၀၅ ခုနှစ်က တရုတ်နိုင်ငံ လက်ခံရရှိခဲ့ သည့် ကန်ဒေါ်လာ ၂၃.၆၂ဘီလျံထက် သုံးဆပိုမိုတိုးမြင့်လာခဲ့ခြင်းပင်ဖြစ်သည်။

ရွှေ့ပြောင်းလုပ်သားများက ၎င်းတို့၏ နေရင်းနိုင်ငံများသို့ လွှဲပေးသည့် ပို့ငွေများမှာ ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကို ဘဏ္ဍာရေးထောက်ပံ့သည့် အစဉ်အလာနည်းလမ်းတစ်ခုပင်ဖြစ်သည်။ တရုတ်လို ကမ္ဘာ့ စတုတ္ထမြောက်အကြီးမား ဆုံး ရွှေ့ပြောင်းအလုပ်သမားရင်းမြစ်လည်းဖြစ်၊ လူဦးရေအများဆုံးလည်းဖြစ်သည့် နိုင်ငံအဖို့မူ ထိုကဲ့သို့သော ပို့ငွေစီးဝင် မှုပမာဏမှာ အံ့သြစရာတော့မဟုတ်ပါ။ ပြည်ပရောက် တရုတ်လူမျိုးအရေအတွက် များလာလေ တရုတ်သို့ ပြန်ဝင်လာ သည့် ငွေကြေးစီးဆင်းမှုပမာဏ ကြီးမားလာလေပင်ဖြစ်သည်။

''တရုတ်နိုင်ငံကို ငွေကြေးစီးဝင်မှုပမာဏဟာ ၂၀၀၈ခုနှစ်မှာ ၂၄ရာခိုင်နှုန်းအထိ သိသိသာသာ တိုးမြင့်လာခဲ့ပြီး ၂၀၀၉ခုနှစ်မှာ ၁၃ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပေမယ့်လည်း အမေရိကန်စီးပွားရေး နာလံထလာမှုရဲ့ အကျိုးဆက်အနေနဲ့ ၂၀၁၅ခုနှစ်မှာ ပို့ငွေစီးဝင်မှုဟာ ကန်ဒေါ်လာ ၆၆ဘီလျံအထိ ၃ရာခိုင်နှုန်းတိုးလာမယ်လု့ိ မျှော်လင့်ရပါတယ်''ဟု ကမ္ဘာ့ဘဏ် ရွှေ့ပြောင်းနှင့် ငွေ လွှဲဌာနမှာ ထိပ်တန်းစီးပွားရေးပညာရှင် ဒီလစ် ရာထာက ပြောကြားခဲ့သည်။

၂၀၀၈ခုနှစ်က ပို့ငွေစီးဝင်မှု ရုတ်တရက် မြင့်တက်လာမှုမှာ မေ ၁၂ရက်နေ့တွင် စီချွမ်ပြည်နယ် ဝန်ချွန်ခရိုင်ကို လှုပ်ခတ်သွားခဲ့ သည့်ပမာဏ ၈ ဒသမ ၀၇ ရှိ အားပြင်းငလျင်နှင့် ဆက်စပ်ခဲ့ဖွယ်ရှိသည်။ တရုတ်သို့ ပို့ငွေစီးဝင်မှုမှာ ၂၀၀၇ခုနှစ်တွင် ကန်ဒေါ်လာ ၃၈ ဒသမ ၃၉ဘီလျံသာရှိခဲ့ရာမှ ၂၀၀၈ခုနှစ်တွင် ၄၇ ဒသမ ၇၄ဘီလျံအထိ ခုန်ကျော်မြင့်တက်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly