ကိုရီးယား ခရီးသွားလုပ်ငန်း ကြယ်ပွင့်အဖြစ် လီမင်ဟို ရွေးချယ်ခံရ

ကိုရီးယား ခရီးသွားလုပ်ငန်း ကြယ်ပွင့်အဖြစ် လီမင်ဟို ရွေးချယ်ခံရ

တောင်ကိုရီးယား သရုပ်ဆောင်မင်းသား လီမင်ဟိုကို ယဉ်ကျေးမှု ဝန်ကြီးဌာနက ယခုနှစ် ကိုရီးယား ခရီးသွားလုပ်ငန်း ကြယ်ပွင့်အဖြစ် ရွေးချယ်ခဲ့ကြောင်း ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။

ကိုရီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် လီမင်ဟို သရုပ်ဆောင်ထားသော ဗီဒီယိုဖိုင်ကို လွန်ခဲ့သည့် ငါးလ ထုတ်လွှင့်ခဲ့ပြီးသည့် အချိန်မှစ၍ YouTube တွင် ကြည့်ရှုသူ ၃၇ သန်း ရှိခဲ့ကြောင်း အစိုးရအဖွဲ့က ပြောကြားသည်။

“မားစ် ရောဂါဖြစ်ပွားမှုကြောင့် ကျဆင်းသွားတဲ့  နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရေးအ တွက် လုပ်ဆောင်တဲ့နေရာမှာ လီမင်ဟို ပါဝင် သရုပ်ဆောင်ထားတဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဗီဒီယိုဟာ ပြည်တွင်း ခရီးသွားလုပ်ငန်း ပြန်လည် နာလန်ထူလာဖို့အတွက် အများကြီး အထောက်အပံ့ ဖြစ်ခဲ့ပါတယ်” ဟု ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လီသည် လက်ရှိအချိန်တွင် တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ AOA အဖွဲ့ဝင် ဆီအိုလီနှင့်အတူ “Visit Korea 2016” သံတမန်အဖြစ် ဆောင်ရွက်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly