ဂျေရုဆလင်တွင် ဓားခုတ်မှုဖြစ်၍ လေးဦးသေဆုံး

ဂျေရုဆလင်တွင် ဓားခုတ်မှုဖြစ်၍ လေးဦးသေဆုံး

ဂျေရုဆလင်၊ ဒီဇင်ဘာ ၂၄ ။           ။ ဂျေရုဆလင်တွင် ဒီဇင်ဘာ ၂၃ ရက်က ဓားခုတ်မှု တစ်ရပ်ဖြစ်ပွား၍ လူလေးဦးသေဆုံးသည်။ အစ္စရေးတစ်ဦး ဓားခုတ်ခံရကာ သေဆုံးခြင်းဖြစ်ပြီး ဓားဖြင့် တိုက်ခိုက်သူ ပါလက်စတိုင်းနှစ်ဦးကို ရဲက ပစ်သတ်ခဲ့ရသည်။ ပစ်ခတ်မှုတွင် ကျည်ဆန်လွဲမှန်၍ အခြားအစ္စရေးတစ်ဦးလည်း သေဆုံးခဲ့သည်။

ဂျေရုဆလင်မြို့ဟောင်း ဂျာဖာဂိတ်တွင် တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။ ယင်းနေရာက ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်ရာအရပ်ဖြစ်ပြီး ခရစ္စမတ်ကာလ မြင့်မြတ်ကုန်းမြေသို့ လာရောက်မှု များပြားနေသည့် ကာလတွင် ဖြစ်ပွားခြင်းဖြစ်သည်။

"အခင်းဖြစ်ရာကနေ အစ္စရေးသုံးဦး ဒဏ်ရာရခဲ့တယ်။ နှစ်ဦးကတော့ ဓားဒဏ်ရာတော်တော်များများ ရသွားတယ်။ ကျန်တစ်ဦးက ရဲ ကျည်ဆန် လွဲမှန်တာဖြစ်မယ်။ သေနတ်ဒဏ်ရာ ရထားတာတွေ့တယ်။" ဟု ရဲက ပြောသည်။

"ဒီသေနတ်ဒဏ်ရာရသူက ဒဏ်ရာပြင်းထန်လို့ သေဆုံးခဲ့ရတယ်။"ဟု ရဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဆေးရုံကလည်း ဓားဒဏ်ရာနှင့်နှစ်ဦးတွင် တစ်ဦးက ဒဏ်ရာပြင်းထန်းလွန်၍ သေဆုံးကြောင်းပြော ပြီးကျန်တစ်ဦးကို အထူးကုသမှုပေးနေရကြောင်း ဆိုသည်။

တိုက်ခိုက်သူများမှာ အစ္စရေးပိုင် နယ်မြေထဲရှိ ဒုက္ခသည်စခန်းတစ်ခုမှ ပါလက်စတိုင်းနှစ်ဦးဖြစ်ကြောင်း ရဲက ပြောပြီး ၎င်းတို့နှစ်ဦးစလုံးကို ပစ်သတ်လိုက်ရခြင်ဖြစ်သည်။

အောက်တိုဘာမှစပြီး ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း ပါလက်စတိုင်းတို့ဖက်မှ ၁၂၅ ဦးသေဆုံးခဲ့ကာ အစ္စရေးတို့ဖက်က ၁၉ ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly