အင်ဒိုနီးရှားတွင် ပွဲတော်ကာလများအတွက် လုံခြံုရေးထားရန် ရဲနှင့် စစ်တပ်များ တပ်ဖြန့်ချထား

အင်ဒိုနီးရှားတွင် ပွဲတော်ကာလများအတွက် လုံခြံုရေးထားရန် ရဲနှင့် စစ်တပ်များ တပ်ဖြန့်ချထား

ဂျကာတာ၊ ဒီဇင်ဘာ ၂၄ ။            ။ အင်ဒိုနီးရှားနိုင်ငံတွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များအတွက် ရဲနှင့် စစ်တပ်က လုံခြုံရေးယူကာ ပြင်ဆင်လျက်ရှိနေသည်။

၂၀၁၅ မီးထွန်းပွဲတော်ကို ဒီဇင်ဘာ ၂၄ မှ ဇန်နဝါရီ ၂ ရက်အထိ ကျင်းပမည်ဖြစ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၁၅၀၀၀၀ ကျော်က မလိုလားအပ်သည့် ဖြစ်ရပ်များ မပေါ်ပေါက်ရေးအတွက် လုံခြုံရေးယူသွားမည်ဖြစ်သည်။

ဒီဇင်ဘာ ၂၄ တွင် ဘာသာရေးပွဲတော်နှစ်ခု ကြံကြိုက်နေသည်။ ခရစ္စမတ်အကြိုအတွက် ဘုရားကျောင်းများတွင် ခရစ်ယာန်များ ဂုဏ်ပြုဆုတောင်းခြင်းနှင့် မွတ်စလင်ပွဲတော်ဖြစ်သည့် တမန်တော် မိုဟာမတ်မွေးနေ့လည်း ယင်းနေ့၌ပင် ကျင်းမည်ဖြစ်သည်။

ဂျကာတာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် လုံခြုံရေးများ တင်းကျပ်ချထားသည်။ ၂၀၀၀ ခုနှစ် ခရစ္စမတ်အကြိုညက မြို့တော်တွင်းရှိ ကက်သလစ်ဘုရားရှိခိုးကျောင်း တိုက်ခိုက်ခံခဲ့ရသည်။ အယ်လ်ခိုင်ဒါနှင့် ဂျမ်မတ်အစ္စလာမီယက်အဖွဲ့များ၏ ဗုံးခွဲတိုက်ခိုက်ခံရသည့် ကက်သလစ်နှင့် ပရိုတက်စတင့်ဘုရားရှိခိုးကျောင်းပေါင်း ငါးကျောင်းအထိ ရှိခဲ့သည်။

"နှစ်စဉ် တိုက်ခိုက်မှုတွေ ဖြစ်လာမလားဆိုတာ စိုးရိမ်နေရတယ်။ ကျွန်တော်တို့က လုံခြုံရေးအတွက် အမြဲတိုးမြှင့် လုပ်ဆောင်နေပါတယ်။ ခု ဒီနှစ်အတွင်းမှာပဲ ဖြစ်ထားတဲ့ ပါရီတိုက်ခိုက်မှုတွေက ကျွန်တော်တို့ကို သတိပေးနေတယ်။"ဟု ဂျကာတာဘုရားရှိခိုးကျောင်းမှ လုံခြုံရေးညှိနှိုင်းရေးအကြီးအကဲ သောမတ်စ်ဘမ်ဘန်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly