မွတ်စလင် ယုံကြည်ရာကို ခြိမ်းခြောက်ခြင်းဆိုကာ ဆိုမာလီ၌ ခရစ္စမတ်ပွဲတော်အား တားမြစ်ထား

မွတ်စလင် ယုံကြည်ရာကို ခြိမ်းခြောက်ခြင်းဆိုကာ ဆိုမာလီ၌ ခရစ္စမတ်ပွဲတော်အား တားမြစ်ထား

ဆိုမာလီယာ၊ ဒီဇင်ဘာ ၂၃ ။          ။ ခရစ်ယာန်ပွဲတော်များက နိုင်ငံ၏ မွတ်စလင် ယုံကြည်မှုအား ခြိမ်းခြောက်နိုင်သည်ဟု သတိပေးကာ ဆိုမာလီအစိုးရက နိုင်ငံတွင်း၌ ခရစ္စမတ်ပွဲတော်များ ကျင်းပခြင်းကို တားမြစ်ပိတ်ပင်ထားသည်။

"ဒီလိုပွဲတော်တွေက အစ္စလာမ်နဲ့ လားလားမျှ မဆိုင်ပါဘူး။"ဟု ဘာသာရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုပြင် လူစုရုံးခြင်းများကို ရပ်တန့်တားဆီးရန်လည်း လုံခြုံရေးအေဂျင်စီများက တာဝန်ယူထားပြီးဖြစ်သည်။

နိုင်ငံခြားသားများအနေဖြင့် ကိုယ့် အိမ်ထဲ၌ လွတ်လွတ်လပ်လပ်ပင် ခရစ္စမတ်ပွဲ ကျင်းပနိုင်ကြောင်း၊ သို့သော် ဟိုတယ်များနှင့် အများနှင့်ဆိုင်သော နေရာများတွင်မူ ကျင်းပခြင်းမရှိရန် တားမြစ်ထားကြောင်းလည်း သိရသည်။

"မွတ်စလင်နိုင်ငံဖြစ်လျက် ခရစ္စမတ်ပွဲတွေ ကျင်းပနေတာ မမှန်ကန်တဲ့ လုပ်ရပ်ပါ။"ဟု ဆိုမာလီ တရားရေးနှင့် ဘာသာရေးဆိုင်ရာ ဝန်ကြီးဌာနမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly