ပုံမှန်မဟုတ်သော လိင်ဆက်ဆံနည်းဖြင့် မုဒိမ်းမှုများ ကျူးလွန်ခဲ့သည့် မလေးရှား ဒုစရိုက်နှိမ်နင်းရေး အကြီးအကဲ ထောင်နှစ် ၁၀၀ ပြစ်ဒဏ်ချမှတ်ခံရ

ပုံမှန်မဟုတ်သော လိင်ဆက်ဆံနည်းဖြင့် မုဒိမ်းမှုများ ကျူးလွန်ခဲ့သည့် မလေးရှား ဒုစရိုက်နှိမ်နင်းရေး အကြီးအကဲ ထောင်နှစ် ၁၀၀ ပြစ်ဒဏ်ချမှတ်ခံရ

ကိုတာကီနာဘာလူ၊ ဒီဇင်ဘာ - ၂၃ ။            ။ မလေးရှားနိုင်ငံ၏ ဒုစရိုက်နှိမ်နင်းရေး အကြီးအကဲဟောင်းတစ်ဦးအား ၁၃ နှစ်အရွယ် မိန်းခလေးတစ်ဦးကို ပုံမှန်မဟုတ်သော လိင်ဆက်ဆံနည်းဖြင့် မုဒိမ်းကျင့်ခဲ့မှုအတွက် ကြိမ်ဒဏ် ၁၅ချက်နှင့် ထောင်ဒဏ် အနှစ် ၁၀၀ ချမှတ်ခဲ့သည်။

ကလေးနှစ်ယောက်တို့၏ ဖခင် အသက် ၅၆နှစ်အရွယ် ဒုရဲမှူး ရိုဟိုင်းဇက် အဗ္ဗဒဲ အနီကို ၂၀၁၂ခုနှစ် ဖေဖော်ဝါရီနှင့် မေလများအတွင်း မုဒိမ်းမှု၊ ဖောက်ပြန်စွာ လိင်ဆက်ဆံမှု စွဲချက်၄ခုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

ဆက်ရှင်တရားသူကြီး အိုင်နယ် ရှာရင် မိုဟာမတ်က စွဲချက်တစ်ခုစီအတွက် အမြင့်ဆုံးပြစ်ဒဏ် ထောင် အနှစ်၂၀ ချမှတ်ခဲ့သည်။

ရိုဟိုင်းဇက်ကို ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ကိုတာ ကီနာဘာလူမှ တန်မင်းဆက်ဟိုတယ် အခန်းတစ်ခုထဲ၌ မိန်းခလေးတစ်ယောက်ကို ပုံမှန်မဟုတ်သော လိင်ဆက်ဆံနည်းဖြင့် မုဒိမ်းကျင့်မှု အတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ နောက်တစ်ရက်တွင်လည်း ထိုဟိုတယ်၌ပင် မိန်းခလေးတစ်ယောက်ကို ထပ်မံမုဒိမ်းကျင့်မှုအတွက်လည်း အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ မေ၁ရက်နှင့် ၆ရက်ကြားတွင်လည်း ထိုဟိုတယ်၌ပင် နောက်ထပ် မိန်းခလေးတစ်ယောက်ကို ထပ်မံ မုဒိမ်းကျင့်ခဲ့သည်ဟု ဆိုသည်။

ရိုဟိုင်းဇက်မှာ ပထမစွဲချက်နှစ်ခုအတွက် ထောင်ဒဏ် နှစ်၂၀၊ နောက်စွဲချက်၃ခုအတွက် တစ်ခုလျှင် နှစ် ၂၀စီနှင့် စုစုပေါင်း ထောင်ဒဏ် နှစ်၈၀ ကျခံရမည်ဖြစ်သည်။ တရားသူကြီးက စီရင်ချက်ကို ဖတ်ကြားနေစဉ်တွင် ရိုဟိုင်းဇက်မှာ တစ်စက်ကလေးမျှ တုန်လှုပ်ဟန်မပြခဲ့ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly