ဟယ်ရီပေါ်တာ ဇာတ်ကား စိတ်ကူးယဉ်ဇာတ်ကောင် ဟာမာရေနီဂရိန်းဂျာ ဇာတ်ရုပ်ကို လူမည်းမင်းသမီး သရုပ်ဆောင်သွားမည့်အပေါ် ဂျေကေရိုလင်း ထောက်ခံ

ဟယ်ရီပေါ်တာ ဇာတ်ကား စိတ်ကူးယဉ်ဇာတ်ကောင် ဟာမာရေနီဂရိန်းဂျာ ဇာတ်ရုပ်ကို လူမည်းမင်းသမီး သရုပ်ဆောင်သွားမည့်အပေါ် ဂျေကေရိုလင်း ထောက်ခံ

နာမည်ကျော် ဟယ်ရီပေါ်တာ ဇာတ်ကား စာရေးဆရာမ ဂျေကေရိုလင်းက ဟယ်ရီပေါ်တာ ဇာတ်ကား စိတ်ကူးယဉ်ဇာတ်ကောင် ဟာမာရေနီဂရိန်းဂျာအဖြစ် လူမည်းမင်းသမီး နိုမာဒူမက်ဇ်ဝမ်နာ သရုပ်ဆောင်သွားမည့်အပေါ် ထောက်ခံကြောင်း ပြောကြားခဲ့ပြီး မူရင်းဝတ္ထူစာအုပ်များတွင် မည်သည့် လူမျိုးဖြစ်မှသာ သရုပ်ဆောင်ရမည်ဟု သတ်မှတ်ထားခြင်း မရှိကြောင်း ပြောကြားသည်။

ဟယ်ရီပေါ်တာ ဇာတ်ကားတွင် ဟာမာရေနီဂရိန်းဂျာအဖြစ် နိုမာဒူမက်ဇ်ဝမ်နာ သရုပ်ဆောင် သွားမည်ဟူသော သတင်းနှင့် စပ်လျဉ်း၍ အင်တာနက်ပေါ်တွင်  အုတ်အော်သောင်းနင်း ဖြစ်ပွားခဲ့ပြီး နောက် စာရေးဆရာမ ဂျေကေရိုလင်းက နိုမာဒူမက်ဇ်ဝမ်နာ သရုပ်ဆောင်မည့်အပေါ် ထောက်ခံကြောင်း ပြောကြားခဲ့သည်။

“Harry Potter and the Cursed Child” ဇာတ်ကားကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် လန်ဒန်မြို့ ရှိ  Palace ရုပ်ရှင်ရုံ၌ ပွဲဦးထွက် ပြသသွားမည်ဖြစ်ပြီး  ရိုလင်း ရေးသားထားသော ယင်းဝတ္တူတွင် ဟာမာရေနီ၊ ဟယ်ရီနှင့် ရွန်တို့ကို မှော်ဌာနတွင် အလုပ်လုပ်နေသော အရွယ်ရောက် လူငယ်များအဖြစ် တွေ့မြင်ရမည် ဖြစ်သည်။

အသက် ၄၅ နှစ်အရွယ်ရှိ  ဒူမက်ဇ်ဝမ်နာသည် Laurence Olivier Award ဆုရရှိထားသည့် အပြင် West End အတွေ့အကြုံများ ရှိသူတစ်ဦးဖြစ်သော်လည်း ပရိတ်သတ်များက ဟာမာရေနီအဖြစ် လူမည်းမင်းသမီး သရုပ်ဆောင်သွားမည့်အပေါ် စိတ်ကသိကအောက် ဖြစ်လျက်ရှိသည်။

အသက် ၅၀ နှစ်အရွယ်ရှိ ရိုလင်းက တွစ်တာပေါ်တွင် သရုပ်ဆောင်မှုနှင့် စပ်လျဉ်း၍ မေးမြန်းမှု များကို ပြန်လည် ဖြေကြားခဲ့သည်။ ဝတ္တူများ သို့မဟုတ် ဇာတ်ကားတွင် သရုပ်ဆောင်မှုတွေမှာ လူဖြူ များသာ သရုပ်ဆောင်ရမည်ဟု ဘယ်တုန်းကမျှ သတ်မှတ်ထားခြင်း မရှိကြောင်း ဟာမာရေနီအဖြစ် အမ်မာဝမ်ဆင် သရုပ်ဆောင်ခဲ့သည့် ဇာတ်ရုပ်တွင်  မျက်လုံးအညိုရောင်၊ ဆံပင်နှင့် ကျွမ်းကျင်မှုများ ကိုသာဖော်ပြ ခဲ့ကြောင်း ကျွန်မသည် “လူမည်း ဟာမာရေနီကို ချစ်ပါတယ်” ဟု ရိုလင်းက ပြောကြားခဲ့သည်။

ဟယ်ရီပေါ်တာ ဇာတ်ကားတွင် ပါဝင်သော အခြားသော သရုပ်ဆောင်များကလည်း နိုမာ ဒူမက်ဇ်ဝမ်နာ ပါဝင် သရုပ်ဆောင်မည့်အပေါ် ကာကွယ် ပြောကြားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly