ဗီယက်နမ်၏ ဗီဇာ ကင်းလွတ်ခွင့် မူဝါဒက ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဒေါ်လာ သန်းပေါင်းများစွာကို ဆွဲဆောင်နိုင်ဖွယ်ရှိ

ဗီယက်နမ်၏ ဗီဇာ ကင်းလွတ်ခွင့် မူဝါဒက ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဒေါ်လာ သန်းပေါင်းများစွာကို ဆွဲဆောင်နိုင်ဖွယ်ရှိ

(ဟနွိုင်း) ။   ။ ဥရောပ ၅ နိုင်ငံအား ဗီဇာလျှော့ရမည့် နိုင်ငံများ စာရင်းသို့ ထပ်ထည့်ရန် အဆိုပြုချက်ကို ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် တန်ဒန်းက ဇွန်၁၈ တွင် သဘောတူခဲ့ရာ အီတလီ၊ ဂျာမနီ၊ စပိန်၊ အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံတို့မှ ကမ္ဘာလှည့်များသည် ဇူလိုင်လ ၁၇က်နေ့မှ စတင်ပြီး ဗီယက်နမ်သို့ လာရောက်ရေးအတွက် ဗီဇာလျှောက်ထားရန် မလိုတော့ကြောင်း သိရသည်။

ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ကြီး (UNWTO) ၏ အစီရင်ခံစာအရ ရွေးချယ်ထားသည့်နိုင်ငံများကို ဗီဇာ ကင်းလွတ်ခွင့်ပေးခြင်းကြောင့် ခရီးသွားလုပ်ငန်းမှာ ၈ မှ ၁၈ ရာခိုင်နှုန်းအထိ ကြီးထွားဖွံ့ဖြိုးလာနိုင်ပြီး ဗီယက်နမ်အတွက် တစ်နှစ်လျှင် ဒေါ်လာ သန်းရာပေါင်း များစွာ ဆောင်ကျဉ်းပေးလာနိုင်မည် ဖြစ်သည်ဟု ဆိုသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီးက ၎င်း၏ တွေ့ရှိချက်များကို လွန်ခဲ့သည့် ရက်သတ္တပတ်က ကျင်းပခဲ့သော ဗီယက်နမ်စီးပွားရေး ဖိုရမ်တွင် တင်ပြခဲ့သည်။  အကယ်၍ ဗီယက်နမ်အနေဖြင့် ဥရောပနိုင်ငံများ၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန် တို့ကို ဗီဇာကင်းလွတ်ခွင့်များပေးခဲ့ပါက ခရီးသွားလုပ်ငန်းတွင် ၁၀ရာခိုင်နှုန်း ကြီးထွားဖွံ့ဖြိုးလာဖွယ်ရှိနေသည်ဟု အဖွဲ့ကြီး၏ ခရီးသွားလုပ်ငန်းအလုပ်အဖွဲ့အကြီးအကဲ ကင် အတ်အင်ဆန်က ဖိုရမ်တွင် ပြောကြားခဲ့သည်။

ဧည့်သည်များ၏ ပျမ်းမျှနေထိုင်ရက် ၁၁.၃ ရက်နှင့်တွက်လျှင် ကမ္ဘာလှည့်များက ၎င်းတို့၏ ခရီးစဉ်တွင် လေယာဉ်လက်မှတ်မပါ ကန်ဒေါ်လာ ၁၁၅၀ သုံးစွဲဖွယ်ရှိသည်ဟု အတ်ကင်ဆန်က ခန့်မှန်းတွက်ချက်ပြသည်။ ဤနှုန်းဖြင့်တွက်လျှင် နိုင်ငံအတွက် တစ်နှစ်လျှင် ကန်ဒေါ်လာ သန်း၂၀၀ ဝင်ငွေရရှိနိုင်ပြီး၊ ဤပမာဏမှာ နှစ်စဉ် ပြည်ဝင်ခွင့်ဗီဇာကြေးဝင်ငွေ ကန်ဒေါ်လာ ၁၁သန်းထက် ၁၈ဆပိုနေသည်။   

စာရင်းတွက်ချက်မများအရ ဇန်နဝါရီလမှစတင်မည့် ဗီဇာကင်းလွတ်ခွင့်ရနိုင်ငံများမှ ဧည်သည့် နှစ်စဉ် ၅ ရာခိုင်နှုန်းတိုးပြီးရောက် လာဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly